တာချီလိတ် တွင် ထိုင်းနိုင်ငံသား တဦးထံ ကျည် ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိ

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံ သား တဦး ထံမှ ကျည်မျိုးစုံ ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo credit to Tachileik News Agency – တာချီလိတ် တွင် ထိုင်းနိုင်ငံသား တဦးထံ ကျည် ၆၃၈ တောင့်နှင့်အတူ ဖမ်းဆီးရမိ

အဆိုပါ အသက် ၂၃ နှစ် အရွယ် အာနွတ်ချိုသည် ဇွန် ၂၂ ရက် နေ့ ညနေ ၆ နာရီ ခွဲ ခန့်က မိုင်းလင်းမြို့ မှ တာချီလိတ်မြို့အတွင်းဘက် သို့ ဆိုင်ကယ် ဖြင့်မောင်းနှင်လာစဉ် မယ်ယန်းစစ်ဆေး ရေးဂိတ်တွင် နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်း စစ်ဆေးရာ ၎င်း၏ ကျောပိုးအိတ်အတွင်း ကျည်မျိုးစုံ ၆၃၈ တောင့် ကိုတွေ့ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကျည် ၆၃၈ တောင့်တွင် M22 ကျည် (၁၃၀)တောင့်၊ 5.56 ကျည် (၁၀)တောင့်၊ ပွိုင့် 380 ကျည် (၁၅၀)တောင့်၊ 12 ဗို့ကျည် (၁၂၅)တောင့်၊ပုလင်း(အနံ့ဆေးရည်) (၁၂)လုံး၊ ပွိုင့် 45 ကျည် (၂၃)တောင့်၊ ပွိုင့် 22 ကျည် (၂၀၀)တောင့်နှင့် သံဘွတ် (၂၈)လုံးတို့ ဖြစ်သည်။

လက်ရှိ ကျည် မျိုးစုံနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသား အာနွတ်ချိုကို ဆက်လက် စစ်ဆေးနေသေးသည်ဟု သိရသည်။

ထိုနည်းတူ ဇွန် ၂၀ ရက်တွင် တာချီလိတ် မယ်ယန်း စစ်ဆေးရေးဂိတ်တွင်လည်း ကျည် ၄၀၀ တောင့် နီးပါး ဖမ်းဆီး ရရှိခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...