ဆီဆိုင် အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းထပ်မံနင်းမိကာ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းစုံစမ်းသိရှိရပါသည်။ သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နောင်ရင်းရွာရှိ ဇွန်လ ၁၃ရက် ညနေ ၅နာရီခန့်တွင် နန်းထားထားရီ သည် နိုင်ငံရပ်ခြားတွင်ရောက်ရှိနေသော အစ်မဖြစ်သူနှင့် ဖုန်းဆက်သွယ်ပြောဆိုရန် ရွာအရှေ့ဘက် ဖုန်းလိုင်းမိသောနေရာသို့သွားရောက်ခဲ့သည်။ ၎င်းအမဖြစ်သူနှင့်ဖုန်းဆက်ပြီးအပြန်တွင် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ကာဘယ်ဖက်မျက်လုံး အစထိမှန်ဒဏ်ရာရရှိခဲ့သည်။...
လားရှိုး၊ ကျောက်မဲ VPN App များစစ်ဆေးပြီး ငွေညှစ်တောင်းနေ
သျှမ်းပြည် လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲအဖွဲ့အစည်းများမှ VPN အက်ပလီကေးရှင်းများကို စစ်ဆေးကာ ငွေညှစ်နေကြောင်း သတင်းရရှိသည်။ ဇွန်လ ဒုတိယပတ်မှစတင်ပြီး လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့တွင် သွားလာနေသူများ၏ ဖုန်းထဲရှိ VPN အက်ပလီကေးရှင်းများကို စစ်ကောင်စီလက်အောက်ခံ ရဲအဖွဲ့အစည်းများမှ စစ်ဆေးပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း လားရှိုးမြို့ဒေသခံ အသက်...
သိန္နီမြို့နယ် မိုင်းလီ ကွင်းလမ်း ပျက်စီး၊ ကားများနွံနစ်မှုဖြစ်
ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းလီလမ်း ပျက်စီး၍ ကားများနွံနစ်ကာ ကားသမားများ အခက်အခဲများစွာ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်သွားလမ်း မိုင်းလီရွာအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ ပျက်စီးကာ ကားနွံနစ်မှု၊ ကားပျက်စီးမှု ကြုံတွေ့နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့မှာ...
မိုင်းပျဉ်တောင် အတက်အဆင်း အချိန့်ကန့်သတ်ထား
သျှမ်းပြည် အရှေ့ပိုင် မိုင်းပျဉ်တောင်ပေါ်တွင် ကားများ ပိတ်ဆို့မှုကြောင့် အတက်အဆင်းကို အချိန့်ဖြင့် ကန့်သတ် သွားလာမှုများ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်တောင်ပေါ်တွင် မိုးရွာ၍ လမ်းချော်မှုများ၊လမ်းကျဉ်မှုများကြောင့် ကားငယ်များနှင့် ၁၀ ဘီးကုန်တင်တွဲကားကြီးများပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် ဇွန် ၁၁ နေ့မှ စ၍...
SHAN -
သျှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး ရောက်ရှိနေစဥ် ယမန်နေ့က မြို့တော် လားရှိုး အဝင်အထွက် လမ်းများကို စစ်ကောင်စီတပ်က မြေတူးစက်များဖြင့် မြောင်းဖောက် ဖျက်ဆီးခဲ့သည်။ လက်ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို ညီနောင် မဟာမိတ်တပ်များ ဝင်ရောက်...
သီပေါ-နမ္မတူလမ်းမကြီးပေါ် မြောင်းတူးပြီး စစ်ကောင်စီတပ် လမ်းကြောဖြတ်
သျှမ်းပြည် သီပေါမြို့နယ် ကွန်စံလိတ်ရွာအနီးရှိ သီပေါ-နမ္မတူလမ်းမကြီးပေါ်တွင် မြောင်းတူးပြီး စစ်ကောင်စီတပ်က လမ်းကြောဖြတ်တောက်ထားလိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) ညနေ ၃ နာရီကျော်မှစတင်ပြီး သီပေါမြို့နယ် ပန်နေကျေးရွာနှင့် ကွန်စံလိတ်ကျေးရွာအကြားရှိ သီပေါ-နမ္မတူလမ်းမကြီးပေါ်တွင် စစ်ကောင်စီက မြောင်းတူးပြီး လမ်းကြောဖြတ်တောက်လိုက်ခြင်းကြောင့် ကားသွားလာ၍ မရတော့ဘဲ တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို...
မူဆယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့်အမျိုးသား ဖမ်းဆီးခံရ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦးအပေါ် ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသားကို ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၃ ရက်) နေ့လည် ၁၁ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်ရှိ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကာလအတွင်း...
ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီနှင့် PNO တို့ဖမ်းဆီးထား
သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့အချိန်ထိ ၃ ရက်ကြာပြီဖြစ်သော်လည်း ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ တောတောင်ထဲအတွင်း စစ်ဘေးရှောင်နေရသည့် ဒေသခံများကို နေရပ်မပြန်ပါက နေအိမ်များ မီးရှို့မည်ဟု စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO...
PNO မှ ဟိုပုံးအရပ်သား (၂)ဦးကို ပစ်သတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့ နောင်ပဖါရပ်ကွက်နေ ပြည်သူ (၂)ဦး ကို ပအိုဝ်းပြည်သူ့စစ် ( PNO )ပစ်သတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (PNLA) က ထုတ်ပြန်ကြေညာခဲ့သည်။ ဖြစ်စဉ်မှာ မေလ ၁၅ရက် ညနေ ၈နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ PNO တို့သည့်...
သျှမ်းမြောက် စစ်ရေးတင်းမာ၊ ပြည်သူများ သတိရှိရန်လိုအပ်
SHAN -
သျှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး အခြေအနေ ရောက်ရှိနေသဖြင့် ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဟု ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၁၃ ရက်) တွင် အကြံပြု ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...





