တောင်ကြီး
တောင်ကြီး ကားဂိတ်များဖွင့်ထားသည့် နေရာ ကိုဗစ် (၃)ဦး တွေ့
SHAN -
သျှမ်းပြည် တောင်ကြီးမြို့၊ မင်းလမ်းရှိ နေအိမ် နှင့် ကားဂိတ်တွဲဖွင့်ထားသည့် အိမ်တလုံးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါ နေအိမ်အာက်ထပ်ကို ကားဂိတ်များကို ငှားရမ်းဖွင့်လှစ်ထားပြီး အပေါ်ထပ်တွင် အိမ်ရှင်မိသားစုဝင်များနေထိုင်သည့်အိမ်ဖြစ်ကြောင်းသိရသည်။ ” ကားဂိတ်တွေ အပေါ်မှာနေတဲ့ အသက် ၆၀ အရွယ် အိမ်ရှင် အမျိုးသားက အအေးမိ စဖျားခဲ့တာ၊...
တောင်ကြီးမြို့နယ် NLD ပါတီဝင် အမျိုးသား တစ်ဦး သေနတ်ပစ်သတ်ခံရ၊အလောင်းပြန်မရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် မောက်စံကျေးရွာတွင် ယမန်နေ့ (ဇွန် ၁၂)ရက် ညနေ ၃နာရီဝန်းကျင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဝင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန် ၁၂)ရက် ညနေ ၃နာရီတွင် အသက် (၆၅)နှစ်အရွယ်ရှိ NLD ပါတီဝင် ဦးထွဋ်မောင်သည်...
တောင်ကြီး အလှဓာတ်ပုံဆရာတစ်ဦး ကင်မရာနှင့်ဖုန်း ကို စစ်ကောင်စီ သိမ်းယူ
SHAN -
သျှမ်းပြည် မြို့တော် တောင်ကြီးမြို့တွင် ယနေ့ (ဇွန် ၃)ရက် နေ့လည် (၁၁ )နာရီဝန်းကျင်၌ စစ်ကောင်စီ အုပ်စု မှ အလှဓာတ်ပုံဆရာ တစ်ဦး၏ ကင်မရာ နှင့် ဖုန်းကို သိမ်းယူသွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ တပ်သားတို့က တောင်ကြီး-ဟိုပုံးမြို့အထွက် လေးမိုင် စစ်ဆေးရေးဂိတ်(တပ် ပေါင်းစုဂိတ်)...
တောင်ကြီး ၂၁၂ တပ်ထဲ ကတုတ်ကျင်းတူးရာ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
SHAN -
တောင်ကြီးမြို့တွင် ယမန်နေ့( မေ ၃၀) ရက် မနက်ပိုင်းတွင် ၂၁၂ ဆက်သွယ်ရေးတပ် တပ်ထဲ၌ စစ်သားများ အချင်းချင်း အငြင်းပွား စကားများကြပြီး ပစ်ခတ်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်တွင်ရှိသော ၂၁၂ တပ်အတွင်း စစ်သားနှစ်ဦးသည် အချင်းချင်း စကားများကြပြီး တစ်ဦးက အနီးရှိ ဓါးဖြင့်...
အသက် (၁၅)နှစ်မပြည့်သေးသည့် တောင်ကြီး လူငယ်တစ်ဦးဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် အသက် (၁၅) နှစ် မပြည့်သေးသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီ အုပ်စု က ဖမ်းဆီးထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။ မေ (၂၂) ရက် နေ့မှာ စစ်ကောင်စီအုပ်စု သည် တောင်ကြီး စူဠာမုနိ တောင်ကြားလမ်းတွင် တားဆီးစစ်ဆေးမှု ပြုလုပ်ရာ...
တောင်ကြီး ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရိုးမဘဏ် အနီးတွင် ယနေ့( မေ ၁၇)ရက် နေ့လည် ၁နာရီကျော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လည် (၁)နာရီ ဝန်းကျင်တွင် တောင်ကြီးမြို့ ရတနာသီရိ ရပ်ကွက်ဘက်ရှိ ရိုးမဘဏ် ဘေး ရေမြောင်းတွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း တောင်ကြီး...
နည်းပညာတက္ကသိုလ်(တောင်ကြီး) စစ်ကောင်စီလုံခြုံရေးယူထားချိန် ပေါက်ကွဲမှုဖြစ်၊ အရပ်သား တစ်ဦးသေ
SHAN -
တောင်ကြီးမြို့ နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ (မေ ၁၄)ရက် မနက် (၁၀)နာရီခွဲကျော်၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ “ တစ်ယောက်သေတယ်။ သေသွားတဲ့ တယောက်က စိတ်သိပ်မမှန်ဘူး။ ကျန်တဲ့တစ်ယောက် ဒဏ်ရာရထားတယ်။ လက်ရှိတော့ဆေးရုံးမှာ။ ခြေနေဘယ်လိုရှိလဲတော့မသိရသေးဘူး။” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက...
ဒလန်ကြောင့် စစ်ကောင်စီ အုပ်စု ပြည်သူများနေအိမ် ဖျက်ဆီးဝင်ရောက် ပစ္စည်းယူ
SHAN -
တောင်ကြီးမြို့ ဒလန်များသတင်းပေးမှုကြောင့် စစ်ကောင်စီ အုပ်စုသည် ပြည်သူနေအိမ်များကို သော့ဖျက်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ဆိုင်ကယ်နှင့် တခြားပစ္စည်းများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ရွှေသူဌေးကုန်ရပ်ကွက်တွင် မေလ ၁၂ ရက် ညနေ (၄ )နာရီ အချိန်တွင် စစ်ကောင်စီ အုပ်စုမှ လူမနေသည့် နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး...
တောင်ကြီးလူငယ် တဦးကို အကြမ်းဖက် စစ်ကောင်စီ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံအောက်ရပ်ကွက်တွင် ယမန် ( ဧပြီ ၂၉ ) ညနေ့ ၃နာရီ အချိန်၌ အကြမ်းဖက် စစ်ကောင်စီ မှ လူငယ် တဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ကံအောက်ရပ်ကွက် ရွှေနှင်းဆီဝက်သားချဉ်ဆိုင်းအနီး အိမ်စီးကားဖြင့် လာရောက်ပြီး လူငယ် (၂)ဦး...
တောင်ကြီး ဒေသခံ (၅)ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဒေသခံ (၅) ဦး အကြမ်းဖက် စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီ (၂၁) ရက်တွင် တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်တွင် စစ်အာဏာရှင်ကို ဆန္ဒပြသည့် သူမဟုတ်ဘဲ ဒေသခံ (၅) ဦးစုဝေးထိုင်နေချိန် စစ်ကောင်စီများက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ “ကျနော်ရှေ့ပဲ...





