ကျောက်မဲမြို့နယ်ကျေးလက်ဒေသတွင် အစိုးရတပ် စောင့်ကြပ်စစ်ဆေးသည့်အတွက် ရွာသားများလယ်ယာဆင်းရန် အခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျေးလက်ရပ်ရွာအတွင်း စခန်းချသည့် အစိုးရတပ်က စောင့်ကြပ်ကာ ရွာ တွင်းသွားလာသည့် ဒေသခံများအား စစ်ဆေးမှုပြုနေသဖြင့် ဒေသခံများအတွက်လမ်းခရီးကြန့်ကြာသကဲ့သို့ ဗမာစကား မကျွမ်းကျင်သည့် ဒေသခံများအတွက် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

ကျောက်မဲမြို့နယ် နောင်ပိန်ဟိုကစ်ရွာအား Google Earth မှမြင်တွေ့ရပုံ

ကျောက်မဲမြို့နယ် နောင်ပိန်ဟိုကစ်ရွာ အတွင်းစခန်းချလှုပ်ရှားနေသည့် နောင်ချို ခလရ ၁၁၄ နှင့် ၁၁၅ တပ်မှ စစ်အင်အား ၆၀ ခန့်သည် ရွာအတွင်း စောင့်ကာ ဖြတ်သန်းသွားလာသည့် ရွာလူထု ဆိုင်ကယ်များ လှည်းနှင့်ထော်လာဂျီများအား စစ်ဆေးမှုပြုခဲ့ကြောင့် လူထုလယ်ယာဆင်းရေးနှင့် ရောင်းဝယ်ရေးအတွက် အနှောင့်အယှက်ဖြစ်ရကြောင်း ဒေသခံရွာသားများကပြောဆိုသည်။

နောင်ပိန်ရွာသား စိုင်းစိုင်းက – “ ဒီတပ်တွေ ဒီရွာမှာ ၂ နေရာစခန်းလာချတယ်။ ကြာတော့ကြာပြီ။ သွားလိုက်လာလိုက် ဘဲသူတို့။ ပန်တင်ရွာဘုန်ကြီးကျောင်းနဲ့ ရွှေဘုံသာ ဘုန်းကြီးကျောင်းမှာစခန်းချတယ်။ ရွာပြင်မှာလည်း ရှိတယ် ပတ်ပတ်လည်။ ပြီးခဲ့တဲ့ ရ ရက်နေ့က တောထဲမှာ မူးယစ်ဆေးဖမ်းမိတယ်ကြားတယ်။ အခုလည်း ရွာသားတွေဆီမှာတွေ့လိုတွေ့ညားလား စုံစမ်းချင်တာ လား အဲလိုသဘောမျိုး။ ရွာသားတွေကို အလုပ်အကိုင်နှောင့်နှေးကြန့်ကြာအောင် သက်သက်နှောင့်ယှက်တာ။ ဗမာစကားကောင်းကောင်းမသိတဲ့ရွာသားတွေဆိုရင်အော်ဟစ်ကြိမ်းမောင်းခံရတယ် ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

သြဂုတ်လ ၁၈ ရက်နေ့ကတည်းက အဆိုပါစစ်သားများ ရွာအတွင်းစောင့်ကြပ်စစ်ဆေးမှုပြုနေခြင်းဖြစ်ပြီး ယနေ့တိုင် ၄ ရက်မြောက်ပြီဖြစ်သော်လည်း ရပ်ရွာအုပ်ချုပ်ရေးမှူး ၊ နိုင်ငံရေးပါတီ၊ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ၀င်ရောက် တောင်းပန်ပြောဆိုပေးခြင်းမရှိကြောင်း စိုင်းစိုင်းကပြောသည်။

“ရွာသားတွေဆီကတော့ ဘာမှမရပါဘူး။ ဒါပေမယ့် ရွာသားတွေရဲ့ လွယ်အိတ်တွေ ပလိုင်းတွေကိုပါမွှေနှောက်၊ ဆိုင်ကယ် တူးပေါက်တွေဘာတွေဖွင့်ကြည့်၊ ကားစီးရင်လည်း ကားရပ်ပြီး ကားပေါ်ကဆင်းပေးရ။ ဆိုတော့ သွားလာရေးအနှောင့် အယှက်ဖြစ်ရတာပေါ့ ”- ဟုလည်း အဆိုပါရွာသို့ရောက်ရှိသူ သီပေါမြို့ခံ နန်းနု ကလည်းပြောသည်။

ထို့ကြောင့် ရွာသားများသွားလာရေး လယ်ယာလုပ်ငန်းကောင်းမွန်စွာလုပ်ကိုင်နိုင်ရေးအတွက် ထိုသို့သော စောင့်ကြပ်စစ်ဆေးမှုမျိုး ရပ်တန့်ပေးရန်နှင့် နောက်နောင်ထပ်မရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ ၊ ပြည်သူ့ကိုယ်စားလှယ်များမှ ၀င်ရောက် ဆွေးနွေးပြောကြားပေးစေလိုကြောင်းလည်း နောင်ပင်ရွာသားများကပြောသည်။

နောင်ပိန်ဟိုကစ်ရွာသည် ကျောက်မဲမြို့တောင်ဘက်၊ ကျောက်မဲနှင့်နောင်ချိုကြားတွင်တည်ရှိပါသည်။ အဆိုပါဒေသတွင် အစိုးရတပ်အပြင် သျှမ်းတပ်ဖွဲ့  ၂  ဖွဲ့လှုပ်ရှားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...