ကျင့်ဝတ်နှင့်အညီသတင်းရေးသားရန် ထိုင်းမီဒီယာအစည်းအရုံးထံ ဌာနေတိုင်းရင်းသားများကွန်ယက်က တောင်းဆို

သတင်းများဖော်ပြရာတွင် သွေးကွဲမှုဖြစ်ပေါ်စေသောအသုံးအနှုန်းများ ရှောင်ရှားပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှ သျှမ်းစာပေနှင့်ယဉ်ကျေးမှုထိန်းသိမ်းရေးအသင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဌာနေတိုင်းရင်းသားများကွန်ယက် တို့က ထိုင်းနိုင်ငံမြောက်ပိုင်း သတင်းမီဒီယာအစည်းအရုံး ထံ အိတ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့သည်။

Photo by SHAN – ကျင့်ဝတ်နှင့်အညီသတင်းရေးသားရန် ထိုင်းမီဒီယာအစည်းအရုံးထံ သျှမ်ရေးရာကော်မတီတောင်းဆို ဇွန်လ ၂၁ ရက် ၂၀၁၉ ကသတင်းစာရှင်းလင်းမှုတခု ပြုလုပ်

ဇွန်လ ၂၁ ရက် မနက်ပိုင်း ရ နာရီအချိန်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သျှမ်းစာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးအသင်း နှင့် ထိုင်းနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားများအဖွဲ့ချုပ်တို့ပူးပေါင်းကာ ထိုင်းနိုင်ငံမီဒီယာများမှ သတင်းရေးသား ဖော်ပြမှုများတွင် အတူတကွပူးတွဲနေထိုင်ရေးကို ထိခိုက်ပျက်စီးလာစေမည့်အနေအထား ဖြစ်သဖြင့် အသုံး အနှုန်းများ အထူးသတိပြုစေလိုကြောင်း သတင်းစာရှင်းလင်းမှုတခု ပြုလုပ်ခဲ့ပြီး အဆိုပါ အကြောင်းအရာများ ရေးသားထားသော စာအား ထိုင်းနိုင်ငံမြောက်ပိုင်း ဌာနေတိုင်းရင်းသား များကွန်ယက်နှင့် ချင်းမိုင် ၊ လမ်းပွန်းရောက်သျှမ်းရွှေ့ပြောင်းအလုပ်သမားများ စုစုပေါင်းအင်အား ၅၀ ခန့်က သတင်းမီဒီယာအစည်းအရုံး( ထိုင်းနယူးရုံးချုပ်) ထံသွားရောက်ပေးပို့ ခဲ့ခြင်းဖြစ်သည်။

ချင်းမိုင်မြို့ရှိ ထိုင်းနိုင်ငံမြောက်ပိုင်း ဌာနေတိုင်းရင်းသားများကွန်ယက် ဥက္ကဌ စိုင်းဆိုင်မိန်း မန်းကွန်းက – “အခုလိုအဖြစ်အပျက်မျိုး ချင်းမိုင်မှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့တာမဟုတ်ပါဘူး။ အရင်တုန်းကလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ ဖြစ်ခဲ့တိုင်းမှာလည်း ထိုင်းနိုင်ငံမှာလာရောက်ခိုလှုံအလုပ်လုပ်နေတဲ့ သျှမ်းရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အပြစ်တွေချည်းမြင် လာစေမယ့်အသုံးအနှုန်းတွေကို ထိုင်းသတင်းမီဒီယာတွေက သုံးနှုန်းပြောဆိုရေးသားခဲ့တယ်။ ဒီလိုသုံးနှုန်း ပြောဆိုခဲ့ခြင်းအားဖြင့် မဖြစ်မနေအတူယှဉ်တွဲနေထိုင်နေရတဲ့ လူမှုအသိုင်းအဝိုင်းမှာ ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပေါ်လာစေတယ်။ ဒီအသေးအဖွဲကအစ ကျနော်တို့သတိချပ်ပြီးမလုပ်ဆောင်ခဲ့ရင် လှုမှုအသိုင်းအဝိုင်း မှာသာမက နောက်ဆုံး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်လာနိုင်မှာဖြစ်တဲ့အတွက်ကျနော်တို့က အခုလို အသုံးအနှုန်းလေးတွေသတိထားပြီးသုံးစေချင်တယ်ဆိုပြီး စာတစောင်ရေးပြီး ပေးပို့ရတာဖြစ်ပါတယ် ”- ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

Chaingmai News website တွင် ထိုင်းကျောင်းသား ၂ ဦးအသတ်ခံရမှုရေးသားသည့်ထိုင်းသတင်းမီဒီယာများအား ဌာနတိုင်းရင်းသားများကွန်ယက်က နှစ်ခြိုက်မှုမရှိဟု ရေးသားဖော်ပြထားစဉ်

ဇွန်လ ၁၈ ရက်နေ့မနက် ၃ နာရီအချိန်ခန့်က ထိုင်းနိုင်ငံချင်းမိုင်မြို့ ပတူထာ့ဖဲတွင် ချင်းမိုင်မြို့ နည်းပညာ အထက်တန်းကျောင်းသားများအဖွဲ့နှင့် သျှမ်းရွှေ့ပြောင်းအလုပ်သမား လူငယ်အဖွဲ့တို့ စကားများ ခိုက်ရန် ဖြစ်ပွါးပြီး အပြန် ထိုင်းကျောင်းသားလေးများအဖွဲ့၏ ဆိုင်ကယ်တစီး (သတ်မှတ်နှုန်းထက်မြန်သော အရှိန်ဖြင့် မောင်းရာမှ) တိမ်းမှောက်သွားပြီး ကျောင်းသားလူငယ် ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

၄င်းသေဆုံးမှုမှာ သျှမ်းလူငယ်များအဖွဲ့ ဆာမူရိုင်းလူဆိုးဂိုဏ်းမှ လိုက်လံကာ ဓါးဖြင့်ခုတ်သဖြင့်သေဆုံး ခြင်းဖြစ်ကြောင်း ချင်းမိုင်နယူး၊ ထိုင်းရတ် အစရှိထိုင်းသတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

သို့သော် အဆိုပါသေဆုံးမှုအား အနီးတဝိုက်ရှိစီစီတီဝီများကို ထိုင်းရဲများစစ်ဆေးကြည့်ရှုရာတွင် ထိုင်းကျောင်းသားများ ဆိုင်ကယ်အမောင်းကြမ်းသဖြင့် တိမ်းမှောက်ကာသေဆုံးခြင်းသာဖြစ်ကြောင်း ၊ သေဆုံးသူများမှာ ဓါးခုတ်သည့်ဒဏ်ရာမရှိကြောင်း ထိုင်းရဲများပြောဆိုခဲ့သည်။

ထိုနောက်ပိုင်း အခင်းဖြစ်ပွါးရာအနီးတဝိုက်နေထိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများကိုထိုင်းရဲများက ၀င်ရောက်စစ်ဆေးရာတွင် နေထိုင်အလုပ်လုပ်ခွင့်လက်မှတ်မရှိသော သျှမ်းလူငယ် ၃ ဦးအားဖမ်းမိကြောင်း၊ ထိုလူငယ်များမှာ ဆာမူရိုင်း သျှမ်းလူငယ် လူဆိုးဂိုဏ်းအဖွဲ့ဝင်များဖြစ်ကြောင်း၊ ခေါင်းဆောင်ဖြစ်သူတဦး ထွက်ပြေး လွတ်မြောက်နေကြောင်းသတင်းများက ထုတ်ပြန်ရေးသားထားသည်။

၄င်းရေးသားချက်များကြောင့် လူမှုကွန်ယက်တွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားများအား သိမ်းကြုံး ဆဲဆိုကြိမ်းမောင်းသည့် ကွန်မန့်များ ရေးသားကြသည့်အပြင် လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်းတွင်လည်း အလုပ်လုပ်ရခက်ခဲစေသည့်ခွဲခြားဆက်ဆံမှုမျိုးများရှိလာသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းကလည်းပြောပါသည်။

“မှားတဲ့သူကိုဘဲ ညွှန်းဆိုပါ ဖမ်းဆီးအပြစ်ပေးပါ။ သူက သျှမ်းမို့လို့ သျှမ်းလူမျိုး လူဆိုးဂိုဏ်း စသည့်ဖြင့် ရေးသားဖော်ပြတာဟာ သတင်းကျင့်ဝတ်နဲ့လည်းမညီပါဘူး။ ဒါကြောင့် သတိထားစေချင်တာပါ။ ထိုင်းရဲ များဖမ်းထားတဲ့ သျှမ်းရွှေ့ပြောင်းအလုပ်သမား ၃ ယောက်ကိုလည်း သူတို့ ရုံးထုတ်စစ်ဆေးချိန် ပြင်ပလူနဲ့ တွေ့ခွင့်ပေးချိန်မှာကျနော်တို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီအနေနဲ့သွားရောက်တွေ့ဆုံပြီး အဖြစ်မှန် သိရအောင် စကားပြောဆွေးနွေးကြည့်ပါမယ် ” – ဟု စိုင်းဆိုင်မိန်း မန်းကွန်းကပြောသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားများအဖွဲ့နှင့် ချင်းမိုင်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ တို့ မှပေးပို့သောစာတွင် – ပြသနာတခုဖြစ်ပေါ်တိုင်း မှားသည့်သူကိုသာ ဖော်ပြခြင်းမပြုဘဲ လူမျိုးအမည်၊ တိုင်းရင်းသားအမည်တို့ကို သတင်းများတွင် ထည့်သွင်းရေးသားဖော်ပြခြင်းသည် သတင်းကျင့်ဝတ်နှင့် မညီသည့်အပြင် လူမှုအသိုင်းအဝိုင်းအား ခွဲခြားဆက်ဆံမှုဖြစ်အောင်လှုံ့ဆော်နေသကဲ့သို့ဖြစ်စေသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဌာနေတိုင်းရင်းသားများကွန်ယက်မှ အထူးစိုးရိမ်မိပါကြောင်း ၊ မိမိတို့၏ တောင်းဆို ချက်များကို သုံးသပ်ပြုပြင်ခြင်းမပြုဘဲ သွေးကွဲစေမည့်စကားလုံးအသုံးအနှုန်းဆက်လက်သုံးသွားမည်ဆိုပါက တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟု ပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...