Wednesday, May 1, 2024

အစိုးရတပ်

နမ့်ခမ်းမြို့နယ်တွင် အစိုးရတပ်အင်အားဖြည့် ပစ်ခတ်မှုဖြစ်မှာကို ဒေသခံများစိုးရိမ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အတွင်း RCSS/SSA လှုပ်ရှားရာဘက်သို့ အစိုးရ တပ်မတော် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် ထိတွေ့မှု ဖြစ်ပွားမည် ကို ဒေသခံများက စိုးရိမ်နေကြပါသည်။ နမ့်ခမ်းမြို့နယ်အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်ရာ...

ကွတ်ခိုင်မြို့နယ် အတွင်း TNLA နှင့်အစိုးရတပ် တိုက်ပွဲ ဆက်တိုက်ဖြစ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယခုရက်ပိုင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း မေ ၂၉ ရက်မှ စတင်ကာ ယနေ့ ဇွန် ၄ ရက်ထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်...

သျှမ်းမြောက် အစိုးရတပ် နှင့် SSPP တိုက်ပွဲကြား အရပ်သား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း အတွင်း သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် မြန်မာ အစိုးရ တပ်တို့သည် မတ်လအတွင်း တိုက်ပွဲများဖြစ်ပွားကာ အရပ်သား တဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရကြောင်း ဒေသခံ ရ၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း...

သျှမ်း တောင်-မြောက် နယ်စပ်ကြား SSPP/SSA ၏တပ်စခန်းတခုအား အစိုးရတပ်မတော် အင်အားသုံးတက်တိုက်

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ်အတွင်း လွယ်ပန်ခါးအရပ်ဘက်တွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ ၂၀၁၉ မတ်လ ၈ ရက် မွန်းတည့်ချိန်မှစပြီး မွန်းလွဲပိုင်းအထိ သီပေါမြို့နယ် ၊ ကျေးသီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်စပ်အကြား လွယ်ပန်ခါးတွင် တိုက်ပွဲဖြစ်ပွါးနေကြောင်း၊ မိုင်းကိုင် - တုံလောဘက်မှ တပ်များအင်အားထပ်မံဖြည့်တင်းမှုပြုနေကြောင်း မျက်မြင်ဒေသခံများပြောပြချက်အရသိရသည်။ သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသော SSPP/SSA အရာရှိတဦးက-...

ကျောက်မဲမြို့နယ်ကျေးလက်ဒေသတွင် အစိုးရတပ် စောင့်ကြပ်စစ်ဆေးသည့်အတွက် ရွာသားများလယ်ယာဆင်းရန် အခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျေးလက်ရပ်ရွာအတွင်း စခန်းချသည့် အစိုးရတပ်က စောင့်ကြပ်ကာ ရွာ တွင်းသွားလာသည့် ဒေသခံများအား စစ်ဆေးမှုပြုနေသဖြင့် ဒေသခံများအတွက်လမ်းခရီးကြန့်ကြာသကဲ့သို့ ဗမာစကား မကျွမ်းကျင်သည့် ဒေသခံများအတွက် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ ကျောက်မဲမြို့နယ် နောင်ပိန်ဟိုကစ်ရွာ အတွင်းစခန်းချလှုပ်ရှားနေသည့် နောင်ချို ခလရ ၁၁၄ နှင့် ၁၁၅ တပ်မှ...

Latest news