Wednesday, January 28, 2026

ကလောမြို့နယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၂ဦး တွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကားသမား များကို ယနေ့ (အောက်တိုဘာ ၃)ရက်တွင် test kits ဖြင့် စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂ ဦး တွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

Photo by Eagle White/ facebook

အောက်တိုဘာ ၃ ရက် မနက် ၆ နာရီ မှ ညနေ ၄ နာရီထိ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ (၃၉၉) ဦး စစ်ဆေးရာမှာ ကိုဗစ် -၁၉ အတည်ပြု လူနာ ၂ ဦးတွေ့ရှိခဲ့ကြောင်း သျှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ထံမှ စုံစမ်းသိရှိရသည်။

“ခုလောလောဆယ် မနက် ၆ နာရီမှ ၉ နာရီထိ စစ်ဆေးပေးသွားပါတယ်။ ညနေ ၄ နာရီထိ ၃၉၉ ယောက် စစ်ဆေးထားပြီးဖြစ်ပါတယ်။ ပိုးတွေ့ရှိမှုကို ပြည်နယ် ကျန်းမာရေး Page ကနေ ဖော်ပြသွားပါမယ်” ဒေါက်တာ ဇဝနကို ကပြောသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးမှာ တောင်ကြီး-ရန်ကုန် အဝေးပြေးယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တဦးဖြစ်ပြီး၊ ကျန်တဦးမှာ ၁၂ဘီး ကုန်တင်ယာဉ်မောင်း တဦးဖြစ်ပြီး ထို ၂ဦး နှင့် ထိတွေ့ ဆက်စပ်သည့် သူများကို လိုက်လံမေးမြန်းထားကြောင်း သိရသည်။

Photo by Eagle White / facebook

စက်တင်ဘာ ၂၉ ရက်တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ယာဉ်မောင်းတဦး ကိုဗစ်-၁၉ စတင်တွေ့ရှိခဲ့ပြီးနောက် သျှမ်းပြည်အတွင်းသို့ ကုန်တင်ယာဉ် ဝင်ရောက်မှုကို သက်ဆိုင်ရာက တင်းကြပ်လိုက်ကြောင်း သိရသည်။

သျှမ်းပြည်တွင်း ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ယာဉ် နှင့် ယာဉ်နောက်လိုက်များကို test kit အခုရေ (၃၀၀၀) အသုံးပြုပြီး သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်း မှာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး သျှမ်းပြည်တွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်ပါက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန င (၂) ပတ်အတွင်း ထုတ်ပြန်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ( Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပြု မည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရ က ထုတ်ပြန်ထားသည်။

Rapid test kit သည် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးမှုကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စတင်အသုံးပြု ဆောင်ရွက်နေပြီဖြစ်ကြောင်း နာရီဝက်အတွင်း အဖြေရရှိနိုင်သည်ဟု သိရသည်။

သျှမ်းပြည်တောင်ပိုင်း စဝ်စံထွန်းဆေးရုံမှာ စက်တင်ဘာ (၂) ရက် ၈ နာရီက ထုတ်ပြန်ချက်အရ ပြည်ထောင်စု အားကစား နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လက်ရှိဆေးရုံမှာ ဆေးကုသမှု ခံယူထားနေသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦၤး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

0
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း...