Wednesday, January 28, 2026

နမ့်ခမ်းမြို့နယ်တွင် အစိုးရတပ်အင်အားဖြည့် ပစ်ခတ်မှုဖြစ်မှာကို ဒေသခံများစိုးရိမ်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အတွင်း RCSS/SSA လှုပ်ရှားရာဘက်သို့ အစိုးရ တပ်မတော် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် ထိတွေ့မှု ဖြစ်ပွားမည် ကို ဒေသခံများက စိုးရိမ်နေကြပါသည်။

https://www.facebook.com/photo?fbid=610906809817683&set=pcb.610906836484347

နမ့်ခမ်းမြို့နယ်အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်ရာ ဒေသဘက်တွင် အစိုးရ တပ်မတော် စစ်အင်အား ဖြည့်တင်းနေ ကြခြင်းဖြစ်ကြောင်း နမ့်ခမ်းဒေသခံ စိုင်းမောဝ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အစိုးရတပ်သားတွေ က RCSS/SSA တပ်စခန်းရှိတဲ့ဘက်ကိုတော့ သွားနေတာမြင်တယ်။ လယ်ထဲကနေ ဖြတ်သွားတယ်။ ဒေသခံတွေကတော့ ကြောက်နေရတယ်” ဟု စိုင်းမောဝ် က ဆိုသည်။

အစိုးရ တပ်မတော်သားများသည် ယမန်နေ့ ဇူလိုင် ၃၀ ရက် ညနေပိုင်းမှ စတင် ဝင်ရောက်လာကြကြောင်း နမ့်ခမ်းမြို့နယ် အတွင်းနေထိုင်သည့် သူများက ပြောသည်။

“ မနေ့ညနေလောက်က ကျနော်တို့ RCSS/SSA ရှိတဲ့နေရာကို အစိုးရတပ်က လာတယ်။ ဘာကြောင့်တက်လာလဲဆိုတာ သေချာမသိသေးဘူး။ စစ်ရေးကတော့ တင်းမာနေတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက သျှမ်းသံတော်ဆင့် ကို ပြောသည်။

RCSS/SSA ၏ တပ်မဟာ ၇၀၁ ရှိသည့်နေရာဘက်သို့ အစိုးရ တပ်ဘက်မှ စစ်အင်အား ၃၀၀ နီးပါး တက်လာကြောင်း ဗိုလ်မှူး ခမ်းစံ က ထပ်လောင်းပြောသည်။

“ သူတို့တွေ ကျနော်တို့နေရာကို ထက်တက်လာပြီး လှုပ်ရှားမယ်၊ မွှေမယ်ဆိုရင်တော့ ထိတွေ့မှုတွေဖြစ်လာနိုင်တယ်” ဟု ဗိုလ်မှူးခမ်းစံ က ဆိုသည်။

ဇွန်လ ၂၅ ရက်ကစပြီး ဇူလိုင် လယ် အထိ သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲပေါင်း အကြိမ် ၂၀ကျော်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း ဒေ သခံရွာသားများအား စစ်တပ်က ပစ်သတ်မှု ၊ ဖမ်းဆီးရိုက်နှက်မှုများရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ်...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လှမ်းပစ်နေသည့်အသံ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနီး စစ်ကောင်စီ၏ စခန်းသစ်လက်မှ လက်နက်ကြီး လှမ်းပစ်သည့်အသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၂)ရက် နေ့လည် (၁)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “စခန်းသစ်ကနေပြီး ပစ်သွားတာ ကြားရတယ်။ နမ့်ခမ်းကနေတော့ အသံသိပ်မကြားရဘူး။...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

0
“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၁၉) မနက် ၇ နာရီ ဝန်ကျင်းတွင် နေအိမ်တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။ “ အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။...