Wednesday, April 24, 2024

သျှမ်းပြည်မြောက်ပိုင်းတွင် ကျပ်သိန်း ၂၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းဆီရမိ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် လာရှိုးမြို့တို့တွင် မူးယစ်ဆေးများကို ယမန်နေ့( ဒီဇင်ဘာ ၃ ရက်) တွင် ကျပ်သိန်း ၂၂၀ ကျော်ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

လာရှိုးမြို့နယ်တွင် လာရှိုး-မိုင်းယော် သွားကားလမ်းတွင် အိုက်ဆင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာတွင် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့်ဘိန်းဖြူ အလေးချိန် ၅၀ ဂရမ်း (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇.၅ သိန်း) နှင့် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀ဝ၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၀ သိန်း)တို့ကို ဖမ်းဆီးသိမ်းဆည်ရမိကြောင်း သိရသည်။

အိုက်ဆင်းသည် ၁၆ နှစ်ရှိပြီး ၎င်း နှင့် အတူ ဒေါ်လွမ်းညွတ် ၅၀ အတူလိုက်ပါလာခဲ့သည်။

အလားတူ မူဆယ်မြို့နယ်တွင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံကိုလဲ ဖမ်းဆီးရမိကြောင်း သိရသည်။

ဒီဇင်ဘာ ၃ ရက်နေ့တွင် လည်း မူဆယ်-ပန်ဆိုင်း(ကြူကုတ်) သွားကားလမ်းတွင် အိုက်လျန်းနှင့်အောင်မျိုးသန့်တို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာတွင် အောင်မျိုးသန့် လွယ်ထားသောလွယ်အိတ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၅သိန်း) နှင့် ပလတ်စတစ်ကပ်ခွာအိတ် တွင် စိတ်ကြွရှုးသွပ်ဆေးပြား ၄၀၀ ပြား( ဒေသကာလပေါက်ဈေး ၄ သိန်း) တို့ကိုဖမ်းဆီးရမိကြောင်းသိရသည်။

ထိုကွင်းဆက်ပေါ်ပေါက်ချက်အရ မူးယစ်ဆေးဝါးရောင်းချသူ ဖန်လျာရို နေအိမ်တွင် ဘိန်ဖြူအလေးချိန် ၁၅၄ ဂရမ်(ဒေသကာလပေါက်ဈေး ၂၃.၁သိန်း) နှင့် ပလတ်စတစ်ကပ်ခွာအိတ်တွင် စိတ်ကြွရှူးသွပ်ဆေးပြား ၆၄၀၀ ပြား( ဒေသကာလပေါက်ဆေး ၆၄ သိန်း) တို့အားသိမ်းဆည်းရမိကြောင် သိရသည်။

အဆိုပါဖမ်းဆီးရမိသူများကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုများဖွင့်ထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article