လဲချားတွင် မူဆယ်သို့သွားမည့်လူငယ်များကို PDF ဟု စွပ်စွဲကာ လူငယ် ၁၀၀ ကျော်ဖမ်းဆီးထား

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ သို့ သွားမည့် လူငယ် ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဟုစွပ်စွဲကာ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ သြဂုတ် ၈ရက်တွင် မြန်မာ-တရုတ်နယ်စပ်ဘက်သို့ သွားရန် ကား(၁၀)စီးဖြင့်လာသော လူငယ် ၁၀၀ဦး ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ က သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၌ ဖမ်းဆီးထားကြောင်း ၎င်းအကြောင်းကို သိသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူများက မြောက်ပိုင်းကနေထွက်နေချိန် သူတို့က သွားတာရယ်။ နောက် အရွယ်တွေကလည်း လူငယ်တွေဖြစ်တယ်။ ဗမာလူမျိုးတွေလို့လည်းပြောတယ်။ ခုမြို့ထဲမှာ ရဲတွေကော စစ်တပ်တွေရော မြို့ထဲ လုံခြုံရေး ဖြည့်နေတယ်” ဟု ၎င်း က ထပ်လောင်းပြောသည်။

လက်ရှိမှာ ထိုလူငယ်များကို လဲချားရဲစခန်းတွင် ထားရှိနေကြောင်း သိရသည်။

လဲချားမြို့

ဖမ်းဆီးခံရသောလူငယ်များမှာ လားရှိုးမြို့ MNDAA မှ အလုပ်အကိုင် ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ခံလာရကြောင်း ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“သူတို့က PDF လို့လည်း ယူဆရတယ်လို့ပြောတယ်၊ ပြောကြတာကတော့ လားရှိုး MNDAA က အလုပ်အကိုင်ပေးမယ်ဆိုပြီး လိမ်ပြီး ခေါ်လာခံရတယ်လို့လည်းပြောတယ်၊ လက်နက်ပေးပြီး လက်နက်ကိုင်ခိုင်းမယ်လို့လည်း ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ သျှမ်းပြည်မြောက်ပိုင်း တကြောဖြစ်သည့် ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်၊ လားရှိုးမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်များတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့ စစ်ရေးပြင်းထန်နေသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီဘက်မှလည်း နည်းမျိုးစုံသုံးပြီး အရပ်သားကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ထို့ပြင် သြဂုတ် ၈ရက် တွင်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့သို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တန့်ယန်း-မိုင်းရယ်ဘက်မှတဆင့် ကားကြီးများဖြင့် စစ်အင်အား အများအပြား ထပ်မံဖြည့်တင်းထားကြောင်းလည်းသိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...