Friday, May 3, 2024

CATEGORY

နိုင်ငံရေး

စစ်ဘေးရှောင် ရန်ပုံငွေ အတွက် RCSS ဌာနချုပ်တွင် သျှမ်းနှစ်သစ်ကူး ကျင်းပမည်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ် လွိုင်တိုင်းလျန်းတွင် စစ်ဘေးရှောင်ရန်ပုံငွေ အတွက် သျှမ်းနှစ်သစ်ကူး ကျင်းပသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ RCSS/SSA ဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျန်းတွင် ဒီဇင်ဘာ ၁၂ရက် သျှမ်းနှစ်သစ်ကူးအကြို ပြုလုပ်သွားမည်ဖြစ်ပြီး၊ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေများရှာဖွေကာ လှူဒါန်းသွားမည်ဖြစ်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ကျနော်တို့က ပွဲကြီးကြီးမားမားလုပ်မှာ မဟုတ်ပါဘူး။ ဓလေ့ ရိုးရာ...

တာချီလိတ်မြို့ ယာဉ်ထိန်းရဲများ တရုတ်ကျားဖြန့်ဖမ်းဆီးမှု အကြောင်းပြပြီး ငွေညစ်နေ

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များမှ တရုတ်ကျားဖြန့်အဖွဲ့ဝင်များကို ဖမ်းဆီးခြင်း အကြောင်းပြပြီး ဒေသခံများထံ ငွေညစ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။ ယခုရက်ပိုင်း တာချီလိတ်မြို့တွင် တရုတ်ကျားဖြန့် (ငွေလိမ်ဂိုဏ်း) များကို နှိမ်နင်းဖမ်းဆီးနေကြောင်း ဆိုသည့် အကြောင်းပြချက်ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့များက အုပ်စုဖွဲ့၍ ကားများအား တားဆီးစစ်ဆေးပြီး တရုတ်လူမျိုးကို  တွေ့ရှိလျှင် ထိုင်းဘတ်ငွေ...

လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...

သီပေါမြို့နယ် စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရ၊ ဒေသခံများ နှစ်ဘက်တိုက်ပွဲအတွင်း လုံခြုံရေးစိုးရိမ်နေ

သျှမ်းပြည် သီပေါမြို့နယ်တွင် မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရသဖြင့် ဒေသခံများမှာ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နှင့် လားရှိုးမြို့အကြား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားသည် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း...

စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး

သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား​(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...

သိန္နီ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦး ပွဲချင်းပြီးသေဆုံး၊ ကလေး ၂ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်) ည ၉ နာရီအချိန်ခန့်တွင် သိန္နီမြို့အခြေစိုက်...

စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် နမ့်ခမ်းမြို့ပေါ် ဗုံးကြဲ အရပ်သားတစ်ဦးသေဆုံး၊ ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

နမ့်ခမ်းမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှ ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့နယ် ယမန်နေ့ ( ဒီဇင်ဘာလ ၁) ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နောင်စန့်၊ဟိုကတ်၊ကောင်းနောင်မိုရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား...

နမ့်ခမ်းမြို့နယ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး၊ လူငယ်တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁)ရက် နံနက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၁ ရက်နေ့) မနက် ၈ နာရီခွဲတွင် နမ့်ခမ်းမြို့...

တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကို ထိုင်းအစိုးရ အရေးယူဆောင်ရွက်မည်

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန မှ ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကိုပါ အရေးယူဆောင်ရွက်သွားမည်ဟု Asia News သတင်းက ရေးသားဖော်ပြထားသည်။ ဆောက်လုပ်ရေး ကုမ္ပဏီ၊ စိုက်ပျိုးရေး ကုမ္ပဏီ နှင့် ရေးလုပ်ငန်းစသည့်တို့ကို ထိုင်းနိုင်ငံ ဥပဒေ နှင့် အညီ လိုက်နာမှုမရှိလျှင်...

ကိုးကန့်ဒေသ နေထိုင်သူများ အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းရ

သျှမ်းပြည် အထူးဒေသ (၁) အတွင်း နေထိုင်သူများသည် အသက် ၁၆ နှစ်ပြည့်ပြီးပါက မည်သူမဆို စစ်မှုထမ်းဆောင်ရမည် ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပြောဆိုလိုက်သည်။ လက်ရှိ သျှမ်းမြောက်ဒေသ “ ၁၀၂၇ စစ်ဆင်ရေး “ တိုက်ပွဲတွင် အချိန်ကြာလာသည်နှင့်အမျှ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တို့ ကျဆုံးမှုများပြားလာချိန်တွင်...

Latest news