လားရှိုးမြို့နယ် ကျေးလက်ဒေသလူငယ်များစွမ်းရည်မြင့်တင်ရေးသင်တန်းပြုလုပ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ဒေသတွင်းလူငယ်ထု ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၃ ရက်သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

လူငယ်များစွမ်းရည်မြင့်တင်ရေးသင်တန်းတွင် မိုင်းယော်လူငယ်များအား လားရှိုးခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ သင်တန်းပေးနေစဉ်

သင်တန်းအား မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်တာ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းနှင့် လူ့အခွင့်အရေးဆိုင်ရာဗဟုသုတမျှဝေရေးသင်တန်းအား မိုင်းယော်တိုက်နယ်ရှိ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ သျှမ်းလူငယ်ကွန်ယက် Tai Youth Network နှင့် သျှမ်းပြည် လူငယ် စွမ်းရည်မြင့်တင်ရေးအဖွဲ့ SSYCBC တို့ပူးပေါင်းကာ မိုင်းယော်တိုက်နယ် အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

မိုင်းယော်တိုက်နယ် သျှမ်းလူငယ်ကွန်ယက်အဖွဲ့ဝင်စိုင်းကောင်က – ကျနော်တို့ ၃ ဖွဲ့ပေါင်းပြီးသင်တန်းပေးပါတယ်။ လာတက်တဲ့လူငယ် ၈၃ ဦးရှိပါတယ်။ ဒေသတွင်းလူငယ်တွေစွမ်းရည်မြင့်လာအောင်၊ သတင်းအချက်အလက်စုဆောင်းတတ်အောင်၊ အဖွဲ့အစည်းတွေနဲ့ဆက်သွယ်လက်တွဲဆောင်ရွက်တတ်အောင်၊ လူ့အခွင့်အရေးနဲ့ပတ်သက်တာတွေသိရှိလာအောင် စတဲ့အချက်တွေအပြင်တခြားသောဗဟုသုတတွေပါ ထည့်သွင်းသင်ကြားပေးပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ထို့အပြင် မျှတမှုရရှိရေးအတွက် သတင်းမီဒီယာများနှင့်ဆက်သွယ်ရေး၊ လူငယ်အဖွဲ့အစည်း ဖွဲ့စည်းရေး၊ လယ်သမားများအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်ရေး အစရှိအချက်များလည်း ပူးတွဲသင်ကြားပေးသည်ဟုသိရသည်။
မိုင်းယော်လူငယ် နန်းဟွမ်ငင်းက – အရင်က ကျမတို့ဒီလိုမျိုးသင်တန်းမတက်ဖူးတော့ ကျမတို့ရွာသားတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေဘာတွေဖြစ်လာရင် ကျမတို့ ပြန်မတုန့်ပြန်တတ်ဘူး။ အခုလို သင်တန်းတက်ရတော့ အရေးအကြောင်းပေါ်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာလေးတွေသိလာတယ်။ အခွင့်အရေးချိုးဖောက်ခံရရင်ဘယ်လိုသတင်းယူရမလဲ။ မီဒီယာတွေကိုဘယ်လိုသတင်းပေးပို့ရမလဲစတာတွေကျမတို့သိရပါတယ်- ဟု ပြောသည်။

အဆိုပါသင်တန်းတွင် တက်ရောက်လေ့လာသူ လူငယ် ၈၃ ဦးရှိပြီး မိုင်းယော်တိုက်နယ်အတွင်းရှိ မိုင်းယန်းအုပ်စု၊ မိုင်းကျက်အုပ်စု၊ မိုင်းဟက်အုပ်စု၊ ပန်ထိုလင်အုပ်စုတို့မှ လူငယ်များဖြစ်ကြသည်။

မိုင်းယော်တိုက်နယ်သည် လားရှိုးမြို့အရှေ့မြေက်ဘက် ၃၂ မိုင်အကွာတွင်တည်ရှိပါသည်။

၂၀၁၆ ခုနှစ် ဂျွန်လ ၃၀ ရက်နေ့ကလည်း မိုင်းယော်ဒေသခံရွာသား ၅ ဦးအား အစိုးရစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ် ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြသူ ၅ ဦး ပြန်မလွှတ်သေး၊ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် သျှမ်းအရပ်ဖက်အဖွဲ့ တောင်းဆို

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသား (၅) ဦးသည် ယနေ့အချိန်ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင်...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...