သီပေါ နမ္မတူကြား တိုက်ပွဲဖြစ် ဒေသခံ ၃၀၀ ကျော် စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နှင့် နမ္မတူမြို့နယ် ကြား မန်လီကျေးရွာ အနီးတွင်တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသခံ စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်။

Photo Credit to Zawnyi Nyikyi (Dear Ranger) စစ်ဘေးရှောင်များအား ပရဟိတလူမှုကူညီရေးအဖွဲ့များက ရွာမှ သွားရောက်ကူညီသယ်ထုတ်နေစဉ်

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ (ယမန်နေ့) ညနေပိုင်းကတည်းက စတင်ကားဖြစ်ပွားခဲ့ပြီး ယနေ့မနက်ပိုင်း ဖေဖော်ဝါရီလ ၂၇ ရက်မနက်ပိုင်း စစ်ရှောင်များ အကူအညီတောင်းရာ သွားရောက်ကူညီသယ်ထုတ်လာသည်ဟု သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့ မှ ကိုမျိုး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ဒီနေ့ မနက် မှာ မန်လီကျေးရွာ က ဒေသခံတွေက သေနတ်သံကြားလို့ အကူအညီလှမ်းတောင်းကြတယ်။ အဲ့ဒါနဲ့ ကျနော်တို့ပရဟိတ အဖွဲ့တွေ အားလုံးသွားပြီး ခေါ်ခဲ့တာပါ။ ရွာက ထော်လဂျီရော ကားနဲ့ရောထုတ်လာတယ်” ဟု ကိုမျိုး ကဆိုသည်။

လက်ရှိ စစ်ဘေးရှောင်များကို သီပေါမြို့နယ် ကွန်စံလိတ် ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြောင်း၊ စစ်ဘေးရှောင်များတွင် အသက်ကြီးသူ၊ လူငယ်များလည်း ပါဝင်ကြောင်း ကိုမျိုး က ပြောပြသည်။

“ အခုလောဆယ် နေရာချပေးတဲ့အဆင့်ပဲ ရှိသေးတယ်။ ကျနော်တို့ စစ်ရှောင်တွေ စားဖို့အတွက် နောက်မှ သွားပို့ပါမယ်” ဟု လည်း ကိုမျိုးက ဆိုသည်။

Photo Credit to Zawnyi Nyikyi (Dear Ranger) စစ်ဘေးရှောင်များအား ပရဟိတလူမှုကူညီရေးအဖွဲ့များက ရွာမှ သွားရောက်ကူညီသယ်ထုတ်နေစဉ်

သျှမ်းပြည်နယ် အတွင်း မကြာခဏ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒေသခံများ စားဝတ်နေရေး အတွက် ကောင်းမွန်စွာမလုပ်နိုင်ကြောင်း၊ တိုက်ပွဲများ အမြန်ဆုံး ချုပ်ငြိမ်းကာ ငြိမ်းချမ်းစေချင်သည်ဟုလည်း သျှမ်းပြည် ပြည်သူများက ပြောဆိုကြသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...