Friday, April 26, 2024

TNLA

လားရှိုးမြို့ပေါ် ထိ TNLA စစ်သားကောက်ယူနေ၊ သျှမ်းလူမျိုးများပါ ဖမ်းဆီးခေါ်သွား

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ်သို့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က စစ်သားသစ်အတွက် ပြည်သူများကို ဝင်ရောက်ဖမ်းဆီးရာတွင် သျှမ်းလူမျိုးများပါဝင်ကြောင်း စုံစမ်းသိရသည်. ပြီးခဲ့သည့် သောကြာနေ့ (မေလ ၁၁ ရက်နေ့) တွင် လားရှိုးမြို့ အမှတ် (၁၀) နှင့်...

မူဆယ်မြို့နယ် တီးမရွှေတွင်း TNLA ငွေလာကောက်သည့်အပေါ် KIA ကို စိန်ခေါ်နေသည်ဟုဆို

သျှမ်းပြည် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ ရွှေမှော်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) မှ လုံခြုံရေး ယူပေးထားသောနေရာကို TNLA အခွန်လာရောက်ကောက်ယူမှုသည် စိန်ခေါ်နေသည့်ပုံစံဖြစ်သည်ဟု ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ ရွှေတူးဖော်သည့်နေရာကို...

နေအိမ်ထဲ နေထိုင်ခွင့် မပေးသည့် အိမ်ရှင်ကို TNLA တပ်ဖွဲ့က သေနတ်မောင်းတင် ခြိမ်းခြောက်

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့သည် နေအိမ်ထဲ စခန်းချ နေထိုင်ခွင့် မပြုသည့် အိမ်ရှင်များကို သေနတ်မောင်းတင် ခြိမ်းခြောက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၉ ရက်တွင် နမ့်ခမ်းမြို့နယ် ဟိုပုံ (ဝၢၼ်ႈႁူဝ်ပုင်ႇ)ကျေးရွာ အတွင်းသို့...

နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး စစ်ရှောင်စခန်းအတွင်း TNLA စစ်သား ဝင်ရောက်နေထိုင်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားများက ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များ ထံမှ ဆန် တောင်းယူနေကြောင်း သိရသည်။ ယခု ရက်သတ္တပတ် အတွင်းတွင် မိုင်းဝီးဒေသရှိ စစ်ရှောင်စခန်းအတွင်းသို့ TNLA စစ်သားများ...

နမ္မတူမြို့နယ် ပြည်သူပိုင် သစ်တောမြေ နှင့် ယာမြေများကို TNLA တပ်ဖွဲ့က သိမ်းယူ

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်း ပြည်သူပိုင် မြေဧက ၁၀ နီးပါးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တပ်ဖွဲ့က သိမ်းယူလိုက်ကြောင်း သတင်း သိရသည်။ နမ္မတူမြို့နယ် ဆိုင်းခေါင်(ဝ်) ကျေးရွာ အုပ်စု (ဢိူင်ႇသၢႆးၶၢဝ်) မှ ကောင်းဆာကျေးရွာအတွင်းရှိ ဒေသခံ...

ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီး အများအပြား ပစ်ခတ်

သျှမ်းပြည် ကျောက်မဲခရိုင်အတွင်းတွင် တစ်ရက်တည်း အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်မှု ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီ ၁၉) ရက် ညနေပိုင်း ၇ နာရီမှ စတင်ကာ ကျောက်မဲမြို့နယ် မြောက်ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း...

လားရှိုးမြို့နယ် အတွင်း TNLA တပ်သားက ဒေသခံများထဲ ပိုက်ဆံ အတင်းအဓမ္မကောက်ခံ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စု နမ့်ဆော့ကျေးရွာထဲတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားက ဒေသခံပြည်သူများထံ ငွေ အတင်းအဓမ္မတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ ၁၂ ရက်တွင် TNLA တပ်သား (၄) ဦးသည် သေနတ်ဖြင့် နမ့်ဆော့ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး...

“ဝ” ခေါင်းဆောင်တို့၏ နိုင်ငံရေး စစ်ရေး ဦးဆောင်မှုကို ခံယူမည်ဟု PSLF/TNLA ထုတ်ပြန်ပြောဆို

သျှမ်းပြည်အတွင်း အခြေချ လှုပ်ရှားနေသည့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF / TNLA တပ်ဖွဲ့ သည် “ဝ” ခေါင်းဆောင်ကြီးများ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုများကို လေးနက်တည်ကြည်စွာ ခံယူမည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။ ယမန်နေ့ (ဧပြီ ၁၇) ရက်တွင် ကျရောက်သည့်...

နေဝန်းနီ စစ်ရှောင် လူငယ်များကို TNLA တပ်ဖွဲ့က တပ်သားသစ်အဖြစ် ခေါ်ဆောင်သွား

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ နေဝန်းနီ စစ်ဘေးရှောင်စခန်းမှ လူငယ်များကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က တပ်သားသစ် အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ လူငယ်များ စစ်သားအဖြစ် ခေါ်ဆောင်သွားခြင်း မခံရခင် အချိန် ပြီးခဲ့သည့်...

ရာသီဉတုဖောက်ပြန်မှုကြောင့် ယခုနှစ် လက်ဖက်အထွက်နှုန်းကျဆင်း၊ တောင်သူများ အရှုံးပေါ်နေ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်တွင် ရာသီဉတုဖောက်ပြန်မှုကြောင့် ယခုနှစ် ခြံတွင်းရှိ လက်ဖက် အထွက်နှုန်းကျဆင်းလာနေပြီး လက်ဖက်စိုက်တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လမှစ၍ လာမည့်မေလပိုင်းအထိ နမ့်ဆန်မြို့နယ်တွင်းရှိ လက်ဖက်စိုက် တောင်သူများသည် ပထမအကြိမ် ဖူးပွင့်သည့် ရွှေဖီဦးလက်ဖက်ကို စတင်ဆွတ်ခူးနေသည့် ကာလဖြစ်သည်။ ထို့သို့ ရွှေဖီဦးလက်ဖက်ကို စတင်ဆွတ်ခူးနေစဉ်ကာလအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊...

Latest news