Monday, May 6, 2024

လားရှိုးမြို့နယ်

မိုးဆက်တိုက်ရွာသဖြင့် ချောင်းဘေးနေ လားရှိုးဒေသခံ ၂၀၀ ကျော်ရေဘေးသင့်၊ လယ်ယာမြေအများအပြားနှစ်မြုပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းသဖြင့် နမ့်ယော်ချောင်းရေလျှံတက်ကာ ချောင်းအနီး နေထိုင်သည့် ဒေသခံ ၂၀၀ ကျော် ရေဘေးသင့်နေသည့်အပြင် လယ်ယာမြေဧကပေါင်းများစွာလည်း ရေနှစ်မြှုပ်နေကြောင်းသိရသည်။ လားရှိုး-နမ္မတူအသွားလမ်းရှိ အီနိုင်းကျေးရွာ နှင့် လားရှိုးကြီး နယ်မြေစု အမှတ် ၂၀ တို့တွင် နမ့်ယော်ချောင်းရေကြီးကာ ကားလမ်းရေကျော်မှု၊ ရပ်ရွာနေအိမ်များရေလွှမ်းမိုးမှု ကြုံနေရသဖြင့် ဒေသခံ...

လားရှိုးမြို့ နမ့်လောင်းချောင်းအတွင်း ကားရောလူပါပြုတ်ကျမျောပါသူ၏အလောင်းအား ယနေ့မနက်ပိုင်းတွင် တွေ့ရှိ

ပြီးခဲ့သည့် စနေနေ့ညပိုင်းက လားရှိုးမြို့နယ် ခိုလောင်းရွာတံတားမှ နမ့်လောင်းချောင်းရေအတွင်း ကားနှင့်အတူမျောပါသွားသော ကားပိုင်ရှင် စိုင်းငြိမ်းကျော်ဦး၏အလောင်းအား ယနေ့မနက်ပိုင်းက လားရှိုး ၁၂ ရပ်ကွက်အနီးရှိ နမ့်သျှိုချောင်းပေါ်က သံမဏိဆည်အနီးတွင်တွေ့ရှိပြီဖြစ်ကြောင်းသိရသည်။ မနက် ၈ နာရီကျော်ကျော်က ဘူးခွံကောက်ထွက်သူ ၂ ဦးက တွေ့ရှိရာ မှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဆွေမျိုးသားချင်းများက လာရောက်ဆယ်ယူခဲ့ကြခြင်းဖြစ်သည်။ ၄င်းအလောင်းအားရင်ခွဲရုံသို့ပို့ဆောင်ပြီးနောက်ယနေ့အတွင်းပင်မီးသဂြိုဟ်မည်ဖြစ်ကြောင်းမိသားစုဝင်ကပြောပါသည်။ ရေနှင့်မျောပါသွားသူ...

လားရှိုးမြို့နယ် ကျေးလက်ဒေသလူငယ်များစွမ်းရည်မြင့်တင်ရေးသင်တန်းပြုလုပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ဒေသတွင်းလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၃ ရက်သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ သင်တန်းအား မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်တာ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းနှင့် လူ့အခွင့်အရေးဆိုင်ရာဗဟုသုတမျှဝေရေးသင်တန်းအား မိုင်းယော်တိုက်နယ်ရှိ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ သျှမ်းလူငယ်ကွန်ယက် Tai Youth...

Latest news