Sunday, May 19, 2024

ဆရာမ

ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး

သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုနမ့်ရွာအတွင်း နေထိုင်သည့် ကလေးငယ်တစ်ဦး ဆရာမက ညိုမဲအောင် ရိုက်နှက်ခဲ့သော်လည်း လက်ရှိအချိန်ထိ အရေးယူမှု မရှိသေးကြောင်း စုံစမ်းသိရသည်။ ထိုရိုက်နှက်သည့် ညိုမဲသည့် ဒဏ်ရာကြောင့် ကလေးငယ်သည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြသာနာ ကြုံတွေ့နေရကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အခု လူကြောက်နေတယ်။ စကားမပြောရဲဘူး။ မျက်နှာလည်း...

ကလေး “စာမရတာ” ညိုမဲထိ ရိုက်နှက်ခွင့်ရှိလား

ကျောင်း ဝတ်စုံ အဖြူ၊ အစိမ်း ဝတ်ဆင်ပြီး ကုတင်ပေါ်မှာ လဲလှောင်းကာ နာကျင်တဲ့ ဝေဒနာကို ကြိတ်ခံရင်း နှုတ်ကနေ  တချက်ချက် တိုးတိတ်စွာ ငြီးငြူနေပါတယ်။ အဲ့ဒီ နာကျင်မှုတွေနဲ့ ငြီးငြူနေတဲ့သူကတော့ အသက် ၇ နှစ်အရွယ် သာရှိပြီး  မိုင်းရှူးမြို့နယ် ဟိုနမ့်ကျေးရွာက အခြေခံ မူလတန်းကျောင်းမှာ ပထမတန်းကျောင်းတက်နေသူဖြစ်ပါတယ်။  လွန်ခဲ့တဲ့ အောက်တိုဘာ ၉ရက်မှာ ကျောင်းမှာ...

အေးသာယာ ဆရာမ ၂ ဦး နှင့် ရွှေညောင် ဆရာမ ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမှ ဆရာမ ၂ ဦး နှင့် ရွှေညောင်မှ ဆရာမ ၁ ဦးကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၄) ရက် ည ၈ နာရီဝန်းကျင်တွင် Kaung For You နှင့်...

ပညာရေးအလင်းတန်းပျောက်နေဆဲ လက်ရှိသျှမ်းပြည်

ကိုဗစ်ရောဂါ နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ၂ နှစ်နီးပါးကြာအောင်ပိတ်ထားတဲ့ အစိုးရစာသင်ကျောင်း ဟာ နို၀င်ဘာလ ၁ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ပေးလိုက်ပါတယ်။ သျှမ်းပြည် မြို့နယ် ၅၅ မြို့နယ် မှာ ၂၆ မြို့နယ်က ကျောင်းဖွင့်ခွင့်မရသေးပါဘူး။ ဒီအခြေအနေအပေါ် ကျောင်းသားမိဘတွေ၊ ကျောင်းသူ ကျောင်းသားတွေ ဆရာ ဆရာမ...

ကျောက်မဲမြို့စာသင်ကျောင်းတွင် အရပ်၀တ် ဆရာ/ဆရာမများ ကျောင်းအပ် လက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိအခြေခံပညာစာသင်ကျောင်းများတွင် အရပ်၀တ်ဖြင့် ကျောင်းဆရာများက ယနေ့ကျောင်းအပ်လက်ခံနေပြီး တပ်မိသားစုအနည်းငယ်သာ ကျောင်းအပ်နေကြောင်းသိရသည်။ စစ်ကောင်စီမှ ကျောင်းအပ်ရန် ကြေငြာထားသော ယနေ့ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းကစပြီး ကျောက်မဲမြို့ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ ရဲနှင့်တပ်သားများက လုံခြုံရေးစောင့်ကြပ်ကာ အရပ်ဝတ်ဖြင့်    ဆရာ/ဆရာမများက  ကျောင်းအပ် လက်ခံနေကြောင်း ကျောက်မဲဒေသခံများကပြောသည်။  “စစ်ကောင်စီက...

မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာ ကျောင်းသား ၁၆ ဦးကို မစင်သုတ်လိမ်းသည့် ဆရာမတဦး တိုင်ကြားခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပန်းဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ နမ့်တောင်းကျေးရွာ အထက်တန်းခွဲ၌ လပတ် စာမေးပွဲကျသည့် စတုတ္ထတန်းကျောင်းသား ၁၆ ဦးကို ဆရာမ တဦးက မစင်သုတ်လိမ်းသဖြင့် ကျောင်းသားမိဘများက တိုင်ကြားထားသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်နေ့က  စာမေးပွဲ အောင်သည့် ကျောင်းသား...

Latest news