Wednesday, January 28, 2026

သီပေါ နမ္မတူကြား တိုက်ပွဲဖြစ် ဒေသခံ ၃၀၀ ကျော် စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နှင့် နမ္မတူမြို့နယ် ကြား မန်လီကျေးရွာ အနီးတွင်တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသခံ စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်။

Photo Credit to Zawnyi Nyikyi (Dear Ranger) စစ်ဘေးရှောင်များအား ပရဟိတလူမှုကူညီရေးအဖွဲ့များက ရွာမှ သွားရောက်ကူညီသယ်ထုတ်နေစဉ်

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ (ယမန်နေ့) ညနေပိုင်းကတည်းက စတင်ကားဖြစ်ပွားခဲ့ပြီး ယနေ့မနက်ပိုင်း ဖေဖော်ဝါရီလ ၂၇ ရက်မနက်ပိုင်း စစ်ရှောင်များ အကူအညီတောင်းရာ သွားရောက်ကူညီသယ်ထုတ်လာသည်ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့ မှ ကိုမျိုး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ဒီနေ့ မနက် မှာ မန်လီကျေးရွာ က ဒေသခံတွေက သေနတ်သံကြားလို့ အကူအညီလှမ်းတောင်းကြတယ်။ အဲ့ဒါနဲ့ ကျနော်တို့ပရဟိတ အဖွဲ့တွေ အားလုံးသွားပြီး ခေါ်ခဲ့တာပါ။ ရွာက ထော်လဂျီရော ကားနဲ့ရောထုတ်လာတယ်” ဟု ကိုမျိုး ကဆိုသည်။

လက်ရှိ စစ်ဘေးရှောင်များကို သီပေါမြို့နယ် ကွန်စံလိတ် ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြောင်း၊ စစ်ဘေးရှောင်များတွင် အသက်ကြီးသူ၊ လူငယ်များလည်း ပါဝင်ကြောင်း ကိုမျိုး က ပြောပြသည်။

“ အခုလောဆယ် နေရာချပေးတဲ့အဆင့်ပဲ ရှိသေးတယ်။ ကျနော်တို့ စစ်ရှောင်တွေ စားဖို့အတွက် နောက်မှ သွားပို့ပါမယ်” ဟု လည်း ကိုမျိုးက ဆိုသည်။

Photo Credit to Zawnyi Nyikyi (Dear Ranger) စစ်ဘေးရှောင်များအား ပရဟိတလူမှုကူညီရေးအဖွဲ့များက ရွာမှ သွားရောက်ကူညီသယ်ထုတ်နေစဉ်

သျှမ်းပြည်နယ် အတွင်း မကြာခဏ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံများ စားဝတ်နေရေး အတွက် ကောင်းမွန်စွာမလုပ်နိုင်ကြောင်း၊ တိုက်ပွဲများ အမြန်ဆုံး ချုပ်ငြိမ်းကာ ငြိမ်းချမ်းစေချင်သည်ဟုလည်း သျှမ်းပြည် ပြည်သူများက ပြောဆိုကြသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...