လူထုအား ချောမဆွဲရန်အဆို သျှမ်းပြည်နယ်လွှတ်တော်တွင် ဆွေးနွေးခွင့်မရ
မေလ ၂၈ ရက်နေ့တွင်စတင်သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ဒသမပုံမှန် အစည်းအဝေးတွင် ကျောက်မဲလွှတ်တော်အမတ် တင်သွင်းသော လူထုအား ချောမဆွဲရန်ဆိုသည့်အဆိုတခု စစ်နှင့်ပတ်သက် သည်ဟုဆိုကာ ပယ်ဖျက်ခြင်းခံရကြောင်းသိရသည်။ လွှတ်တော်အစည်းအဝေးအား ၃ ရက်သာကျင်းပရာတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ လူထုအား အသေခံ လမ်းပြအဖြစ် ခိုင်းစေသည်မှာ မဖြစ်သင့်၊ မရှိသင့် - ဆိုသည့်...
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ အလုပ်အမှုဆောင်ပြန်လည်ရွေးကောက်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို နမ့်ခမ်းမြို့နယ် တွင်ကျင်းပရာ ဒေသခံလူထု ၁ ထောင်ကျော် တက်ရောက်ကြောင်းသိရသည်။ "နမ့်ခမ်းဒေသခံတွေ နဲ့ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ချင်တာရယ်။ လူထုကိုအားပေးချင်တာရယ် ဒီရည်ရွယ်ချက်နဲ့ပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကျနော်တို့ ဒီနမ့်ခမ်းမှာ မအောင်ပေမယ့် လူထုအတွက် အမြဲမပြတ်လုပ်ပေးနေတယ်ဆိုတဲ့အကြောင်းလည်းရှင်းပြချင်တာရယ်။ ဒီတွေ့ဆုံပွဲကိုလုပ်ရတာဖြစ်ပါတယ်။" - ဟု...
ယခင်စစ်အာဏာရှင်များအား သရော်သည့်ကာတွန်းများရေးဆွဲသူ ကာတွန်းဟန်လေး၏ ကာတွန်းစာအုပ်ထုတ်ဝေရောင်းချခြင်း စာအုပ်မိတ်ဆက်ပွဲအား ရန်ကုန်မြို့တွင်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံရေးကာတွန်းကွက်ပေါင်း ၁၆၀ ကျော်စုစည်းထားသည့် ဟန်လေးကာတွန်းစာအုပ် ပထမအကြိမ် ထုတ်ဝေခြင်း ကာတွန်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို လာမည့် ဂျွန်လ ၁၄ ရက်နေ့ တွင် ကျောက်တံတားမြို့နယ် Moon Art Gallery ၌ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ကာတွန်းစာအုပ်မိတ်ဆက်ပွဲမှာ ကျနော်...
တောင်ကြီးမြို့တွင်လေပြင်းတိုက်ခတ် သစ်ပင် ဓါတ်တိုင်များပြိုကျ ပျက်စီးဆုံးရှုံးမှုများပြား
သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့တွင် မေလ ၂၉ ရက်ညနေ ကစပြီးလေပြင်းမုန်တိုင်းတိုက်ခတ်ရာ သစ်ပင်သစ်ကိုင်းကျိုးကျ ၊ ဓါတ်တိုင်များလဲပြို၊ ဆိုင်းဘုတ်များလဲကျမှုကြောင့်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်းသိရသည်။ ကနေ့မနက်အထိ မရပ်ဘူး။ မိုးသဲ လေတိုက်နေတုန်းဘဲ။ မနေ့က တနေ့လုံးလေတိုက်တယ်။ မိုးကတော့ ရွာနေတာ ၂ ရက်လောက်ရှိပြီ။ မိုးအုံ့တယ်။ မီးလဲပြတ်တယ်။ - ဟု တောင်ကြီးသူ...
ပုံစံ (၇) အတွက်ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏမြေဧရိယာ(၃) သန်းခန့်ရှိ
သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ လယ်ယာမြေဧရိယာပေါင်း (၃) သန်းဝန်း ကျင်ခန့်ရှိကြောင်း သျှမ်းပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှသိရသည် ။ လက်ရှိအစိုးရလက်ထက်(၁) နှစ်တာကာလအတွင်း သျှမ်းပြည်နယ်အတွင်း လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးနိုင်မှု ဆောင်ရွက် ရန်မည့် လုပ်ငန်းပမာဏ...
မူစယ်တရုတ်နယ်စပ်ဂိတ်တွင် တင်းကြပ်စစ်ဆေးရေး
သျှမ်းပြည် မြောက်ပိုင်း မူစယ် တရုတ်နယ်စပ်တွင် အဝင်အထွက်ဂိတ်များ၌ တင်းကြပ်စစ်ဆေးမှု ရှိနေကြောင်း သတင်းရရှိသည်။ မေ ၁၂ ရက်နေ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) နှင့် မြန်မာတပ်မတော်၊ ပြည်သူ့စစ် တို့ကြား တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း မူစယ်...
သျှမ်းပြည်နယ်တွင် အဂတိလိုက်စားမှုဖြင့် အရေးယူမှုမရှိသေး သျှမ်းပြည်နယ်ရဲတပ်ဖွဲ့ပြော
အစိုးရသစ်လက်ထက်တွင် သျှမ်းပြည်နယ်တွင်း အဂတိလိုက်စားမှုဖြင့် အရေး ယူဆောင်ရွက်ထားရလောက် သည့်ကိစ္စမရှိ သေးဟု သျှမ်းပြည်နယ် အစိုးရ ကိုယ်စားသျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးခင်ဇော်ကပြောသည် ။ “ လက်ရှိအနေအထားမှာ ကျနော်တို့သျှမ်းပြည်နယ်အတွင်းမှာ အဂတိလိုက် စားမှုအထိကို ရောက်တဲ့ဟာတော့မရှိသေးဘူး ၊ ကျတော့ သက်ဆိုင်ရာ ဌာနဆိုင်ရာအနေနဲ့အရေးယူထားတာမျိုးပဲရှိပါတယ် ။ ဥပမာ မြန်မာနိုင်ငံ...
မူဆယ် သျှမ်းစာ ဆရာမွမ်းမံသင်တန်း လူငယ် ၄၀၀ ကျော်တက်ရောက်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဆရာအတတ်သင် မွမ်းမံ သင်တန်းကို လဝက်ကြာဖွင့်လှစ်ရာ သင်တန်းသား ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ သင်တန်းကိုမူဆယ်မြို့ ရွှေသမင် ဘုန်းကြီးကျောင်းတွင် မေ ၁၁ ရက်မှ မေ ၂၆ ရက်နေ့ထိ ၁၅ ရက်ကြာ...
နမ့်စန်မြို့နယ်အတွင်း ပြည်သူ့စစ်နှင့်ရဲပူပေါင်းပြီး ဘိန်းမည်းပိဿာချိန် ၉၀၀ ကျော်ဖမ်းမိ
လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့ပူးပေါင်းနယ်လှည့် အဖွဲ့ သည် ဘိန်းစိမ်းပိဿာချိန် ၉၂၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မေလ ၂၄ ရက်နေ့က မေတ္တာခမ်းတန် ဟုရေးထားသည့် ကား ၂ စီးအား တားဆီးစစ်ဆေးရာ အဆိုပါ ဘိန်းစိမ်း များဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ပန်လျန်းဆိုင်ဒေသ မကျိုင်းပြည်သူ့စစ်တပ်ဖွဲ့မှ အကြီးအကဲတဦးက...
စက္ကူစက်ရုံ တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို နမ့်ခမ်း လူထုစာပေးပို့
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟင်လုံအုပ်စု ဟန်ကမ်းရွာ ရွှေလီမြစ်ကမ်းနံဘေး ကြိုးတံတားဟောင်းနဲ့ကြိုးတံတားသစ်ကြားမှာ မြန်မာ့မြှားဦးကုမ္မဏီကနေ စက္ကူစက်ရုံလာဆောက်မယ့်အပေါ် တားမြစ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကို လူထုကနေ စာရေးသားပေးပို့ခဲ့ပါတယ်။ မေလ ၂၀ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့တာဖြစ်ပါတယ်။ စက္ကူစက်ရုံကနေ စွန့်ပစ်မယ့် ဓါတုအဆိပ်ရည်ပါ ရေညစ်တွေကြောင့် ဒေသခံလူထု ဆိုးကျိုးခံစားရမှာဖြစ်တဲ့အတွက် စက်ရုံကိုအလိုမရှိကြောင်း ၂၀၁၇ နို၀င်ဘာလတုန်းက...





