Thursday, May 2, 2024

အောင်ပန်းမြို့ အမျိုးသမီးတဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား

Must read

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ည ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကား(၅) စီးဖြင့် အောင်ပန်းမြို့ရှိ ညောင်ပင်ထောင်ရပ်ကွက်နေ ဒေါ်မာမာမြင့် ဆိုသူအား ၎င်း နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း အောင်ပန်းဒေသခံများ ပြောပြချက်အရသိရသည်။

“မနေ့ ည က စစ်ကား (၅)စီးနဲ့ လာကြတယ်။ သူအိမ်မှာပဲနေတော့ အတင်းအကြပ်ပဲ ခေါ်သွားတယ်။ ခုနောက်ပိုင်း အောင်ပန်းမှာ အဲ့လိုတွေ ကြမ်းနေကြတယ်။ တခြားရပ်ကွက်တွေလည်း အတိအကျသာ မသိကြတာ ဝင်ဆွဲတာ ရှိတယ်” အောင်ပန်းဒေသခံ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အောင်ပန်းမြို့တွင် အကြမ်းဖက် စစ်တပ်မှ သပိတ်စစ်ကြောင်းများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊သေနတ်ပစ်ဖောက်ခြင်း၊ သပိတ်ခေါင်းဆောင်များ လိုက်လံ ဖမ်းဆီးခြင်း ၊ ကျောင်းသားများ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည့်အတွက် သပိတ်စစ်ကြောင်းများ မထွက်ဖြစ်ကြောင်း လည်း အောင်ပန်း ဒေသခံများ က ပြောသည်။

“ဆန္ဒပြလို့မရဘူး။ လူစုတာနဲ့ သူတို့ ရောက်လာပြီ။ ပြောက်ကျားတို့ လူမဲ့သပိတ်တို့တော့ လုပ်ဖြစ်တယ်။”ဟု ဒေသခံ တစ်ဦး ကပြောသည်။

မတ်လ (၁၉) ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်သည့် လူထုသပိတ် စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် အရပ်သား (၉) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ (၇၃၀) ကျော် ရှိပြီဖြစ်ကြောင်း AAPP မှ ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article