ကျောက်မဲမြို့လယ်ခေါင် ဗက(ငြိမ်း) တဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ မြို့လယ်ခေါင်တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

Photo credit to ကျောက်မဲသား တဦး- ပစ်ခတ်မှုဖြစ်ပွါးသည့်နေရာ

ဖေဖော်ဝါရီလ ၂၇ ရက် ယနေ့ည ရ နာရီအချိန်ခန့်က ကျောက်မဲမြို့ မြို့လယ်ခေါင် ဗလီ အနီးတွင် အဆိုပါ အမျိုးသား သေနတ်ပစ်ခြင်းခံရကြောင်း၊ သေနတ်ပစ်ခံရသူသည် ဗိုလ်ကြီး(ငြိမ်း) ဦးရဲလင်းအောင် ဆိုသူဖြစ်ကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ဗက(ငြိမ်း) ဦးရဲလင်းအောင် နဲ့ သူ့ တပည့်က ဆိုင်ကယ် စီးလာတယ်။ မြို့လယ်ခေါင် ဗလီအနီးမှာ ည ရ နာရီ ၂၀ လောက်ပစ်ခံရတယ်” ဟု ဦးတင်မောင်သိန်းက ဆိုသည်။

ရင်ဘတ်တွင်ထိသဖြင့် ပစ်ခတ်ခံရသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းလည်း ကျောက်မဲဒေသခံတဦးကပြောသည်။

Photo credit to ကျောက်မဲသား တဦး- ပစ်ခတ်သည့်ကျည်ဆံမှ ကျည်ခွံ

သေနတ်ပစ်ခံရသည့် ဗက (ငြိမ်း)ဦးရဲလင်းအောင်သည် ကျောက်မဲမြို့ တွင် နာမည်ကြီး ပွဲစားကြီး သူဌေး ဦးသစ်လွင် ၏ သားမက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လတ်တလော မဖြေကြားနိုင်သေးဟု ကျောက်မဲမြို့ မြို့မ ရဲစခန်းက ပြောသည်။

ပစ်ခတ်မှုလက်သည်မှာ ဆိုင်ကယ်စီး လူ ၂ ဦးဖြစ်ပြီး ပစ်ခတ်ပြီးသည်နှင့်ထွက်ပြေးသဖြင့် လက်ရှိအချိန်အထိ ဖမ်းမိခြင်းမရှိသေးကြောင်းလည်း – သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

ကျောက်မဲမြို့ကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက် စစ်မှုထမ်း စတင်ခေါ်နေ၊ လူစားထိုးထည့်ရန် ငွေကောက်

0
သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြည်သူ့စစ်မှုထမ်း စတင်ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်နှင့် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာများတွင် ပထမဆုံးအကြိမ် ပြည်သူ့စစ်မှုထမ်း စတင်ခေါ်ယူနေပြီး စစ်မှုထမ်းစေလွှတ်ရန် လူမရှိခြင်းကြောင့် လူစားထိုးရန် အုပ်ချုပ်ရေးမှူးများမှ ငွေကောက်ခံနေကြောင်း ကျောက်မဲဒေသခံများက...

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...