CATEGORY
Women and Gender
Women and Gender focus news
ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈)...
SHAN -
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ လိင်လုပ်ငန်းတစ်ခုတွင် အသက် ၁၅ နှစ်အရွယ် မြန်မာကလေးတစ်ဦးအပါအဝင် မိန်းကလေး ၃ ဦးကို ထိုင်းအာဏာပိုင်များက ကယ်ထိုင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ချင်းရိုင်တွင် ကလေးငယ်များကို လိင်လုပ်ငန်းများတွင် အတင်းအဓမ္မခိုင်းစေနေကြောင်း လူထုက သတင်းပေးပို့ခဲ့ပြီးနောက် ချင်းရိုင်မြို့တော်ဝန်မှ အောက်တိုဘာလ ၂ ရက်တွင် တရားမဝင်...
ကျောက်မဲ သံဃာတစ်ပါးနှင့် မိသားစု ၃ ဦးကို စစ်တပ် သေနတ်ပစ်သတ်၊ ၁၆ နှစ်သမီး မုဒိမ်းကျင့်သတ်ခံရ
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သားများသည် သံဃာတစ်ပါးနှင့် သားအမိ(၃)ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထိုထဲတွင် အသက်(၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ခံထားရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်...
ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...
ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...
MNDAA ထိန်းချုပ် သိန္နီမြို့နယ်တွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ
သျှမ်းပြည် သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု မန်ပန်ရွာတွင် တရုတ်ကျောင်းဆရာမတစ်ဦး မုဒိမ်းကျင့်ခံရပြီး သတ်ဖြတ်ခံထားရကြောင်း ဒေသခံများက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်တွင် အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူမှာ စယ်အူကျေးရွာအုပ်စု မန်ပန်ရွာရှိ တရုတ်ကျောင်း၌ စာသင်ပေးနေသည့် အသက် (၅၀) နှစ်ခန့်အရွယ် Wu Yin...
မိုင်းရယ် LGBT တစ်ဦး ဓားခုတ်ဒဏ်ရာဖြင့် အသတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့တွင် LGBT တစ်ဉီး ဓားခုတ်ဒဏ်ရာဖြင့် အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက်၌ နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အောင်ခေး (ခေါ်) အေးတိုင်း သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် ဝမ်မော်ကျေးရွာဘက်သို့...
မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး
TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း
မိုးစက်ကျသံတွေနဲ့အတူ ကလေးငယ်ရဲ့မျက်နှာကို မြင်ရဖို့အတွက် ကိုနိုင် (အမည်လွှဲ)တစ်ယောက် စိတ်တွေ ဂဏှာမငြိမ် ဖြစ်နေပါတယ်။ အချိန်က မိုးဉီးကျ ဇွန်လအစပိုင်း ဆိုတော့ မိုးစက်သံ တဖြိုက်ဖြိုက်နဲ့ အတူ ကိုနိုင်နဲ့ မစန်းစန်း (အမည်လွှဲ) က ကလေးကောင်းမွန်စွာ မွေးဖွားနိုင်ဖို့အတွက် ဝင်ငွေနည်းပါးတဲ့ကြားက တောင်ကြီးမြို့ပေါ် ပုဂ္ဂလိက ဆေးရုံတစ်ခုကို...
သက်ငယ်မုဒိမ်းမှုတွေ ဖြေရှင်းဖို့ ခက်နေဆဲ
“ပြန်တွေ့တော့ အလောင်းက ပုပ်သိုးနေပြီ၊ မျက်လုံးတောင် မရှိတော့ဘူး။ မျက်နှာလည်း ရစရာမရှိအောင်၊ မမှတ်မိတော့ဘူး” ဟု မနှင်း (အမည်လွှဲ) က ဝမ်းနည်းစွာဖြင့် ပြောနေသည်။ လွန်ခဲ့သည့် ဇူလိုင်လ ၃၀ ရက်တွင် တာချီလိတ်မြို့ ပြည်သူများသည် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာပေါ်၌ အသက် (၈)...





