အောင်ပန်းမြို့
အောင်ပန်းမြို့နေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ မိသားစုဝင်သုံးဦးကို ဓားစာခံအဖြစ် စစ်ကောင်စီတပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင် အောင်ပန်းမြို့ရှိ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၉၊ ငုဝါလမ်းတွင် ရှိသည့် နေအိမ်တစ်လုံးကို စစ်ကောင်စီတို့မှ...
အောင်ပန်းမြို့ ဒေသခံများကို စစ်ကောင်စီမှ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြု
SHAN -
သျှမ်းပြည်တောင်ပိုင်းအောင်ပန်းမြို့တွင် စစ်ကောင်စီတို့သည် အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုမှုရှိနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ အောင်ပန်းမြို့ နောင်ရဲကျေးရွာ တွင် အောင်ပန်း ပြည်သူ့ကာကွယ်ရေးတပ် ( ASDF) နှင့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်းတို့၏ လက်အောက်ခံ တပ်ဖွဲ့ဖြစ်သည့် အသွင်းပြောင်း ပအိုဝ်းပြည်သူ့စစ်(PNO)တို့ ယနေ့ (စက်တင်ဘာ...
အောင်ပန်းမြို့ စစ်မှုထမ်းဟောင်း၏ သမီးကို စစ်ကောင်စီ က အင်အားသုံး အကြမ်းဖက်ဖမ်းဆီး
SHAN -
သျှမ်းပြည် တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးဖြစ်သူကို စစ်ကောင်စီတို့က အင်အားသုံး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၁၅) ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ရှိ ရှမ်းမလေး ကုန်စိမ်းပွဲရုံ ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းတစ်ဦး၏ သမီးကို...
အောင်ပန်းမြို့ CDM မလုပ်ထားသည့် မီးရထား ဝန်ထမ်း တစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် သေဆုံး
SHAN -
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့တွင် CDM လုပ်ဆောင်ထားခြင်းမရှိသည့် မီးရထားဝန်ထမ်း (၁)ဦး ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၂၄)ရက် ညနေ (၄)နာရီဝန်းကျင်တွင် အောင်ပန်းမြို့ မှ ကုန်းလွင်ကျေးရွာသို့ သွားသည့် မီးရထားလမ်းဘေးရှိ ပြောင်းစိုက်ခင်းအနီးတွင် ဓားဖြင့်အချက်ပေါင်းများစွာ ထိုးခံထားရသည့် မီးရထားဝန်ထမ်း...
အောင်ပန်းမြို့ အမျိုးသမီးတဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ည ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကား(၅) စီးဖြင့် အောင်ပန်းမြို့ရှိ ညောင်ပင်ထောင်ရပ်ကွက်နေ ဒေါ်မာမာမြင့် ဆိုသူအား ၎င်း နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း အောင်ပန်းဒေသခံများ ပြောပြချက်အရသိရသည်။ “မနေ့ ည က စစ်ကား (၅)စီးနဲ့...
အောင်ပန်းမြို့ အမျိုးသားတဦး ကို စစ်ကောင်စီမှ သေနတ်ပစ်သတ်
SHAN -
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ တွင် အကြမ်းဖက်စစ်ကောင်စီမှ အမျိုးသားတဦးကို သေနတ်ပစ်သတ်ခဲ့ပြီး မိသားစုဝင်များကို အလောင်းသွားထုတ်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဧပြီ ၁၁ရက် ည (၁၁)နာရီ ဝန်းကျင်တွင် သူငယ်ချင်းဖြင့် သောက်စားပြီး နေအိမ်ပြန်လာသည့် ပန်းရံဆရာ သည် ဧည့်စာရင်း လိုက်လံ စစ်ဆေးနေသည့် အကြမ်းဖက်...





