Wednesday, January 28, 2026

လက်နက်ကြီးရမ်းသမ်းပစ်

ရွာငံတွင် စစ်ကော်မရှင်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်ကော်မရှင်မှ မြေပြင်စစ်ကြောင်းထိုး၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ၊ ဂျက်လေယာဉ်ဖြင့် လှည့်ပတ်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဩဂုတ်လ ၂၄) ရက် တွင် စစ်ကော်မရှင်တပ်မှ ရွာငံမြို့ မြောက်ဘက် ကျေးရွာနှင့် တောတောင်ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ဂျက်ဖိုက်တာတစ်စီးဖြင့်လည်း လှည့်လည်စောင့်ကြည့်နေကြောင်း...

ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ စစ်ကောင်စီ က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့ပြင်မှနေရ၍ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် နေစဉ် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်မှ စပြီး ယနေ့ ( ဩဂုတ်လ ၈ )ရက်အထိ နေ့စဉ် စစ်ကောင်စီတပ်သားများသည် ဆီဆိုင်မြို့ပြင်မှ နောင်ထောင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြေောင်း၊...

ညောင်‌ရွှေမြို့နယ် ဘုးရားတောင်ရွာအတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ် 

သျှမ်းပြည် ညောင်ရွှေမြို့နယ် စစ်ကောင်စီက ကျေးရွာအတွင်းကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( မေလ ၁၅ ရက် ) မနက် ၁ နာရီ ခွဲဝန်ကျင်တွင် ညောင်ရွှေမြို့နယ် အင်းလေးတောင်ဘက်ခြမ်း ရှိ ဘုရားတောင်ရွာကို စစ်ကောင်စီ နှင့် လက်‌အောက်ခံ  ပအိုဝ်းပြည်သူ့စစ်...

ညောင်ရွှေမြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၁ဦးထိခိုက်ဒဏ်ရာရ နေအိမ်များမီးလောင်ပျက်စီး

သျှမ်းပြည် တောင်ပိုင်း ညောင်‌ရွှေမြို့နယ်ရှိ ကျေးရွာနှစ်ခုကို စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်းများမီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဖေဖော်ဝါရီလ ၁၃ ရက်) ညနေ ၆ နာရီ ဝန်းကျင်တွင် စစ်ကောင်စီက ဖယ်ခုံအနောက်ဘက်ကမ်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့်...

စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ် စစ်ရှောင် ကျောင်းသူ ၁ ဦးသေ၊ ၂ဦး ဒဏ်ရာရ

သျှမ်းပြည် ဆီးဆိုင်မြို့နယ်တွင် စစ်ကောင်စီမှ အကြောင်းရင်းမဲ့ လက်နက်ကြီး ပစ်ခက်မှုကြောင့် စစ်ရှောင် ကျောင်းသူ ၁ဦး သေဆုံးပြီး၊ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ဧပြီလ ၈ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် စစ်ရှောင်ကျောင်းသူ သုံးဦး...

လားရှိုးမြို့တွင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်ရှိနေဆဲ

သျှမ်းပြည်အတွင်း ဖြစ်ပွားနေကြသည့် ၁၀၂၇ စစ်ဆင်ရေး နှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့ အကြား တိုက်ပွဲကို ယာယီရပ်ထားကြောင်း ထုတ်ပြန်ပြောဆိုထားသော်လည်း လားရှိုးမြို့နယ်အတွင်းလက်နက်ကြီး ပစ်ခတ်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဘက်သည် လက်နက်ကြီးဖြင့်တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ယာယီ အပစ်ရပ်တာလည်း ကြေညာထားတယ်၊ လက်နက်ကြီးကလည်း ပစ်နေသေးတယ်ဆိုတော့ လန့်တာ ပေါ့။ ပစ်တာက သူတို့တပ်ကနေ လက်နက်ကြီးနဲ့ ပစ်တာ၊ နားကွမ်းကျေးရွာဘက်ကို ပစ်တာ။ အကွာအဝေး ဆိုရင် ၁၀ မိုင်ဝန်းကျင်လောက်ပေါ့” ဟုလားရှိုးမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည့် နားကွမ်းကျေးရွာ နှင့် အနီးတစ်ဝိုက်၌ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ သွားလှုပ်ရှား နေကြောင်းလည်း စုံစမ်း သိရသည်။ ယင်းကဲ့သို့ ယာယီ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာပြီးသည့်နောက် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ်ပစ်ခတ်မှုသည် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ရသည့် အကြောင်း လားရှိုးမြို့ခံ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ “တိုက်ပွဲငြိမ်နေတာက တစ်ပတ်လောက်ရှိပြီ။ အပစ်ရပ်မကြေညာခင် တစ်ရက် နှစ်ရက်က တိုက်ပွဲ ငြိမ်တာ ၊ စစ်ရေး တင်းမာမှုတော့ရှိတာပေါ့။ ဒါကတော့ စစ်ရေးပဲလေ။ အဲ့ဒါကို ဒီစစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးနဲ့ ထပ်ပစ်တော့ မဟာမိတ်တပ်ဖွဲ့ က ပြန်ပစ်လိုက်ရန် တိုက်ပွဲ ထပ်ဖြစ်ပြီလေ။ တိုက်ပွဲကို မဖြစ်စေချင်တော့ပါဘူး။ ရှောင်နေရတဲ့သူတွေလည်း ဒုက္ခရောက်။ အိမ်တွေလည်းပျက်စီးကုန်တာ များပြီ” ဟု လားရှိုးမြို့ခံ အမျိုးသားက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀/၁၁ ရက်တို့တွင် ကူမင်းမြို့၌တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု”ကို ရရှိခဲ့သည် သိရသည်။ အဆိုပါ “ဟိုင်ဂင် သဘောတူညီမှု”တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သျှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်း များအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက် မှလည်း သျှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ် ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်။ နှစ်ဖက် တပ်ဖွဲ့ ယာယီအပစ်ရပ်စဲရေးကာလဖြစ်သည့် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းတွင် စစ်ကောင်စီတပ် ခမရ-၅၀၁/၅၀၂ နှင့် မဟာမိတ်ပူးပေါင်းတပ် အဖွဲ့ဝင် တအာင်း (ပလောင်)တပ်ဖွဲ့ (TNLA) တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းလည်း စုံစမ်း သိရသည်။

Latest news