စစ်ကောင်စီ

ကျိုင်းတုံမြို့ဝင်၊ထွက် ဂိတ်များ စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းရှေ့ ကျိုင်းတုံမြို့နယ် အဝင်၊ အထွက် ဂိတ်များတွင် စောင့်ဆိုင်းကာ အကြမ်းဖက် စစ်ကောင်စီအုပ်စုမှ ပြည်သူများကို တင်းကြပ်စွာ စစ်ဆေးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ နိုင်ငံတော်၏ အာဏာကို စစ်တပ်မှ သိမ်ယူပြီး ဖေဖော်ဝါရီ ၁ရက် မှစတင်ကာ ကျိုင်းတုံမြို့နယ်အတွင်း စစ်ဆေးမှု တင်းကြပ်လာသော်လည်း ယခုရက်ပိုင်းမှာ စစ်အင်အား...

နမ့်ခမ်းမြို့နယ် အာဏာသိမ်းစစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင် နမ့်ခမ်းမြို့နယ် ပန်ခါး နှင့် မန်းပန်အွယ်လောကျေးရွာ ကြားတွင် ယနေ့ (မတ် ၂၅) ရက် မနက်ပိုင်းအချိန်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် တအောင်းအမျိုးသားလွတ်လပ်ရေး တပ်မတော် TNLA တို့ တိုက်ပဲွဲ ပြင်ထန်းစွားဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အာဏာသိမ်းစစ်ကောင်စီမှ နမ့်ခမ်းမြို့မှ ပန်ခါးကျေးရွာဖက် သို့ လက်နက်ကြီးဖြင့်...

တောင်ကြီးမြို့ အမျိုးသားတဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတဦး ကို အကြမ်းဖက် စစ်ကောင်စီ က ယနေ့ (မတ် ၂၄)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ဖမ်ဆီးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါဖမ်းဆီးခံရသည့် အမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိ ဦးကျော်သူဖြစ်ပြီး၊ ထိုသူကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ က...

ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား သတင်းထောက် ပြန်လည်လွတ်မြောက်လာ

တောင်ကြီးမြို့တွင် သတင်းရယူနေစဉ် ဖမ်းဆီးခံထားရသည့် ပိုလန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်တစ်ဦး ယမန်နေ့ (မတ် ၂၂ ရက်)တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ပိုလန်နိုင်ငံသားဓာတ်ပုံသတင်းထောက်ကို အကြမ်းဖက် စစ်ကောင်စီ က လဝက အက်ဥပဒေ ၁၃(၁)ဖြင့် တောင်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး၊ ဒဏ်ငွေကျပ် ၂သိန်း...

နောင်ချိုလူထုသပိတ်ပါဝင်သည့် လူငယ်၂ဦးကို စစ်ကောင်စီက ကားဖြင့်တိုက်ပြီး၊ ရိုက်နှက်ဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် လူထုသပိတ် အပြီးတွင် ဆိုင်ကယ်နှင့် လူစုခွဲလာသော လူငယ်၂ဦးကို အကြမ်းဖက်စစ်ကောင်စီ က အရပ်သားကားဖြင့် တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ အကြမ်ဖက် အာဏာသိမ်း စစ်ကောင်စီ မှ ကားဖြင့်တိုက်လိုက်ပြီးဖမ်းသွားသည့် လူငယ် ၂ဦမှာ ကိုညီညီ နှင့် ကိုအောင်ခန့်မင်းတို့ဖြစ်ပြီး၊...

တောင်ကြီး ငြိမ်းချမ်းစွာဆန္ဒပြသည့်လူထုသပိတ် စစ်ကောင်စီဖြိုခွင်း၊ ၈ဦးဒဏ်ရာရ

တောင်ကြီးမြို့ ရတနာ သီရိရပ်ကွက် အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ က ယနေ့ (မတ် ၂၁)ရက် နေ့လည်ပိုင်းမှာ ရာဘာကျည်ဖြင့် အကြမ်းဖက်ဖြိုခွင်းကာ ပြည်သူ ၈ဦး ခန့် ဒဏ်ရာရရှိပြီး၊ တစ်ဦးဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ လက်ရှိအချိန်ထိ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွ့ဲက...

အောင်ပန်း သပိတ်စစ်ကြောင်း ၂ဦး ကျည်ထိ ကျဆုံး၊ ဒဏ်ရာရသူအများအပြားရှိ

သျှမ်းပြည်မြောက်ပိုင်း အောင်ပန်းမြို့ ယနေ့ (မတ် ၁၉ )ရက် မနက်ပိုင်းတွင် လူထုသပိတ် စစ်ကြောင်း ကို စစ်ကောင်စီ မှ သေနတ်ပစ် ဖြိုခွင်းမှုကြောင့် ပြည်သူ ၂ဦး ကျဆုံးသွားကြောင်း သတင်းရရှိသည်။ ယနေ့(မတ် ၁၉ )ရက် မနက်ပိုင်းတွင် အောင်ပန်းလူထုသပိတ်စစ်ကြောင်း ကို စစ်ကောင်စီ...

မိုးဗြဲမြို့အတွင်းရှိ ကျေးရွာတချို့ စစ်ကောင်စီ တပ်စွဲ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

သျှမ်း-ကယား နယ်စပ် သျှမ်းပြည် မိုးဗြဲမြို့အတွင်းရှိ တောင်ခြေ တကြောရှိ ကျေးရွာတချို့ တွင် ယမန်နေ့ (မတ် ၁၇) ရက်ကစကာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ လာရောက်တပ်စွဲနေသဖြင့် ဒေသခံများစိုးရိမ်ကာ ရွာလုံးကျွတ် လုံခြုံရာသို ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မိုးဗြဲမြို့နယ် တောင်ခြေ တွင်တည်ရှိသည့် ဖလိုင်ရွာ...

မိုင်းယော် သေနတ်ပစ်သတ်ခံရသူ ကို စစ်ကောင်စီ တပ်မှ လျော်ကြေးငွေ ၅သိန်းပေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် နမ့်ဟိုင်းကျေးရွာ တွင် စစ်ကောင်စီ၏ တပ်မ (၈၈) က အသက် ၆၀ကျော် အမျိုးသား တဦးကို မတ် ၁၁ရက်တွင် သေနတ်ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေ (၅)သိန်း လာပေးသွားကြောင်း သတင်းရရှိသည်။ မိုင်းယော်တိုက်နယ် နမ့်ဟိုင်းကျေးရွာတွင် မတ် ၁၁ရက်...

တောင်ကြီး စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ကားကြီးဖြင့်လိုက်တိုက်၊ တဦးသေဆုံး ဟု သတင်းထွက်ပေါ်နေ

တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၇)ရက် မနက်၈နာရီဝန်းကျင်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ကားကြီးဖြင့် လိုက်လံတိုက်သည့်အတွက် ယာဉ်တိုက်မှုဖြစ်ကာ လူတဦး သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ် ၁၇)ရက် မနက် ၈နာရီဝန်းကျင် တွင် တောင်ကြီးမြို့ မင်းလမ်းရှိ အင်းဝဘဏ် အနီးတဝှိက်၌...

Latest news