လောင်းကစားဝိုင်းများပေါများလာသည့် ကွတ်ခိုင်တွင် မိဘများကိုယ်တိုင် ကစားဝိုင်းဖျက်ဆီး
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လောင်းကစားဝိုင်းတွေ ဂိမ်းတွေတည်ထောင်ထားတဲ့နေရာကို ဒေသခံကလေးမိဘတွေကနေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့က ဒေသခံလူထု အင်အား ၁၀၀ ကျော်က ကွတ်ခိုင်မြို့ထဲမှာရှိတဲ့ လောင်း ကစားဝိုင်းတွေ ငါးမန်းဂိမ်းတွေကိုသွားရောက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုက လူငယ်ခေါင်းဆောင် စိုင်းလျောဝ်ဇတ် က - “ကျနော်တို့စုပေါင်းပြီး အာဏာပိုင်တွေကိုအကြိမ်ကြိမ်သွားရောက်တိုင်ကြားပေမယ့် ကျနော်တို့ကိုဖြေရှင်းပေးနိုင်တာမရှိခဲ့ဘူး။ အဲတာကြောင့်...
SHAN -
တိုင်းရင်းသားလူမျိုးများ ၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာ ကို ပိုမိုထိရောက်သော အကာ အကွယ်ပေးရေးနှင့် တိုင်းရင်းသားများ၏အခြေချရာနေရာများသို့ တာဝန်ရှိသူအသီးသီးက စဉ်ဆက်မပြတ် ထိတွေ့ကွင်းဆင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်က အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ကြောင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း တအာင်းတိုင်းရင်းသားများအား ကြတ်များဟု ဆိုကာ Social...
သျှမ်းပြည်နယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ၁၀ တန်းကျောင်းသား ၃၀ ကျော်ရှိ
SHAN -
သျှမ်းပြည်နယ်အတွင်းရှိ အကျဉ်းကျနေသော တက္ကသိုလ်ဝင်တန်း (ဒဿမတန်း ) ကျောင်းသား ၃၄ ဦးရှိသည့် အနက် ၁၆ ဦး မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုမည်ဖြစ်ကြောင်း ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့တွင် သျှမ်းပြည်နယ် လူမှုရေးဝန်ကြီး က လွှတ်တော်တွင်း...
သျှမ်းလက်နက်ကိုင်တပ် ၂ ခု ပေါင်းစည်းနိုင်ရေး ကျောက်မဲဒေသခံလူထုနှင့် သံဃာတော်များတွေ့ဆုံဆွေးနွေး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နေ ဒေသခံလူထုနှင့်သံဃာတော်များ စုပေါင်းကာ သျှမ်းတပ် ၂ ခုပေါင်း စည်းရေး အတွက် တိုက်တွန်းနှိုးဆော်မှုပြုလုပ်ကြောင်းသိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့က ကျောက်မဲမြို့ကျောင်းယွက် ဘုန်းကြီးကျောင်းတွင် တွေ့ဆုံမှုပြုကြရာ ၀င်ရောက်ဆွေးနွေးသူအင်အား ၂၀၀ ခန့်ရှိကြောင်း၊ သဘောတူညီချက် ၄ ချက်ရရှိခဲ့ကြောင်းသိရပါသည်။ သျှမ်းသံဃာတော်များအဖွဲ့၊ လူထု၊ ကျားခေါင်းပါတီ၊ ကျားဖြူပါတီ၊...
နမ့်ဆိုင်ချောင်းရေကြီး ထိုင်းနယ်စပ် တာချီလိတ်မြို့ အနိမ့်ပိုင်းရပ်ကွက် ရေနစ်မြုပ်
သျှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့ တွင် ယမန်နေ့( စက်တင်ဘာ ၁၇) ရက် ညပိုင်းက မိုးသည်ထန်ရွာသွန်းမှုကြောင့် တာချီလိတ် အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ တာချီလိတ်မြို့ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် ဆန်ဆိုင်း (က) ရပ်ကွက်နှင့်...
နမ့်ခမ်းမြို့သူ နန်းမိုဟွမ် ပြန်လည်လွှတ်မြောက်ရေး ပင်လုံလူငယ်များ ဆီမီးပူဇော်ဆုတောင်းပေး
TNLA မှဖမ်းဆီးသွားသော နမ့်ခမ်းဒေသခံ နန်းမိုဟွမ် အမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက် သျှမ်းပြည်တောင်ပိုင်း ပင်လုံဒေသခံလူငယ်များ စုပေါင်းကာ ဆီမီးထွန်းညှိပူဇော်ကာ ဆုတောင်းမှုပြုပေးခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၇ ရက်ညက ပင်လုံမြို့မင်္ဂလာမွေတော်ကျောင်း မြို့နာမ်စေတီတော်တွင် ဒေသခံ လူငယ် ၆၀ ခန့် စုပေါင်းကာ ဆီမီးပူဇော် ဆုတောင်းမှုပြုလုပ်ပေး ခဲ့ခြင်ဖြစ်သည်။ ဦးဆောင်လူငယ်တဦးဖြစ်သည့် ပင်လုံဒေသခံ စိုင်းဆု...
SHAN -
မိုင်းရှူးမြို့နယ်၊ မိုင်းစံဒေသအတွက် ထိရောက်သောကျန်းမာရေး ဝန်ဆောင်မှုများလိုအပ်ကြောင်း မိုင်းရှုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်အမတ် စိုင်းလင်းမြတ်က သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးခဲ့သည်။ သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပြန်လည်စတင်သော စက်တင်ဘာ ၁၇ နေ့ တွင်ထိုသို့မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မိုင်းစံမှာ တိုက်နယ်ဆေးရုံရှိတယ်။ အဲ့ဆေးရုံက စဆောက်ကတည်းက ပိတ်ထားတယ်...
နန်းမိုဟွမ်လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံ ၂ သောင်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြ
TNLA ဖမ်းထားသည့် ကလေးသုံးယောက်အမေ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့ခံ ၂ သောင်းကျော်က ယနေ့နံနက်ပိုင်းတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြတောင်းဆိုကြသည်။ စက်တင်ဘာလ ၁၇ ရက် ယနေ့မနက်ပိုင်း ၈ နာရီအချိန်က နန်းမိုဟွမ် ဖမ်းဆီးခြင်းတလ ပြည့်အနေဖြင့် ၄င်းလွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့လယ်အား တပတ်ပတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း...
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုဝင် မန်လီရွာတွင် ယမန်နေ့က အဆိုပါရွာစခန်းချ အစိုးတပ်အား အမည်မသိအဖွဲ့မှ ၀င်ရောက်ပစ်ခတ်ပြီးနောက်ပိုင်း တပ်စခန်းအနီးရှိ ပြောင်းခြံများအား တပ်မှထွန်ယက်ဖျက်ဆီးခဲ့ပြီးနောက် ပြောင်းခြံပိုင်ရှင်များအား ကျေနပ်ကြောင်း လက်မှတ် ရေးထိုး ခိုင်းသည်ဟုသိရသည်။ "မနေ့က သေနတ်သံထွက်ပြီးတာနဲ့ တပ်နဲ့ကပ်လျက် ပြောင်းခြံ ၅ ခြံထက်မနည်းကို သူတို့ ထွန်စက်ကြီးနဲ့...
SHAN -
မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခန်းနားကို သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပါသည်။ စက်တင်ဘာလ ၁၃ ရက်တွင်ကျရောက်သောလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ တွင် နံနက် ၉:၀၀ တွင်ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဌ ပြည်နယ်တရားသူကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်သူများ၊ တိုင်းရင်းသားအဖွဲ့၊ သားဖွားအဖွဲ့ နှင့် မီဒီယာအဖွဲ့များတက်ရောက်ခဲ့ပါသည်။ တက်ရောက်သူပေါင်းတစ်ထောင်နီးပါးရှိသည့်...





