Friday, May 17, 2024

နမ့်လောင်း

လားရှိုးမြို့ နမ့်လောင်းချောင်းအတွင်း ကားရောလူပါပြုတ်ကျမျောပါသူ၏အလောင်းအား ယနေ့မနက်ပိုင်းတွင် တွေ့ရှိ

ပြီးခဲ့သည့် စနေနေ့ညပိုင်းက လားရှိုးမြို့နယ် ခိုလောင်းရွာတံတားမှ နမ့်လောင်းချောင်းရေအတွင်း ကားနှင့်အတူမျောပါသွားသော ကားပိုင်ရှင် စိုင်းငြိမ်းကျော်ဦး၏အလောင်းအား ယနေ့မနက်ပိုင်းက လားရှိုး ၁၂ ရပ်ကွက်အနီးရှိ နမ့်သျှိုချောင်းပေါ်က သံမဏိဆည်အနီးတွင်တွေ့ရှိပြီဖြစ်ကြောင်းသိရသည်။ မနက် ၈ နာရီကျော်ကျော်က ဘူးခွံကောက်ထွက်သူ ၂ ဦးက တွေ့ရှိရာ မှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဆွေမျိုးသားချင်းများက လာရောက်ဆယ်ယူခဲ့ကြခြင်းဖြစ်သည်။ ၄င်းအလောင်းအားရင်ခွဲရုံသို့ပို့ဆောင်ပြီးနောက်ယနေ့အတွင်းပင်မီးသဂြိုဟ်မည်ဖြစ်ကြောင်းမိသားစုဝင်ကပြောပါသည်။ ရေနှင့်မျောပါသွားသူ...

Latest news