စစ်ဆေးရေးဂိတ်
ဟိုပုံး – ကျောက်တန်းလမ်း PNA စစ်ဆေးရေးဂိတ် တပ်သား အင်အားဖြည့်
သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းအသစ်တွင် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) က စစ်ဆေးရေး ဂိတ် ဖွင့်လှစ်ပြီး အင်အားဖြည့်တင်းနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူများက ပြောပြသည်။ “ဒီစစ်ဆေးရေးဂိတ်က အရင်ကတည်းက ရှိခဲ့တယ်၊ ဒါပေမဲ့ စစ်သားတွေ ဒီလောက်မရှိခဲ့ဘူး၊ ဒီနေ့ ကျနော်က...
မိုင်းကိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ ဝါးတားဂိတ် ပြုလုပ်ပြီး စစ်ဆေးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည့်ကြား စစ်ကောင်စီဘက်မှ ဝါးတားဂိတ် (၂)နေရာ ထပ်မံ ပြုလုပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတို့ လာလုပ်ထားသည့် ဝါးတားဂိတ်များမှာ မိုင်းကိုင်မြို့ ရပ်ကွက်(၆) လွယ်လိုင် အောင်မင်္ဂလာကျောင်းတိုက်ရှေ့တွင် တစ်နေရာရှိပြီး ဒေသအခေါ် လွယ်မော (ကတ်ဖွီးကျေးရွာ) သွားသည့်ဘက်တွင် တစ်နေရာ ဖြစ်ကြောင်း သိရသည်။ “လွယ်လိုင်...
မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ စစ်ဆေးရေးဂိတ် (၂)နေရာရှိ ခရီးသွားလာ ကြန့်ကြာ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့များရဲ့ စစ်ဆေးရေးဂိတ် (၂)နေရာခန့် ရှိနေသဖြင့် ခရီးသွားပြည်သူများ အသွားအလာ ကြန့်ကြာမှုကြုံနေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဆေးရေးဂိတ်မှာ လွိုင်လင် - လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပန်ကေတုကျေးရွာနှင့် တုံလောကျေးရွာ သွားသည့်လမ်းတွင် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ SSPP စောင့်နေသည့်ဂိတ်နှင့် ပန်ကေတုကျေးရွာမှာ စစ်ကောင်စီတပ်...
ကိုဗစ် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ သေနတ်ကိုင်ပြီးစောင့်
SHAN -
သျှမ်းပြည်တဝှမ်း ရှိ ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ်နေရာများတွင် စစ်ကောင်စီ တပ်သားများက သေနတ်ကိုင်ပြီး ဂိတ်စောင့်နေကြောင်း စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ တတိယလှိုင်းပြန့်ပွားမှုကြောင့် မြို့ဝင်၊မြို့ထွက် ကိုဗစ် -၁၉ စစ်ဆေးရေးဂိတ်များ ပြန်ဖွင့်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် စောင့်နေလျက်ရှိကြောင်း သိရသည်။ “ စစ်ဆေးရေးဂိတ်မှာက...
ကလောမြို့နယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၂ဦး တွေ့ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကားသမား များကို ယနေ့ (အောက်တိုဘာ ၃)ရက်တွင် test kits ဖြင့် စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂ ဦး တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၃ ရက် မနက်...






