Wednesday, January 28, 2026

လားရှိုးမြို့ နမ့်လောင်းချောင်းအတွင်း ကားရောလူပါပြုတ်ကျမျောပါသူ၏အလောင်းအား ယနေ့မနက်ပိုင်းတွင် တွေ့ရှိ

ပြီးခဲ့သည့် စနေနေ့ညပိုင်းက လားရှိုးမြို့နယ် ခိုလောင်းရွာတံတားမှ နမ့်လောင်းချောင်းရေအတွင်း ကားနှင့်အတူမျောပါသွားသော ကားပိုင်ရှင် စိုင်းငြိမ်းကျော်ဦး၏အလောင်းအား ယနေ့မနက်ပိုင်းက လားရှိုး ၁၂ ရပ်ကွက်အနီးရှိ နမ့်သျှိုချောင်းပေါ်က သံမဏိဆည်အနီးတွင်တွေ့ရှိပြီဖြစ်ကြောင်းသိရသည်။

စိုင်းငြိမ်းကျော်ဦးအလောင်းအား ကုူညီကယ်ဆယ်ရေးအဖွဲ့က ဆယ်ယူပြီးရင်ခွဲရုံကိုပို့ဆောင်

မနက် ၈ နာရီကျော်ကျော်က ဘူးခွံကောက်ထွက်သူ ၂ ဦးက တွေ့ရှိရာ မှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဆွေမျိုးသားချင်းများက လာရောက်ဆယ်ယူခဲ့ကြခြင်းဖြစ်သည်။

၄င်းအလောင်းအားရင်ခွဲရုံသို့ပို့ဆောင်ပြီးနောက်ယနေ့အတွင်းပင်မီးသဂြိုဟ်မည်ဖြစ်ကြောင်းမိသားစုဝင်ကပြောပါသည်။

ရေနှင့်မျောပါသွားသူ စိုင်းငြိမ်းကျော်ဦးမှာ ရေမကူးတတ်ကြောင်းလည်း မိသားစုဝင်ကပြောသည်။

ဇူလိုင်လ ၂၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းရေလျှံတက်ကာရေစီးသန်ချိန် ၁၂ ရပ်ကွက်သား စိုင်းငြိမ်းကျော်ဦးသည် တားမြစ်ထားသည့်ဧရိယာအတွင်းရှိ တံတားတခုအားဖြတ်မောင်းနှင်ရာ ချောင်းရေနှင့်အတူ လူရော ကားပါ မျောပါသွားခဲ့သည်။ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့က လားရှိုးမြို့နယ်အတွင်းရှိ ကူညီကယ်ဆယ်ရေးအဖွဲ့များ ပရဟိတအဖွဲ့များ၊ ဒေသခံလူထုများ စုပေါင်းကာ ရှာဖွေခဲ့သော်လည်း အလောင်းအားမတွေ့ရှိခဲ့ပေ။

လားရှိုးမြို့ ၁၂ ရပ်ကွက်သား စိုင်းငြိမ်းကျော်ဦးခေါ် ချိုချိုမှာ လက်ရှိတွင် ဇနီးနှင့် သမီး ၂ ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။ နမ့်လောင်းချောင်းသည် အထက်ပိုင်းမှစီးဆင်းလာကာ ၀မ့်လောင်းတွင် နမ့်သျှိုနှင့်ပေါင်းပြီး အေဒီတွင် နမ့်ယောဝ်ချောင်းအတွင်းစီးဝင်ကြောင်း၊ ထိုမှတဆင့် နမ္မတူမြစ်အတွင်းသို့စီးဝင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...

လားရှိုးမြို့နယ် ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ဒေသကို ‘ဝ’တပ်ဖွဲ့က လမ်းဖောက်

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က လမ်းဖောက်လုပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းမှ စတင်၍ လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန်...