Wednesday, January 28, 2026

မူဆယ်မြို့

မူဆယ် မြို့မဈေး အနီး ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့မဈေးကြီးအတွင်းတွင် ယနေ့ (ဇန်နဝါရီ ၃၁)ရက် နေ့လည် ၁၂ နာရီခွဲကျော်တွင် ကောင်းခါးပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၁ )ရက် နေ့လည် ၁၂ နာရီ ၄၂ မိနစ်အချိန်တွင် မူဆယ်မြို့ မြို့မဈေးဘေးလမ်း ကားပေါ်တွင် ရှိနေသည့်...

သျှမ်းမြောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ငွေကြေးကောက်ခံမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ပြည်သူများထံ ဖုန်းဆက်အကြောင်းကြားကာ ဆက်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီလပိုင်းက စတင်ပြီး SSPP နှင့် TNLA တို့တပ်ဖွဲ့ ကို အမည်ခံကာ ဖုန်းဆိုင်များ၊ ရွှေဆိုင်များကို ငွေတောင်းပြီး Kpay သို့မဟုတ် wave money မှ...

တရုတ်နိုင်ငံသို့ ပို့မရသည့် ဖရဲသီးများ လမ်းဘေးချရောင်းနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကျင်ဆန်ကျော့တွင် ပိတ်မိနေပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်မရသည့် ဖရဲသီးများကို လမ်းဘေးတွင် ဈေးသက်သက်သာသာဖြင့် ရောင်းချနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်မရသော ဖရဲသီးများကို ဒီဇင်ဘာ ပထမ အပတ်က စပြီး ကျင်ဆန်ကျော့ လမ်းမကြီးဘေးတွင်ရောင်းချနေကြောင်း သိရသည်။ “ဒီတိုင်းရောင်းနေတာတော့ ကြာနေပြီ။ ဒီဇင်ဘာ ပထမ အပတ်ကတည်းက...

မူဆယ်မြို့နယ်တွင် ရဲယူနီဖောင်း အရောင်ဆင်တူ ဝတ်ပြီး လုယက်မှုများပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် ရဲယူနီဖောင်း အရောင်ဆင်တူ ဝတ်ထားပြီး နေ့ခင်းအချိန် လုယက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ပြင် ၁၀၅ မိုင်အနီးတဝိုက် ကားလမ်းမကြီးပေါ်တွင် ရဲယူနီဖောင်းနှင့် ဆင်တူအရောင် ဝတ်ဆင်ထားသည့် လူတစ်စုက လမ်းသွားလမ်းလာများထံ ဆိုင်ကယ်နှင့် ပိုက်ဆံအိတ်ကို လုယူလေ့ရှိကြောင်း သတင်းသိရသည်။ “သူတို့က ၄ ယောက်လား...

မူဆယ်မြို့ ၁၀၅ မိုင်တွင် ဖရဲသီးများ စွန့်ပစ်ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅)မိုင်တွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးတင်ကားများသည် လမ်းတွင် အချိန်ကြန့်ကြာနေသဖြင့် ဖရဲသီးများ စွန့်ပစ်လိုက်ရကြောင်း သတင်းရရှိသည်။ မန္တလေးမြို့ ဘက်မှ တက်လာသည့် ဖရဲသီးတင်ဆောင်လာသည့် ကားများသည် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် စစ်ဆေးမှုကြန့်ကြာနေသဖြင့် ဖရဲသီးများပုပ်သိုးကာ စွန့်ပစ်လိုက်ရတာဖြစ်ကြောင်း ကုန်တင်ကားဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တရုတ်ထဲကို...

မူဆယ်မြို့ တရုတ်ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွိုင်နယ်မြေ ရွှေညောင်ပင်လမ်းတွင် ယနေ့ (ဒီဇင်ဘာ ၂၇)ရက် ည ၇နာရီ၌ တရုတ်ငွေလဲသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ ည ၇ နာရီတွင် မူဆယ်မြို့ ကောင်းမှုလွိုင် ရွှေညောင်ပင်လမ်း၌ နေထိုင်သည့် တရုတ်ငွေလဲသည့် မအားလီ၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက်ပြီး ဓားပြတိုက်သွားကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ဒီည ၇ နာရီလောက် မအားလီရဲ့အိမ်ကို လက်နက်ကိုင် ၄ ဦး လာတယ်။ ဓားပြလာတိုက်တာ။ သေနတ်ကျည်လည်းဖောက်သွားတယ်။ မအားလီ ကတော့ ဒဏ်ရာ မရဘူး" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီတွင်လည်း မူဆယ်မြို့လယ်ခေါင် နာရီစဉ်အနီးတွင် တရုတ်ငွေလဲနေသူ ဓားပြတိုက်ခံရပြီး သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

မူဆယ်မြို့လယ်ခေါင် ငွေလဲလှယ်ပေးသူ ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့လယ် နာရီစင်အနီးတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၀)ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ ဓာပြတိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မူဆယ်မြို့လယ်ခေါင်ဖြစ်သည့် နာရီစင်အနီး တရုတ် - မြန်မာ ငွေလဲလှယ်ပေးနေသူအား လက်နက်ကိုင်လူတစ်စုက လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “အယ်လ်ဖတ်ကားနဲ့...

မူဆယ်မြို့ စျေးဆိုင်ပိတ်သူများကို ခြိမ်းခြောက်ခဲ့သည့် စည်ပင်ရုံး ဗုံးပေါက်ကွဲ၊ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း ယနေ့ အသံတိတ် သပိတ်နေ့တွင် စျေးဆိုင်ပိတ်သည့် သူများကို လိုက်လံခြိမ်းခြောက်ခဲ့သည့် မူဆယ် စည်ပင်သာယာရေးဌာန ဗုံးခွဲ တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်)တွင် နိုင်ငံတ၀ှမ်းလုံးအနေဖြင့် ငြိမ်သက် ခြင်းသပိတ် Silent Strike...

မူဆယ် Silent Strike လုပ်သည့် စျေးဆိုင် ဆိုင်တစ်လ ပိတ်ခံရမည်ဟု စည်ပင်ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ယနေ့ ဒီဇင်ဘာ (၁၀)ရက်တွင် ဈေးဆိုင်မဖွင့်သည့် ဈေးသည်များကို ဆိုင်တစ်လ အပိတ်ခံရမည်ဟု မြို့နယ်စည်ပင်က လိုက်လံခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဈေးသည်များ ဈေးရောင်းချခြင်းမရှိပါက ဈေးဥပဒေအရ တစ်လ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လိုက်လံ ဆော်သြ ခြိမ်းခြောက်နေကြောင်း မူဆယ်ဒေသခံက ပြောသည်။ “အကြောင်းတစ်စုံတစ်ရာ...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

Latest news