Monday, January 26, 2026

ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈) နှစ်အရွယ် ကျောင်းသူတစ်ဦးသည် စာသင်ပြီးကျောင်းအပြန် ဂေါက်ကွင်းလမ်းခုလတ်တွင် ရောက်နေချိန် အသတ်ခံရခြင်း ဖြစ်သည်။

အဆိုပါအလောင်းကို ဂေါက်ကွင်းအနီးရှိ ချုံထဲတွင် တွေ့ရှိခဲ့ပြီး ၎င်း၏ လည်ပင်းတွင် ဓားဒဏ်ရာဒဏ်ချက် တွေ့ရှိခဲ့ကြောင်း ကွတ်ခိုင်မြို့ဒေသခံများက ပြောသည်။

“အခုထိတရားခံကို ဖမ်းမမိသေးဘူး၊ သံသယကွင်းဆက်ရှိတဲ့လူတွေကို မေးမြန်းစစ်ဆေးနေတယ်။ ပြစ်မှုကျူးလွန်သူ နှစ်ယောက်က ပြစ်မှုကျူးလွန်စဉ်မှာ မက်စ် (Mask) အမည်းရောင်တပ်ထားတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် အသတ်ခံရသည့် မိန်းကလေး၏ နားတွင်ဆင်မြန်းထားသော ရွှေနားကပ် ၁ ရံ ပျောက်ဆုံးလျှက်ရှိပြီး မိန်းကလေးတွင် ဆွဲပေးထားသော ရွှေဆွဲကြိုးအတုလေးပါ ပျောက်ဆုံးနေသဖြင့် လုယက်မှုဖြစ်နိုင်ကြောင်း ဒေသခံအချို့က ခန့်မှန်းယူဆကြသည်။

သို့သော်လည်း အဆိုပါမိန်းကလေးကို အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း TNLA က ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကွတ်ခိုင်

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြန်ကြားရေး တာဝန်ခံ လွေးယေဦးကို သျှမ်းသံတော်ဆင့်က မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ထိုအခင်းဖြစ်ပွားသည့်နေရာကို TNLA ၏ မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ တရားခံကိုလည်း အရေးယူနိုင်ရန် ဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် TNLA ကဆိုထားသည်။

လက်ရှိတွင် တရားခံများပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာက စုံစမ်းနေလျှက်ရှိပြီး ကလေးသူငယ်များကို ရွှေ၊ လက်ဝတ်ရာတနာ စသည့် တန်ဖိုးရှိပစ္စည်းများကို ဆင်ယင်ပေးခြင်း မလုပ်ကြရန် ဒေသခံတစ်ဦးကလည်း တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...

ကွတ်ခိုင်နှင့် မိုင်းလုံမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကလေးအပါအဝင် အရပ်သား (၇) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရ

0
သျှမ်းပြည် ကွတ်ခိုင်မြို့ပေါ်သို့ လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် (၆) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) နံနက်အစောပိုင်း ၁ နာရီခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...

ကွတ်ခိုင်မြို့နယ် မန်ဝိန်းပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အရေးယူရန် ဒေသခံတောင်းဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

စစ်အာဏာရှင်တော်လှန်ရေးကြား မူဝါဒကင်းမဲ့နေတဲ့ သယံဇာတ တူးဖော်မှု

0
“ဂေါက်ကွင်းကို အကုန်လုံး တူးလိုက်ပြီ မရှိတော့ဘူး၊ အကုန်လုံး မွစာကြဲသွားတာ”လို့ မိုးကုတ်ဒေသခံ ကျောက်ကုန်သည် ကိုသားငယ် (အမည်လွှဲ) က ဝမ်းနည်းစွာနဲ့ ပြောလာပါတယ်။ စက်ယန္တယားတွေနဲ့ အင်တိုက်အားတိုက် တူးဖော်မှုကြောင့် မိုးကုတ်ဒေသခံတစ်ယောက်အနေနဲ့ ဂေါက်ကွင်းရှေ့ ဖြတ်သွားတိုင်း စိတ်မကောင်းဖြစ်နေရကြောင်း ရင်ဖွင့်ပြောဆိုလာပါတယ်။ စက်ယန္တယားတွေ နဲ့ အင်တိုက်အားတိုက်တူးနေတဲ့ ဂေါက်ကွင်းကတော့ တအာင်း(ပလောင်)...