တာချီလိတ် သတ္တုတူးဖော်ရေး ကုမ္ပဏီ ၀င်းအတွင်း မူးယစ်ဆေးဝါး ထုတ် စက် နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အတွင်းရှိ နိုင်ရတနာ ရွှေတြိဂံ သတ္တုတူးဖော်ရေး ကုမ္ပဏီ လုပ်ငန်းဝန်း အတွင်း မူးယစ်ဆေးနှင့် မူးယစ်ဆေး ထုတ်လုပ်သည့် စက်ပစ္စည်း၊ လက်နက် ခဲယမ်းများ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

Photo Credit သတင်းတမန် – တာချီလိတ်မြို့တွင် သတ္တုတူးဖော်ရေး ကုမ္ပဏီ ၀င်းအတွင်း မူးယစ်ဆေးဝါး ထုတ် စက် နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ဇွန်လ ၂၃ ရက် ယမန်နေ့က တာချီလိတ်မြို့ ဆေခမ်း ရပ်ကွက်ရှိ နိုင်ရတနာ ရွှေတြိဂံ ကုမ္ပဏီ ပိုင်ရှင်၏နေအိမ်တွင် မူးယစ်ဆေး နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိပြီး ၎င်း၏ ကုမ္ပဏီ လုပ်ကွက် တည်ရှိရာ တာချီလိတ်မြို့နယ် မိုင်းလင်း (အရှေ့) ကျေးရွာ အုပ်စု မိုင်းလင်း ဘုန်းကြီးကျောင်း အနီး သို့သွားရောက်ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းတာချီလိတ်ရဲများကပြောသည်။

ထိုစစ်ဆေးမှု တွင် မူးယစ်တပ်ဖွဲ့စု ၃၀ နှင့် ရဲတပ်ဖွဲမှ ပူးပေါင်းပြီး စစ်ဆေးရာ ကုမ္ပဏီ လုပ်ကွက် အိမ်တန်းလျားတွင် မည်သည့် လူတဦး တယောက်မျှ မတွေ့ရဘဲ စိတ်ကြွဆေးထုတ် စက် ၁လုံး၊ စတီးကန်တော့ (၁)ခု၊ သတ္တုဗန်(၃)ခု၊ ဂျာမနီ နိုင်ငံလုပ် ပွိုင့် ၂၂ သေနတ်တလက်၊ RPJ တလက်၊ M22 ကျည်(၁၀၀)တောင့် ၊ ပွိုင့် ၂၂ကျည် (၃၀)တောင့်၊ M22ကျည်ဘောက်တခု၊ M16 ကျည်ဘောက် တခု တို့ ကို သိမ်းဆည်း ရမိကြောင်း တာချီလိတ်ရဲများကဆိုပါသည်။

ထို့အပြင် ကုမ္ပဏီဝန်းအတွင်း တွင် မြေတူးယာဉ် (၁)စီး၊ CIUGONG လုတ်တာယာဉ် (၁)စီး၊ ၁၂ဘီးယာဉ် (၁)စီး၊ ၆ဘီးယာဉ် (၁)စီး နှင့် YAMAHA 250 R အမျိုးအစား ခဲ/ပြာရောင် ဆိုင်ကယ်(၁)စီး တို့ကိုလည်း သိမ်းဆည်း ရမိသည်ဟုဆိုသည်။

လက်ရှိတွင် လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် နေအိမ် နှင့် ကုမ္ပဏီ ပိုင်ရှင် မှာ ထွက်ပြေး လွတ်မြောက်နေ ကြောင်း၊ ဖမ်းဆီးရရှိရန် အတွက် စုံစမ်းနေဆဲ ဖြစ်ကြောင်း တာချီလိတ်ရဲစခန်းက ပြောသည်။

ယခု လအတွင်း တာချီလိတ်မြို့တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး၊ ပိုင်ရှင်မဲ့ လက်နက် ခဲယမ်းများကို မကြာခဏ ဖမ်းဆီး ရမိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...