Tuesday, January 27, 2026

အောင်ပန်းမြို့နေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ မိသားစုဝင်သုံးဦးကို ဓားစာခံအဖြစ် စစ်ကောင်စီတပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင် အောင်ပန်းမြို့ရှိ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၉၊ ငုဝါလမ်းတွင် ရှိသည့် နေအိမ်တစ်လုံးကို စစ်ကောင်စီတို့မှ အင်အား ၃၀ ခန့်ဖြင့် လာရောက်စီးနင်းကာ အိမ်ထဲမှ မိသားစုဝင် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

“မလှဌေးရဲ့ အရင်ယောက်ျားကို လာရှာတာတဲ့၊ သူတို့နှစ်ဦးကလည်း ကွဲသွားတာ ကြာလို့ မလှဌေးတောင် နောက်အိမ်ထောင် ပြုနေပြီ၊ သူ့အရင်ယောက်ျားကို လာရှာတယ်၊ မတွေ့တော့ ဒီမိသားစုဝင်သုံးဦးကို ရိုက်နှက်ပြီး ခေါ် သွားတာ” ဟု အနီးပတ်ဝန်းကျင်တွင်နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသူများသည် မလှဌေးနှင့် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူ ကိုဇွဲထက်၊ သား စိုင်းသန့်ဇင်ကို တို့ဖြစ်ကြပြီး စစ်ကောင်စီတပ်သားတို့ လာရောက်မေးမြန်းသူမှာ မလှဌေး၏ အရင်ယောက်ျား စိုင်းသန့်ဇင်ကို ၏ ဖခင် ကိုစိုးခိုင်ဖြစ်ကြောင်းသိရသည်။

“သူတို့ (ရဲနှင့် စစ်သား) စရောက်တုန်းက မလှဌေးတို့ အိမ်မှာမရှိဘူး၊ ဘေးအိမ်မှာရောက်နေတာ၊ အိမ်ထဲမှာ အငယ်ကောင်(စိုင်းသန့်ဇင်ကို) တစ်ယောက်ပဲရှိတယ်၊ အဲ့ချိန်မှာ ရောက်လာတာနဲ့ မင်းအဖေဘယ်မှာလဲ(ကိုစိုးခိုင်) လို့မေးတာ သူကမသိကြောင်းပြောတော့ ရိုက်တယ်၊ မျက်နှာမှာ ညိုမည်းစွဲသွားတာ” ဟု ပတ်ဝန်းကျင်မှ မြင်တွေ့ရသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတို့သည် အသက် ၁၈ နှစ်မပြည့်သေးသည့် စိုင်းသန့်ဇင်ကို ရိုက်နှက်စစ်ဆေးပြီးဖမ်းဆီးခေါ်ဆောင်သွားသည့် အပြင် မိခင်ဖြစ်သူ မလှဌေးနှင့် ကိုဇွဲထက်တို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...