သျှမ်းမြောက် အစိုးရတပ် နှင့် SSPP တိုက်ပွဲကြား အရပ်သား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း အတွင်း သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် မြန်မာ အစိုးရ တပ်တို့သည် မတ်လအတွင်း တိုက်ပွဲများဖြစ်ပွားကာ အရပ်သား တဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရကြောင်း ဒေသခံ ရ၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ထုတ်ပြန်ခဲ့သည်။

Photo by SHRF / ကျေးသီးဆေးရုံရောက် လုံးမောင်
Photo by SHRF / ကျေးသီးဆေးရုံရောက် လုံးမောင်

မတ်လ ၉ ရက်နေ့က မြန်မာအစိုးရ တပ်မှ ပန်ခါးတောင်ပေါ်တွင် ခြေစိုက်သည့် SSPP/SSA ထံ စာ ပို့ဆောင်ရန် အသက် ၆၇ နှစ်အရွယ် လုံးဆာ နှင့် အသက် ၅၀နှစ်အရွယ် လုံးမောင်ကို စေခိုင်းခဲ့ရာ လမ်းခရီးတွင် မြေမြုပ်မိုင်းနင်းမိကာ လုံးဆာ တယောက် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လုံးမောင်သည် မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှင့် တင်ပါး ဒဏ်ရာရရှိခဲ့ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သောကြေငြာချက်တွင် ရေးသားထားသည်။

“အခုတော့ ဒဏ်ရာရတဲ့တယောက် ကျေးသီးဆေးရုံမှာဆေးကုသမှုခံယူနေတယ်။ အစိုးရစစ်တပ်က လူထုကို အဓမ္မခိုင်းစေပြီးတော့ စစ်လေယာဉ်နဲ့ ကျည်ကြီးတွေပစ်ချတယ်။ လူထုကိုထိခိုက်တော့လူထုသေကြေ ဒုက္ခ ရောက်ရတာပေါ့။ ဒါဟာ တပ်မတော်ထုတ်ပြန်ထားတဲ့ ၄ လကြာတဖက်သတ် အပစ်ရပ်ခြင်းကို ချိုးဖောက် တာဖြစ်တယ်။ တဖက်ကလည်း ဒီဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့်တပ်မတော်ဟာ လူထုနဲ့နိုင်ငံတော် အေးချမ်း တည်ငြိမ်ရေးကိုမလိုလားဘူးလို့မြင်ရပါလိမ့်မယ်” – ဟု SHRF ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်အားပြောသည်။

ထို့အပြင် မတ် ၁၀ ရက်တွင် မြန်မာ အစိုးရတပ်မှ ရဟတ်ယာဉ်ဖြင့် ပစ်လိုက်သည့် ကျည်သည် ပန်ခါးကျေးရွာ အတွင်း အိမ်တွင် ဟင်းချက်နေသည့် အသက် ၅၀ကျော် အမျိုးသမီး ကို ထိမှန်ခဲ့ကာ ရင်သားတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်တွင် ဖော်ပြထားသည်။

Photo by SHRF /ကျည်စထိမှန်ဒဏ်ရာရသည့် ပန်ခါးရွာသူ အမျိုးသမီး
Photo by SHRF /ကျည်စထိမှန်ဒဏ်ရာရသည့် ပန်ခါးရွာသူ အမျိုးသမီး

မြန်မာ့ အစိုးရ တပ် လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် ဝမ်ပန်ခါးရွာ နှင့် အနီးကျေးရွာ ၉ ရွာ ဒေသခံ ရ၀၀ သည့် ကျေးသီမြို့ပေါ်သို့ ပြောင်းရွှေ့လာရကြောင်းသိရသည်။

SSPP/SSA အား လွယ်ပန်ခါးတွင် ထိုးစစ်ဆင်သောအစိုးရတပ်မှာ ခလရ ၂၃ သီပေါ၊ ခမရ ၁၇ မန်လီ၊ ခမရ ၃၂၅ မိုင်းရယ်နှင့် ခလရ ၆၇ ဟိုယ တို့ဖြစ်ကြောင်းသိရသည်။

ယုံကြည်မှု တည်ဆောက်ရန် နှင့် တိုက်ပွဲများ လျော့ချရေး အတွက် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် SSPP/SSA နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အစိုးရ စစ်တပ် ညှိနှိုင်းရေး အဖွဲ့ တို့သည် နေပြည်တော်တွင် တွေ့ဆုံပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...