Tuesday, January 27, 2026

နမ့်ခမ်းမြို့လယ်သမားများကို စပါးအထူးအထွက်တိုးစခန်းအသုံးပြုခွင့်မပေးသည့် စိုက်ပျိုးရေးဦးစီးမှူးအား လယ်သမားများဆန္ဒပြ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးသည် ဒေသခံလယ်သမားများအား စပါးအထူးအထွက်တိုးစခန်းအမှတ် ၃ တွင်တွေ့ဆုံဆွေးနွေးရေးအတွက် သော့မဖွင့်ပေးသဖြင့်ဟုဆိုကာ ဆန္ဒထုတ်ဖော်မှုပြုခဲ့ကြကြောင်းသိရသည်။

Photo Credit to SNDP Num Kham- နမ့်ခမ်းမြို့လယ်သမားများကို စပါးအထူးအထွက်တိုးစခန်းအသုံးပြုခွင့်မပေးသည့် စိုက်ပျိုးရေးဦးစီးမှူးအား ဇွန်လ ၁၉ ရက် ၂၀၁၉ ကလယ်သမားများဆန္ဒပြ

ဇွန်လ ၁၈ ရက် မနက် ၉ နာရီက စပါးအထူးအထွက်တိုးစခန်းအမှတ် ၃ တွင် စိုက်ပျိုးရေးဌာန ဦးစီးမှူးမှ ဂတိအတိုင်း ဆောင်ရွက်ခြင်းမရှိကြောင်း၊ စိုက်ပျိုးရေးအဖွဲ့အစည်းကိုလည်းမလိုလားကြောင်း ဒေသခံလယ်သမားများစုပေါင်းကာ အော်ဟစ်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

နမ့်ခမ်းမြို့ လယ်သမားများအဖွဲ့အစည်း အတွင်းရေးမှူး စိုင်းအောင်မြင်က – “ကျနော်တို့ လယ်သမားများအဖွဲ့ ကနေပြီးတော့ ဒေသခံတောင်သူလယ်သမားတွေကို ပုံစံ ရ အကြောင်း ရှင်းလင်းပြောပြမလို့ ချိန်းထားတယ် ။ အဲဒီအတွက် ဒီ စခန်း ၃ ကိုအသုံးပြုခွင့်အတွက်လည်း ကျနော်တို့ စိုက်ပျိုးရေးဌာနမှာ စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်စိုးဦးနဲ့သွားတွေ့ဆုံ ပြီးသား။ သူတောင်ပြောသေး တယ်မနေ့က ။ အဲဒီစခန်း ၃ မှာ မလှဲမကျင်းရတော့ ပေပွနေတာ အဲ့မှာလုပ်လို့မကောင်းပါဘူး ။စိုက်ပျိုး ရေးရုံးမှာသွားလုပ်ပါလားလို့တောင်အကြံပေးတယ်။ ကျနော်တို့က အဲ့မှာကျနော်တို့သွားပြီး သန့်ရှင်းရေး လုပ်ထားပြီးပြီလို့လည်း ဆွေးနွေးထားကြပြီးသား။ ဒီနေ့အစည်းအဝေးချိန်ရောက်မှ သူတို့ဘက်က သော့လာ မဖွင့် ပေးဘူး။ အသုံးပြုခွင့်လည်းမပေးဘူးလို့ အချိန်ကပ်မှ လာပြောတယ်။ ကျနော်တို့ကိုသုံးခွင့်မပေးရင် ဆန္ဒထုတ်ဖော်ရလိမ့်မယ် ဆိုတော့သူက ထုတ်ဖော်လည်းသူ့အပိုင်းမဟုတ်ဘူးတဲ့ ဆန္ဒပြလည်းသူ မတတ်နိုင်ဘူး သော့မဖွင့်ပေးနိုင်ဘူး ဆိုလို့ကျနော်တို့ ဒီမှာ ချိန်းထားတဲ့ရွာသားတွေနဲ့ ၀ုိင်းပြီးအော်ဟစ်ဆန္ဒထုတ်ဖော်ရတာဖြစ်တယ် ” – ဟု သျှမ်းသံတော်ဆင့်အားရှင်းပြသည်။

Photo Credit to SNDP Num Kham- နမ့်ခမ်းမြို့လယ်သမားများကို စပါးအထူးအထွက်တိုးစခန်း ၃

နမ့်ခမ်းမြို့တွင် ဒေသခံများလယ်ယာမြေများအား – ခြံမြေများ ပုံစံ ရ ရရှိရေးဆွေးနွေးရန်၊ ပြီးခဲ့သည့်မတ်လ ၅ ရက်နေ့ ၂၀၁၉ က သျှမ်းပြည်နယ်ဝန်ကြီးချုပ်နမ့်ခမ်းမြို့သို့ရောက်ရှိကာ ဒေသခံလယ်သမားများအား ပုံစံ ရ ပြုလုပ်ပေးရန်မှာထားကြောင်းများကိုပြန်လည်ရှင်းလင်းပြောပြရန်အတွက် – နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားများအဖွဲ့က ခေါ်ယူဖိတ်ထားခြင်းဖြစ်ကြောင်း ထို့အတွက်ကြောင့်လူထု အင်အား ၂၀၀ ခန့် စခန်း ၃ သို့ရောက်ရှိနေချိန်ဖြစ်ကြောင်း သိရသည်။

“ဦးစီးမှူးက သော့မဖွင့်ပေးဘူးဆိုတော့ ကျနော်တို့က အဲ့ဆိုရင် အစည်းအဝေးပုံစံမလုပ်တော့ဘူး။ ပြန်လည်ရှင်းလင်းရေးဘဲလုပ်တော့မယ်ဆိုလည်းမရဘူး။ ကျနော်တို့ ဆန္ဒထုတ်ဖော်ပြီးတော့ နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားများအဖွဲ့ ဥက္ကဌ စိုင်းယီထွန်းရဲ့ တဲမှာသွားပြီးအစည်းအဝေးလုပ်တယ်လေ ။ ဒီစိုက်ပျိုးရေးဌာနက ကျနော်တို့အပေါ် လုပ်နေတဲ့ဟာနဲ့ပတ်သက်ပြီး ကြေငြာချက်ထုတ်ပြန်တယ်”- ဟု စိုင်းအောင်မြင်က ဆိုပါသည်။

ထိုကြေငြာချက်တွင် – စခန်း ၃ အား စိုက်ပျိုးရေးဌာနက ပြုပြင်သန့်ရှင်းရေးလုပ်လိုပါက လယ်သမားများအဖွဲ့က လုပ်ခွင့်ပြုမည်မဟုတ်၊ ဆန့်ကျင်ကန့်ကွက်သွားမည်။ အဆိုပါ စခန်း ၃ အား နမ့်ခမ်းတောင်သူလယ်သမားများ၏လက်ထဲပြန်ရောက်အောင်အတွက် ပြန်လည်တောင်းဆိုသွားမည်။ အဆိုပါစခန်း ၃ အား တောင်သူလယ်သမားများအတွက်ပြန်မပေးပါက ဆန္ဒထုတ်ဖော်တောင်းဆိုသွားမည် – စသည်ဖြင့်ပါရှိပါသည်။

နမ်‌့ခမ်‌းမြို့ရှိ စပါးအထူးထွက်‌တိုးစခန်‌းများသည်‌ ‌တောင်‌သူလယ်‌သမားများစု‌ပေါင်‌းပြီး ၁၉၈၁ ခုနှစ်‌တွင်‌ တည်‌‌ဆောက်ခဲ့ကြောင်းသိရသည်။

‌မြေ‌နေရာကအစ အ‌ဆောက်‌အဦးအားလုံးကို ဓာ‌တ်‌‌မြေသြဇာ‌ရောင်‌းရ‌ငွေမှ အမြတ်‌များဖြင်ခဲ့ကြောင်း နမ့်ခမ်းမြို့နယ်တောင်သူလယ်သမားများအဖွဲ့အစည်းဥက္ကဌကပြောသည်။

‌နမ်‌့ခမ်‌း‌တောင်‌သူလယ်‌သမားအဖွဲ့ရုံးကို ‌ကောင်‌း‌နောင်‌မိုရပ်‌ကွက်‌ ကျားဖြူခန်းမအနီးတွင်ရှိပြီး စပါးအထွက်တိုး စခန်း ၁ အား မန့်ခမ်းရပ်ကွက်၊ စခန်း ၂ အားဟိုကတ်ရပ်ကွက် ၊ စခန်း ၃ အား ပေါက်တိုက်ရပ်ကွက်၊ စခန်း ၄ အား မန့်နားရပ်ကွက်တို့တွင် အသီးသီးတည်ရှိကြောင်း သိရသည်။ အဆိုပါစခန်းများအား ၁၉၈၈ ခုနှစ်က အစိုးရက သိမ်းယူလိုက်ကြောင်း၊ သို့သော် ၂၀၁၆ တွင်နမ့်ခမ်းမြို့နယ်တောင်သူလယ်သမားများအဖွဲ့ ပြည်လည်မှတ်ပုံတင်နိုင်ခဲ့ပြီး အဆိုပါစခန်းများကိုပါ ပြန်လည်အသုံးပြုခွင့်ရရေး ၂၀၁၇ တွင် ပြည်ထောင်စုအစိုးရသို့ တကြိမ် စာတင်ပြတောင်းဆိုခဲ့ကြောင်း၊ စခန်းများပြန်လည်ရရှိရေး ထပ်မံစာတင်တောင်းဆိုမည်ဖြစ်ပြီး မရရှိပါက ပြည်သူများအား အကြေင်းကြားကြေငြာကာ ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်တောင်သူလယ်သမားများအဖွဲ့က ပြောဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ်...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လှမ်းပစ်နေသည့်အသံ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနီး စစ်ကောင်စီ၏ စခန်းသစ်လက်မှ လက်နက်ကြီး လှမ်းပစ်သည့်အသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၂)ရက် နေ့လည် (၁)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “စခန်းသစ်ကနေပြီး ပစ်သွားတာ ကြားရတယ်။ နမ့်ခမ်းကနေတော့ အသံသိပ်မကြားရဘူး။...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

0
“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၁၉) မနက် ၇ နာရီ ဝန်ကျင်းတွင် နေအိမ်တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။ “ အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။...