Thursday, December 5, 2024

မိုင်းယော် သေနတ်ပစ်သတ်ခံရသူ ကို စစ်ကောင်စီ တပ်မှ လျော်ကြေးငွေ ၅သိန်းပေး

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် နမ့်ဟိုင်းကျေးရွာ တွင် စစ်ကောင်စီ၏ တပ်မ (၈၈) က အသက် ၆၀ကျော် အမျိုးသား တဦးကို မတ် ၁၁ရက်တွင် သေနတ်ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေ (၅)သိန်း လာပေးသွားကြောင်း သတင်းရရှိသည်။

မိုင်းယော်တိုက်နယ် နမ့်ဟိုင်းကျေးရွာတွင် မတ် ၁၁ရက် နေ့လည်ပိုင်း၌ အသက် (၆၀)ကျော် အမျိုးသား တဦးကို တပ်မ (၈၈) က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း၊ ထိုပစ်သတ်ခံရသူ၏ မိသားစုကို လျော်ကြေးငွေ (၅)သိန်းပေးခဲ့ကြောင်း မိုင်းယော်ဒေသခံ တဦးက ပြောသည်။

“ ရွာသား တယောက် ကို တပ်က သေနတ်ပစ်သတ်လိုက်တာ ဟုတ်ပါတယ်။ လျော်ကြေးငွေ (၅)သိန်းလာပေးသွားတယ်။ ဖြစ်တဲ့အကြောင်းရင်း အတိအကျတော့ မသိရဘူး” ဟု မိုင်းယော်တိုက်နယ် က ဒေသခံ တဦးကပြောသည်။

တပ်မ (၈၈)သည် ကျေးရွာအတွင်းသို့ ရောက်လာစဉ် သေနတ်ပစ်ခံရသည့် အသက် (၆၀)ကျော် အမျိုးသားကို လှမ်းခေါ်ရာ ထိုအမျိုးသားက ကြောက်လန့်ပြီး ဓားပြလိုက်သဖြင့် စစ်သားက သေနတ်ပစ်လိုက်ကြောင် သိရသည်။

ထို့အပြင် လက်ရှိမှာ မိုင်းယော်တိုက်နယ် အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ရင်း အင်အား (၃၀၀) ကျော်သည် မတ် ၁၆ရက် နေ့လည်ပိုင်းတွင် ရောက်ရှိလာပြီး မြန်မာ့တပ်မတော်လည်း လားရှိုးဘက်မှ စစ်အင်အား ထပ်မံလာရောက်ဖြည့် နေကြောင်းသိရသည်။

ထို့ကြောင့် မိုင်းယော်နယ်မြေ အတွင်း တိုက်ပွဲများဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်းလည်း မိုင်းယော်ဒေသခံများက ပြောသည်။

“ မြောက်ပိုင်းမဟာမိတ်တွေ ၃ရက်ရှိပြီ ရောက်နေတာ။ တပ်ကလည်း အင်အားလာဖြည့်တယ်။ မြောက်ပိုင်းမဟာမိတ်ကို တော့ တပ်ဆုတ်ဖို့ အကြောင်းကြားထားတယ်။သူတို့ မဆုတ်ရင်တော့ တိုက်ပွဲဖြစ်လာနိုင်တယ်” ဟု လည်း မိုင်းယော်တိုက်နယ် ဒေသခံ တဦးက ဆိုသည်

Leave a Comments

- Advertisement -spot_img

Latest article