Sunday, May 5, 2024

မိုးဗြဲမြို့အတွင်းရှိ ကျေးရွာတချို့ စစ်ကောင်စီ တပ်စွဲ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

သျှမ်း-ကယား နယ်စပ် သျှမ်းပြည် မိုးဗြဲမြို့အတွင်းရှိ တောင်ခြေ တကြောရှိ ကျေးရွာတချို့ တွင် ယမန်နေ့ (မတ် ၁၇) ရက်ကစကာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ လာရောက်တပ်စွဲနေသဖြင့် ဒေသခံများစိုးရိမ်ကာ ရွာလုံးကျွတ် လုံခြုံရာသို ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

သျှမ်းပြည် မိုးဗြဲမြို့နယ် တောင်ခြေ တွင်တည်ရှိသည့် ဖလိုင်ရွာ နှင့် လယ်ထွန်ကျေးရွာတွင် စစ်ကား(၇)စီး၊ စစ်အင်အား ၂၀၀ ကျော်တို့က လာရောက် တပ်စွဲသဖြင့် ဒေသခံများက စိုးရိမ်ကာ နေရပ်စွန်ခွာ တိမ်ရှောင်နေရကြောင်း မိုးဗြဲဒေသခံများ ပြောပြချက် အရသိရသည်။

“ လက်ရှိမှာတော့ ဖလိုင်ရွာ က ခရစ်ယာန်ဘုရားကျောင်းနဲ့ လယ်ထွန် ကျေးရွာက စာသင်ကျောင်းမှာ တပ်တွေ စခန်းချနေပါတယ်။ အဲ့ဒေသခံတွေက အဆွဲခံရမှာစိုးရိမ်လို့ လွတ်ရာကို ရွှေ့ပြောင်းနေကြတယ်” ဟု မိုးဗြဲဒေသခံ အမျိုးသား တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ ကျေးရွာအတွင်းမဝင်လာရန် အတွက် ဒေသခံပြည်သူများ က လူစုပြီး ဆန္ဒထုတ်ဖော်ခဲ့ရာ ရဲ၊စစ်သားများက မျက်ရည်ယိုဗုံး၊ ရာဘာကျည်၊ အသံဗုံးတို့ဖြင့် ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

“ မနေ့က ကျနော်တို့ သူတို့ကို ပြည်သူများက စုပြီး ဆန္ဒပြတော့ သူတို့က လက်နက်တွေသုံးတယ်။ နောက် ပြည်သူတွေက မျက်ရည်ယိုဗုံးဒဏ်မခံနိုင်တော့လိုနောက်ဆုတ်ခဲ့ရတယ်” ဟု မိုးဗြဲဒေသခံအမျိုးသား က ထပ်လောင်းပြောသည်။

လက်ရှိမှာ စစ်ကောင်စီ လက်နက်ကိုင်များသည် မိုးဗြဲမြို့နယ် ဖလိုင်ရွာ နှင့် လယ်ထွန်ရွာတွင် မည်သည့်အကြောင်းကြောင့် တပ်လာစွဲ နေထိုင်နေသည်ကို ဒေသခံများက မသိရှိသေးပေ။

Leave a Comments

- Advertisement -spot_img

Latest article