ထိုင်းနိုင်ငံ မှ တာချီလိတ်သို့ပြန်ဝင်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား ၃၀၀ ကျော်ရှိ
SHAN -
ထိုင်းနိုင်ငံ မှ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား (၃၃၀) ကျော် ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ သြဂုတ် ၄ ရက်က ထိုင်းအာဏာပိုင်များ လွဲအပ်သော နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃၄ ဦးကို တာချီလိတ် ဘက်ခြမ်းမှ ကူညီရေးအဖွဲ့က...
FPNCC ကို ဖိတ်လျှင် SSPP လည်း ၂၁ ပင်လုံညီလာခံတက်မည်
သြဂုတ်လအတွင်းကျင်းပရန်ပြင်ဆင်နေကြသည့် ၂၁ ရာစုပင်လုံညီလာခံ သို့ မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ FPNCC ကို ဖိတ်ကြားပါက SSPP လည်းညီလာခံတက်ရောက်မည်ဟု SSPP ကပြောဆိုလိုက်သည်။ ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ်ကျင်းပနိုင်ရေး ဇူလိုင်လနှောင်းပိုင်းကစပြီး ယနေ့အထိ နေပြည်တော်တွင် အစိုးရကိုယ်စားလှယ်နှင့်NCA လက်မှတ်ထိုး တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာပြင်ဆင်နေပြသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပြင်ဆင်ရေးတွင် NCA...
နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲ ဖြစ်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ ယနေ့ ညနေပိုင်း တိုက်ပွဲဖြစ်ပွားကြောင်း မြေပြင်သတင်းအရ စုံစမ်းသိရသည်။ သြဂုတ် ၄ ရက် ယနေ့ ညနေ ၆ နာရီက နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ နှင့် ၄င်းနှင့်ထိကပ်လျက်ရှိသော မူစယ်မြို့နယ် မန့်ဟီးရိုး (မန့်ဟျိုး) မြို့နယ်ခွဲအတွင်းရှိ...
သီပေါမြို့တွင် အမျိုးသမီး တဦး ဓားဒဏ်ရာဖြင့် သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် နေအိမ်တစ်ခုအတွင်း ဓားဒဏ်ရာနှင့် အမျိုးသမီး တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ သြဂုတ်လ ၄ ရက် မနက် ၉ နာရီခွဲအချိန်က သီပေါမြို့နယ် ပေါက်၀ိန်းစန်းရပ်ကွက်ရှိ နေအိမ်တခုအတွင်း လင်မယား နှစ်ဦး ဓါးဒဏ်ရာများဖြင့်လဲကျနေပြီး...
တောင်ကြီးတွင် မိုးသည်းထန်ရွာသွန်း ရေကြီး၊ မြေပြို အမျိုးသားတဦးသေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုဖြစ်ပွါးကာ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ သြဂုတ်လ ၃ ရက်က မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ ကံသာရပ်ကွက်၌ မြေပြို၊ ကျောက်တောင်ပြိုကျမှုဖြစ်ပွါးရာ အသက် ၂၆ နှစ်အရွယ်...
နမ့်ခမ်းမြို့နယ်တွင် အစိုးရတပ်အင်အားဖြည့် ပစ်ခတ်မှုဖြစ်မှာကို ဒေသခံများစိုးရိမ်
သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် အတွင်း RCSS/SSA လှုပ်ရှားရာဘက်သို့ အစိုးရ တပ်မတော် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် ထိတွေ့မှု ဖြစ်ပွားမည် ကို ဒေသခံများက စိုးရိမ်နေကြပါသည်။ နမ့်ခမ်းမြို့နယ်အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်မဟာ (၇၀၁) အခြေစိုက်ရာ...
ကွတ်ခိုင်မြို့နယ် မိုင်းပေါက်ကွဲ ကလေး ၆ဦးထိမှန်၊ တဦးသေ
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မိုင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ ကလေး တဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၃၀ ရက် ယမန်နေ့ ညနေ ၄ နာရီ ခွဲခန့်က ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာရှိ နေအိမ်ဝင်း အတွင်း ကလေးငယ်များ...
ပအိုဝ်း လူထုဆန္ဒအရ ကြံ့ခိုင်ရေး ပါတီ ကို မဟာမိတ် အဖြစ် မှ PNO ရပ်စဲ
SHAN -
ပအိုဝ်းတိုင်းရင်းသားများက PNO ပါတီကိုသာ မဲပေးချင်သည်ဟု တောင်းဆိုလာသည့်အတွက် ပြည်ခိုင်ဖြိုးပါတီကို မဟာမိတ် အဖြစ် မှ ရပ်စဲလိုက်ရခြင်းဖြစ်ကြောင်း PNO ကပြောသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲ သက်တမ်းများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) သည် ပြည်ခိုင်ဖြိုးပါတီ (USDP) နှင့် မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်ခဲ့သည်။ သို့သော် လာမည့်...
သျှမ်းပြည် အတွင်း ဖွင့်ခွင့်ရထားသည့် ဘာသာရေး အဆောက်အဦးများ ပြန်ပိတ်
SHAN -
ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလဖြစ်သည့်အတွက် သျှမ်းပြည်တွင်းရှိ ဘာသာရေး ဆိုင်ရာ အဆောက်အဦးများ ဘုရားစေတီများ ပြန်လည်ပိတ်ထားကြောင်း သိရသည်။ ဇူလိုင် ၂၄ ရက်တွင် သျှမ်းပြည်တွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ဘုရားစေတီများကို သျှမ်းပြည်အစိုးရ မှ ပြန်လည်ဖွင့်ခွင့်ပြုခဲ့ရာ ယမန်နေ့ ဇူလိုင် ၂၈...
တောင်ကြီး စ၀်စံထွန်းဆေးရုံရှိ ကိုဗစ် ဓာတ်ခွဲခန်းသုံး ပစ္စည်းမပြည့်စုံသေး
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ထားရှိမည့် Covid-19 ဓါတ်ခွဲခန်း သုံး ပစ္စည်း မပြည့်စုံသေးသဖြင့် သတ်မှတ်ရက်တွင် အသုံးမပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် ထားရှိမည့် COVID-19 စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းကို ဇူလိုင် လလယ်တွင် စတင်အသုံးပြုနိုင်မည်ဟုပြောဆိုထားခဲ့သော်လည်း လက်ရှိတွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းနှင့်...





