Saturday, April 27, 2024

၁၀ တန်းအောင် ထူးချွန်ကျောင်းသားလေးများအား နမ့်ခုံးပရဟိတအသင်းမှဂုဏ်ပြု

Must read

နမ့်ခုံး သျှမ်းများပရဟိတအသင်းဝင်သားသမီးများ၏ တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုပွဲတရပ်ကို တောင်ကြီးမြို့ တွင်ကျင်းပခဲ့သည်။

ဂုဏ်ပြုခံရသည့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား စိုင်းတင်းခေး

“ဒီနှစ် နမ့်ခုံးအသင်းကနေ ၁၀ တန်းကိုထူးချွန်စွာနဲ့အောင်မြင်ခဲ့တဲ့ ကျောင်းသား ၁၅ ဦးကို ဆုချီးမြှင့်တယ်။ ၆ ဘာသာဂုဏ်ထူးရှင် ၅ ဘာသာဂုဏ်ထူးရှင်တွေရှိတယ်။ ကလေးအများစုကတော့ တောင်ကြီးမြို့ထဲကဘဲ။ ”- ဟု နမ့်ခုံးသျှမ်းများပရိဟိတအသင်းဥက္ကဌ စိုင်းထွန်းမြ ကပြောသည်။

အခမ်းအနားကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကျင်းပရာ တောင်ကြီးမြို့သျှမ်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးအသင်း၊ တောင်ကြီးမြို့ခံများနဲ့ကျောင်းသားမိဘ များတက်ရောက်ခဲ့ကြသည်။

“ပညာသင်ချိန်မှာပညာသင်စေချင်ပါတယ်။ ကျနော့အနေနဲ့တော့ ဥပဒေပိုင်းနဲ့ပတ်သက်ပြီး ဆက်လက်လေ့လာသင်ယူမှာ။ ဥပဒေအကြောင်းနားမလည်ရင် ကျနော်တို့ အဖိနှိပ်ခံရမယ်။ ”- ဟု ဂုဏ်ပြုခံရသည့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား စိုင်းတင်းခေးက ပြောသသည်။

“သူတို့တွေ ကို ဂုဏ်ပြုချီးမြှင့်ရတဲ့အကြောင်းရင်းကတော့ သူတို့ ကြီးလာရင် လူမှုရေးအသင်းအဖွဲ့ တွေမှာပါ၀င်လှုပ်ရှားချင်တဲ့စိတ်ရှိလာအောင် ၊ ဦးဆောင်ဦးရွက်ပြုချင်တဲ့စိတ်ရှိ လာအောင်ရည်ရွယ်ပါတယ်။ ၁၀ တန်းအောင်ကလေးတွေကို ကျနော်တို့ နှစ်တိုင်း ဂုဏ်ပြုအခမ်းအနားလေး ပြုလုပ်ပေးခဲ့ပါတယ်” – ဟု စိုင်းထွန်းမြ ကပြောသည်။

နမ့်ခုံးသျှမ်းများပရဟိအသင်းကို ၁၉၈၉ ကတည်းက စတင်ဖွဲ့စည်းလာခဲ့သည်။ ဒေသတွင်းသာရေးနာရေးများတွင်ကူညီမှုများပေးသည့်အပြင် လူထုကျန်းမာရေးအတွက်လည်း အခမဲ့ဆေးကုသမှုများပြုလုပ်ပေးခဲ့သည်။

ပညာသင်ရန်အခွင့်အလှမ်းအခက်အခဲရှိသော သျှမ်းပြည်ဒေသအသီးသီးမှ ထူးချွန်ထက်မြက်သောကျောင်းသားလေးများအား ကျောင်းဆက်လက်တက်နိုင်ရေးအတွက် ကူညီထောက်ပ့ံမှုများပေးခဲ့သည်။ လက်ရှိတွင် တောင်ကြီးဗဟိုအသင်းအပြင် သျှမ်းပြည်အနှံ့ အသင်းခွဲပေါင်း ၁၄ သင်းရှိပြီဖြစ်ကြောင်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article