ပင်လောင်းတွင် ဆယ်ကျော်သက် လူငယ်များကို PNOမှ ကင်းစောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် လိန်းညားကျေးရွာအုပ်စုရှိ ဆယ်ကျော်သက် လူငယ်များအပါအဝင် လက်နက်မပါဘဲ ပအိုဝ်းပြည်သူ့စစ် PNO မှ ကင်းစောင့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့်( သြဂုတ်လ ၃ )ရက်နေ့မှစပြီး လိန်းညား ကျေးရွာအုပ်စုရှိ အသက် ၁၈ နှစ် လူငယ်များနှင့် အသက် ၄၅ အရွယ် လူကြီးများကို ပအိုဝ်းပြည်သူ့စစ် (PNO) က လက်နက်မပေးဘဲ ရွာအနီးနားတွင် အလှည့်ကျကင်းစောင့်ခိုင်းကာ မစောင့်လျှင် ဒဏ်ကြေးများ ပေးဆောင်နေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံများပြောပြချက်အရသိရသည်။

” မစောင့် ဘူးဆိုရင်တော့ ပိုက်ဆံတောင်းတယ်။ သွားစောင့်လို့ သူတို့ခေါ်တဲ့ မနက် ၆နာရီ မရောက်လို့နောက်ကျရင်လည်း ပိုက်ဆံ၃၅၀၀၀ ကျပ်ပေးရတယ်။ ရွာတောင်ဖက်ကို (၇)ယောက် စောင့်ရတယ်။ ပုံမှန်ဆို စစ်တပ်က နှစ်ယောက် ရွာသားက နှစ်ယောက် ရွာ အနောက်ပိုင်း အဲလိုခွဲစောင့်ရတယ်။ ရွာသားကို လက်နက်ပေးမကိုင်ထားဘူး”ဟု ဒေသခံလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုသို့ လုံခြုံရေးယူကာ ကင်းစောင့်နိုင်ရန်အတွက် PNO မှ ကျေးရွာများတွင် အဖွဲ့များသတ်မှတ်ကာ နံနက် ၆နာရီလျှင် ခေါင်းဆောင်အိမ်သို့ သွား၍စုဝေးရကြောင်းသိရသည်။

လက်ရှိ လုံခြုံရေးယူကာ ကင်းစောင့်ခိုင်းသော ကျေးရွာများမှာ တတောက်တို့ ၊ ဟံတနျား၊ တခါးရင်းရွာ၊ လဲင်းတနျား၊ ထီးဗိ၊ ကောင်ဗွာ၊ နှင့် ညောင်မွူးတို့ ဖြစ်ကြသည်။

ယခုကဲ့သို့ လက်နက်မရှိဘဲ လုံခြုံရေးယူကာ ကင်းစောင့်ပေးနေရသည့်အပေါ် ကိုယ့်လူမျိုးလည်ပင်း ကိုယ်ပြန်ညှစ် နေသလိုခံစားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦး က ပြောသည်။

ပင်လောင်းမြို့ နှင့် နေပြည်တော် လမ်းမကြီးကြား တိုက်ပွဲဖြစ်

“သူတို့ လုံခြုံရေး ကင်းစောင့်ရတဲ့အခါက လက်နက်မရဘူး လက်နက်မရှိဘူးပေါ့နော်။ အဲတခုက စိတ်ပူပန်ရတယ် ရုတ်တရက် သူများတွေ လာခဲ့ရင် သူတို့ ဘယ်လိုခုခံ ကာကွယ်မလဲ ။လက်နက်မရှိတော့ စိတ်တိုတယ်။ သူတို့က ကိုလူမျိုးအချင်းချင်း ဖြစ်ပြီးတော့ ကိုယ်လူမျိုးလည်ပင်ကို ပြန်ညစ်နေတယ် အဲလိုခံစားရတယ်။ “ဟု ၎င်းအမျိုးသမီးက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် မတ်လက တိုက်ပွဲကြောင့် ပင်လောင်းရှိ ကျေးရွာများစုမှာ စစ်ရှောင်နေကြရသည်။

ယခုလက်ရှိတွင် ပင်းလောင်ဒေသဘက်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုကာ လမ်းပြတ်တောက်မှုများကြောင့် စစ်ဘေးရှောင်နှင့် ဒေသခံများ သွားလာရအခက်ခဲဖြစ်နေကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...