Wednesday, January 28, 2026

အရက်မူးသည့် ဖခင်က သားကို ဓားဖြင့် ထိုး

သျှမ်းပြည် အရှေ့ ပိုင်း ကျိုင်းတုံမြို့ ကတ်တောင်ကျေးရွာ အုပ်စု ပါစမ်ရွာ တွင် ဖခင်ဖြစ်သူ က သားဖြစ်သူအား ဓားဖြင့် ထိုး မိကာ သားဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။

Photo mmn (ktg) ဖေဖော်ဝါရီလ ၂၄ ရက် ညက သားဖြစ်သူအား ဓါးဖြင့်ထိုးသည့် စိုင်းအွန်ကျောက်

ဖေဖော်ဝါရီလ ၂၄ ရက် ည ၈နာရီက စိုင်းအွန်ကျောက် အသက် (၆၃)နှစ် နှင့် ဒေါ်နန်းဟောင်(၆၁)နှစ် တို့လင်မယားသည် အရက်အမူးလွန်သည့် ကိစ္စဖြင့် စကားများရန်ဖြစ်ကြရာ ကြားဝင် ဖြန်ဖြေပေးသည့် သားဖြစ်သူ စိုင်းခမ်းဆိုင် (အသက် ၃၀ နှစ်) အား ဖခင်ဖြစ်သူက ဓားဖြင့် ထိုးမိကြောင်း ကျိုင်းတုံ ဒေသခံ စိုင်းခမ်းဆိုင် ၏ သူငယ်ချင်း တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

“ သူ့အဖေ ( ဦးအွန်ကျောက် ) အရက် အမူးလွန်တော့ သူ့အမေ( ဒေါ် နန်းဟောင်) နဲ့ ရန်ဖြစ်စကားများကြတယ်။ အစကတော့ သမီးနဲ့ သမက် က ကြားဝင်ဖြန်ဖြေသေးတယ်။ မနိုင်လို့ စိုင်းခမ်းဆိုင်ကို ဖုန်းဆက် ခေါ်လိုက်တာ” ဟု ၎င်း သူငယ်ချင်းက ဆိုသည်။

မိဘ ၂ ပါးကို ရန်မဖြစ်ရန် စိုင်းခမ်းဆိုင်မှ တားမြစ်ခဲ့သော်လည်း အရက်မူးသည့် ဖခင် က ၎င်း ကိုင်ထားသည့် အရိုးအသွား ၈ လက်မ အရှည်ရှိ ဓားဖြင့် စိုင်းခမ်းဆိုင် ဝမ်းဗိုက်တွင် ၂ ချက် ထိုးသွင်းခဲ့ကြောင်း သိရသည်။

“ ဓားဒဏ်ရာ ၂ ချက် ရတယ်။ ကျိုင်းတုံ ဆေးရုံကို ပို့တဲ့လမ်းမှာပဲ ဆုံးသွားတယ်” ဟု စိုင်းခမ်းဆိုင် ၏ သူငယ်ချင်း က ဆိုပြန်သည်။

လက်ရှိမှာတော့ သားဖြစ်သူ (စိုင်းခမ်းဆိုင်) သေဆုံးသည့် ကိစ္စနှင့်ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်နန်းဟောင် က ကျိုင်းတုံမြို့မ ရဲစခန်းတွင် ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် ဦးအွန်ကျောက် ကို အမှုဖွင့်အရေးယူထားသည်ဟုသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်...

ကျိုင်းတုံမြို့ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ကြီး တာဝန်ရပ်ဆိုင်းရန် မိဘများ တောင်းဆို

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်းမှ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းရန် ကလေး၏ မိဘများက တောင်းဆိုနေကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် ကျောင်းသား /သူများ လက်သည်း ညှပ်/မညှပ်ကို...

ကျိုင်းတုံမြို့တွင် အစိုးရပိုင် လျှပ်စစ်ပစ္စည်းများ ခိုးယူခြင်းခံရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တပ်ဆင်ထားသည့် လျှပ်စစ်ပစ္စည်းများသည် ခိုးယူခြင်းခံရကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက် ယန်းလောကျေးရွာအုပ်စု၊ နမ့်ခင်ချောင်းအနီးရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ကျိုင်းတုံ)မှ ဆိုလာရေတင် စနစ် ဆောင်ရွက်သည့် ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း...

ကျိုင်းတုံမြို့ အမှိုက်ခွန်ဈေးနှုန်း အဆမတန် တက်လာမှုကြောင့် ပြည်သူများ အခက်တွေ့

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် အမှိုက်ခွန် ဈေးနှုန်း အဆမတန် တိုးမြှင့်လာသည့် အတွက် ဒေသခံပြည်သူများ အခက်တွေ့နေကြောင်း သတင်းသိရသည်။ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လုပ်ပိုင်ခွင့်ပေးထားသည့် စိန်ရေကန် အမှိုက်သိမ်း ကုမ္ပဏီသည် ပြည်သူများထံ အမှိုက်ခွန်စျေးနှုန်းများကို ယခု အောက်တိုဘာလ အတွင်းမှ စတင်ကာ တစ်အိမ်လျှင်...

ကျိုင်းတုံမြို့နယ် ရေဘေးကြုံပြည်သူ အခက်အခဲ ရှိနေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် ရေဘေးကြုံနေရသည့်ပြည်သူများ အခက်အခဲရှိနေကြောင်း သတင်းသိရသည်။ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှု နောက်ဆက်တွဲမှုကြောင့် ကိုဗစ်ကာလအလွန် နိုင်ငံရေးရိုက်ခတ်မှု နှင့် စီးပွားရေးအကြပ်အတည်းများဖြစ်လာပြီး ဒေသခံ ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အခြေခံလူတန်းစားများ အခက်အခဲများစွာ ကြုံတွေ့နေရ ကြောင်းသိရှိရသည်။ “ကျနော်တို့မြို့ (ကျိုင်းတုံ) က တခြားမြို့နဲ့ ယှဥ်လိုက်ရင်လည်း...