အောင်ပန်းမြို့ အမျိုးသားတဦး ကို စစ်ကောင်စီမှ သေနတ်ပစ်သတ်

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ တွင် အကြမ်းဖက်စစ်ကောင်စီမှ အမျိုးသားတဦးကို သေနတ်ပစ်သတ်ခဲ့ပြီး မိသားစုဝင်များကို အလောင်းသွားထုတ်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၁ရက် ည (၁၁)နာရီ ဝန်းကျင်တွင် သူငယ်ချင်းဖြင့် သောက်စားပြီး နေအိမ်ပြန်လာသည့် ပန်းရံဆရာ သည် ဧည့်စာရင်း လိုက်လံ စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီနှင့် တိုးခဲ့သဖြင့် စစ်ကောင်စီမှ သေနတ်ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဧပြီ ၁၄ရက်တွင် ပန်းရံဆရာ၏ မိသားစုဝင်များထံ အကြမ်းဖက်စစ်ကောင်စီ မှ အလောင်းလာထုတ်ယူရန် အကြောင်းကြားခဲ့ကြောင်း အောင်ပန်း ဒေသခံ သတင်းပေးပို့ချက် အရသိရသည်။

“ အဲ့ညက ဆိုင်ကယ်တစီးနဲ့ ပြန်လာချိန် ရပ်ကွက်နားမှာ စစ်တပ်နဲ့တိုးတော့ သူကို ရပ်ခိုင်းတယ်လေ။ သူက မူးနေတော့ ကြောက်စိတ်နဲ့ ထွက်ပြေးတော့ စစ်တပ်က သေနတ်ပစ်လိုက်တယ်။ အဲ့မှာ ဖမ်းခေါ်သွားတယ်။ ဧပြီ ၁၄ရက်မှ အလောင်းလာထုတ်ဖို့ အကြောင်းကြားလာတယ်” ဟု အောင်းပန်းမြို့ ဒေသခံတဦး က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီမှ ပန်ရံဆရာကို သေနတ်ဖြင့် ၂ချက် ပစ်ခဲ့ကြောင်း၊ ထိုပစ်ခံရသည့် သူကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသည့်၏ ရုပ်အလောင်းကို ဧပြီ ၁၅ ရက်နေ့မနက်ပိုင်းအချိန်တွင် သဂြိုဟ်ခဲ့ကြောင်း သိရသည်။

လက်ရှိ သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့်၏ နေအိမ်အနီးအတွင် စစ်ကောင်စီ အုပ်စုမှ စခန်းချထားပြီး၊ အောင်ပန်းမြို့ ရှိ လူထုများ သပိတ်စစ်ကြောင်း ချီတက်ခွင့်မရအောင် လမ်းတိုင်းတွင် စစ်ကောင်စီအုပ်စု စောင့်နေကြောင်း အောင်ပန်း ဒေသခံများက ပြောသည်။

မတ် (၁၉ )ရက်တွင် စစ်အာဏာရှင် ဆန့်ကျင် သည့် လူထုသပိတ် စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် အရပ်သား (၉ )ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ (၇၃၇) ဦး ကျော်ရှိပြီး ဖြစ်ကြောင်း AAPP မှထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...