တောင်ကြီးမြို့ ဝင်/ထွက် ဂိတ်များ စစ်ဆေး တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အဝင်အထွက်တွင် ယခုရက်ပိုင်း စစ်ကောင်စီလက်အောက်ခံ တပ်သားများသည် ခရီးသွားပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကို စစ်ဆေးမေးမြန်းမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ‌ တောင်ကြီးမြို့ဝင် မြို့ထွက်များဖြစ်သည့် တောင်ကြီး (၄)မိုင် ဂိတ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွား ကားများကို ပုံမှန်စစ်သော်လည်း သင်္ကြန် ကျင်းပရန် ရက်နီးလာသည့်အတွက် စစ်ဆေးမေးမြန်းမှု ပိုမို တင်းကြပ်လာကြောင်း ခရီးသွားတစ်ဦးက ပြောသည်။

“ပုံမှန်တော့ စစ်နေတယ်။ သင်္ကြန်ရှေ့ ပိုပြီးတော့ စစ်ဆေးမေးမြန်းတာ ပိုကြမ်းတယ်။ ဆိုင်ကယ်ဆို ဆိုင်ကယ် တူးဘောက်တွေ စစ်တာ။ လူငယ်‌တွေကို ပိုပြီးတော့ အဓိကထား စစ်တာတွေ့ရတယ်။ ဖုန်းထဲက VPN တွေ စစ်တယ်။ ကားတွေဆို မြို့ထဲဝင်ဖို့ တန်းစီပြီး စောင့်နေရတာ အများကြီးပဲ” ဟု တာချီလိတ် – တောင်ကြီး လိုင်းကားမောင်းသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယခုလို စစ်ဆေးမေးမြန်းမှု တင်းကြပ်သောကြောင့် ခရီးသွားလာမှု ကြန့်ကြာမှုရှိကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောသည်။

“တောင်ကြီးအဝင် ဂိတ်မှာ ယာဉ်လိုင်စင်တွေ၊ မှတ်ပုံတင်တွေ ကိုဗစ် ကာကွယ်ဆေး လက်မှတ်တွေ အရမ်းစစ်တယ်။ အရမ်းလည်း ရစ်တယ်။ လူကိုအော်လိုက်ငေါက်လိုက်နဲ့ပဲ။ သူတို့ တောင်းကြည့်တာ အစုံမပါရင် ငွေတောင်းတယ်။ ကျမတို့က အစုံရှိထားတော့ မပေးလိုက်ရဘူး” ဟု ခရီးသွား အမျိုးသမီးတစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း ပြည်သူများ စစ်ကောင်စီမှ ကျင်းပပြုလုပ်မည့် သင်္ကြန် မပါဝင်ရန်အတွက် NUG အစိုးရမှလည်း တိုက်တွန်းထားမှုရှိကြောင်း သိရှိရသည်။

“အများစုတော့မလည်ရဲဘူး၊ ဗုံးပေါက်မှာစိုးလို့ပြောကြတယ်။ ကျနော်တို့ လည်ဖို့ မစဉ်းစားထားဘူး ကြောက်တယ်။ တစ်ခုခုဖြစ်ရင် ဘယ်သူမှ လုံခြုံရေးမယူပေးနိုင်ဘူး” ဟု တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် မြို့ဝင်မြို့ထွက်များတွင် လူငယ်များကို အဓိကထားပြီး စစ်ဆေး မေးမြန်းမှုရှိခြင်း၊ စစ်ကောင်စီကို ဆန့်ကျင် ရေးသားထားသော အသုံးအနှုန်းများရှိလျှင် ဖမ်းဆီးမှုရှိခြင်း၊ မှတ်ပုံတင် စစ်ဆေးခြင်းများကို စစ်ကောင်စီလက်အောက်ခံ တပ်သားများက စစ်ဆေးကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...