Tuesday, January 27, 2026

အောင်ပန်းမြို့ အမျိုးသားတဦး ကို စစ်ကောင်စီမှ သေနတ်ပစ်သတ်

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ တွင် အကြမ်းဖက်စစ်ကောင်စီမှ အမျိုးသားတဦးကို သေနတ်ပစ်သတ်ခဲ့ပြီး မိသားစုဝင်များကို အလောင်းသွားထုတ်ခိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၁ရက် ည (၁၁)နာရီ ဝန်းကျင်တွင် သူငယ်ချင်းဖြင့် သောက်စားပြီး နေအိမ်ပြန်လာသည့် ပန်းရံဆရာ သည် ဧည့်စာရင်း လိုက်လံ စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီနှင့် တိုးခဲ့သဖြင့် စစ်ကောင်စီမှ သေနတ်ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဧပြီ ၁၄ရက်တွင် ပန်းရံဆရာ၏ မိသားစုဝင်များထံ အကြမ်းဖက်စစ်ကောင်စီ မှ အလောင်းလာထုတ်ယူရန် အကြောင်းကြားခဲ့ကြောင်း အောင်ပန်း ဒေသခံ သတင်းပေးပို့ချက် အရသိရသည်။

“ အဲ့ညက ဆိုင်ကယ်တစီးနဲ့ ပြန်လာချိန် ရပ်ကွက်နားမှာ စစ်တပ်နဲ့တိုးတော့ သူကို ရပ်ခိုင်းတယ်လေ။ သူက မူးနေတော့ ကြောက်စိတ်နဲ့ ထွက်ပြေးတော့ စစ်တပ်က သေနတ်ပစ်လိုက်တယ်။ အဲ့မှာ ဖမ်းခေါ်သွားတယ်။ ဧပြီ ၁၄ရက်မှ အလောင်းလာထုတ်ဖို့ အကြောင်းကြားလာတယ်” ဟု အောင်းပန်းမြို့ ဒေသခံတဦး က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီမှ ပန်ရံဆရာကို သေနတ်ဖြင့် ၂ချက် ပစ်ခဲ့ကြောင်း၊ ထိုပစ်ခံရသည့် သူကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသည့်၏ ရုပ်အလောင်းကို ဧပြီ ၁၅ ရက်နေ့မနက်ပိုင်းအချိန်တွင် သဂြိုဟ်ခဲ့ကြောင်း သိရသည်။

လက်ရှိ သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့်၏ နေအိမ်အနီးအတွင် စစ်ကောင်စီ အုပ်စုမှ စခန်းချထားပြီး၊ အောင်ပန်းမြို့ ရှိ လူထုများ သပိတ်စစ်ကြောင်း ချီတက်ခွင့်မရအောင် လမ်းတိုင်းတွင် စစ်ကောင်စီအုပ်စု စောင့်နေကြောင်း အောင်ပန်း ဒေသခံများက ပြောသည်။

မတ် (၁၉ )ရက်တွင် စစ်အာဏာရှင် ဆန့်ကျင် သည့် လူထုသပိတ် စစ်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီမှ သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် အရပ်သား (၉ )ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူ (၇၃၇) ဦး ကျော်ရှိပြီး ဖြစ်ကြောင်း AAPP မှထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...