တိုက်ပွဲ
ဖားကန့်ဒေသ တိုက်ပွဲကြောင့် ကုန်စျေးနှုန်း အဆမတန်မြင့်တက်
ကချင်ပြည် ကျောက်စိမ်းထွက်သည့် ဖားကန့်ဒေသတွင် စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာသဖြင့် ဒေသခံများအခက်အခဲ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် အဓိကကုန်သွယ်ရေး လမ်မကြီး နှစ်လမ်းဖြစ်သည့် မြို့တောင်ဘက်ရှိ ဖားကန့်-အင်းတော်ကြီးလမ်းကို စစ်ကော်မရှင်တို့က ပိတ်ထားမှုကြောင့် လက်ရှိတွင်...
TNLA ထိန်းချုပ်ဒေသတွင် စစ်ကော်မရှင်တပ် တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်သူ ၅၀ နီးပါးသေဆုံး
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်အပါအဝင် ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံ မြို့နယ်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သြဂုတ်လအတွင်း ပြည်သူ (၄၆) ဦး သေဆုံးခဲ့ရကြောင်း TNLA က ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ထိုသေဆုံးမှုတွင်...
မိခင်ရင်ခွင်ထဲကနေ ကလေးအသက်ကို ဆွဲနှုတ်သွားတဲ့ စစ်ဗုံး
“ခမ်း နင့်သမီး ဆုံးပြီ” ဟု သျှမ်းဘာသာစကားဖြင့် ပြောလာသည်။ ထို့နောက် နန်းခမ်းတစ်ယောက် တစ်ဖက်လူ၏ မျက်နှာကို စေ့စေ့ကြည့်လျက် မျက်တောင်မခတ်ဘဲ မတုန်မလှုပ် အသက်ရှူရန်ပင် မေ့သွားသည့်အတိုင်း အံ့ဩမှင်သက်နေခဲ့သည်။ နောက်ထပ် မိနစ်အနည်းငယ် အကြာတွင်မှ “ငါ့ သမီးလေး …”ဟု မျက်ရည်ပေါက်ကြီးငယ် ကျလာလေ၏။ နန်းခမ်းသည် စိတ်ကို ချုပ်တည်းမနေတော့ဘဲ...
ကျောက်မဲမြို့နယ် နောင်ပိန်အနီး လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံး၊ ဂုတ်တွင်းထဲ တိုက်ပွဲပြင်းထန်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် တိုက်ပွဲကြား လေကြောင်းဗုံးနှင့် သေနတ်ပစ်ခတ်မှုကြောင့် ပိတ်မိပြည်သူ (၅) ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၄ ရက်) ညနေပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ်...
ကျောက်မဲ-နောင်ချိုကြား ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရ
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရပြီး တံတားချဉ်းကပ်နေရာ ကျိုးပဲ့ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် နောင်ချိုမြို့နယ် ဂုတ်ထိပ်ရွာကြားရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရပြီး နောင်ပိန်ဘက်ခြမ်း တံတားချဉ်းကပ်တိုင်နေရာတွင် ကျိုးပဲ့ပျက်စီးနေကြောင်း ယနေ့ (ဩဂုတ်လ ၂၄ ရက်) နံနက်ပိုင်း၌ အွန်လိုင်းလူမှုကွန်ရက်...
ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် ကျေးရွာ ၁၀ရွာ မှ ဒေသခံ ၃ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှင့် တိုက်ပွဲပြင်းထန်မှုတို့ကြောင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံထောင်နှင့်ချီဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၁၈ ရက်) စတင်ပြီး စစ်ကောင်မရှင်တပ်သည် နောင်ပိန်ရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးသည့် ထန်းတပင်ကျေးရွာဘက်သို့ စစ်အင်အား (၇၀၀)...
ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ Y-12 လေယာဉ် ဗုံး(၃၀)ကျော်ကြဲချ၊ ဂုတ်တွင်းထဲ တိုက်ပွဲပြင်းထန်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးအလုံး(၃၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ဂုတ်တွင်းထဲတွင် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး တစ်ရက်တည်း Y-12 လေယာဉ်ဖြင့် နေ့လယ်ပိုင်း နှစ်ကြိမ်၊...
စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုစစ်ရှောင် ၄၀ ကျော်သေဆုံးဒဏ်ရာရ
SHAN -
ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့ကြောင်း...
ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ စစ်ကော်မရှင်တပ် မြေပြင်စစ်ကြောင်းထိုး တိုက်ပွဲဖြစ်၊ မြို့ပေါ် အသေခံဒရုန်းတိုက်ခိုက်
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းသို့ စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး TNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်းရှိ ထန်းတပင်ကျေးရွာသို့ နောင်ချိုဘက်မှ တပ်မ - ၁၁ လက်အောက်ခံ...
ပင်လောင်း-လွိုင်ကော် လမ်းမကြီး ပြန်လည်ဖွင့်လှစ်ပြီးနောက် လိုင်းကားများ ပြန်လည်ပြေးဆွဲ
စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ပြီးနောက် လိုင်းကားများ ပြန်လည်ပြေးဆွဲနေကြောင်း သတင်းရရှိသည်။ ဇူလိုင် ၂၃ ရက်မှစတင်ပြီး ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ကို ပြေးဆွဲနေသည့် လိုင်းကားများ ပြန်လည်ပြေးဆွဲနေပြီဟု လိုင်းကားပြေးဆွဲနေသည့် ပင်လောင်းမြို့ဒေသခံ ကိုကျော် (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို...





