ရန်ကုန် ကိုဗစ်-၁၉ ကုသရေး ကူညီရန်သွားသည့် တောင်ကြီး သူနာပြု(၆)ဦးပိုးတွေ့

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို ကူညီရန် သွားရောက်သည့် တောင်ကြီး သူနာပြု (၆)ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သျှမ်းပြည်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံ စုံစမ်းသိရသည်။

“ရန်ကုန်တိုင်းဒေသကြီးကို သွားရောက်တာဝန်ထမ်းဆောင်မည့် သူနာပြု ဆရာမတွေ ပိုးတွေ့တာဟုတ်ပါတယ်။ ဒီနေ့ မနက်မှာပဲ တွေ့တာ။ ရန်ကုန်မှာပဲ တွေ့တာပါ။ ရန်ကုန်မှာ စစ်ရင်း ပိုးတွေ့တာပါ။လက်ရှိ ရန်ကုန်မှာ ရှိနေပါတယ် ” ဟု သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၏ ပြည်နယ် ဦးစီးမှူး ဒေါက်တာသူဇာချစ်တင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမှ ရန်ကုန်သို့ ဒီဇင်ဘာ (၃)ရက် ညပိုင်းထွက်ခွာခဲ့ပြီး၊ ရန်ကုန်ကို ယနေ့မနက် ပိုင်းရောက်သွားကာ၊ တာဝန်မထမ်းဆောင်ခင် ကိုဗစ်-၁၉ ရှိ၊မရှိ စစ်ဆေးရာ တောင်ကြီး သူနာပြု (၆)ဦး ပိုးတွေ့ရှိကြောင်း ဒေါက်တာ သူဇာချစ်တင် က ပြောသည်။

“သူတို့က ရန်ကုန်ကို စေတနာ့ကျန်းမာရေး ဝန်ထမ်းအဖြစ်သွားရောက် တာဝန်ထမ်းဆောင်တယ်။ ရန်ကုန်မှာ အလုပ်မလုပ်ခင် duty မဝင်ခင် စစ်လိုက်တော့ ပိုးတွေ့တာပါ။ မနေ့ညကပဲ သွားတာ ဒီမနက်မှ ရန်ကုန်ရောက်တယ်။သျှမ်းပြည်က သူတို့နဲ့ ထိတွေ့ ဆက်စပ်သူတွေကို ပြန်လိုက်ရှာနေပါတယ်။” ဟု ဒေါက်တာသူဇာချစ်တင် ကပြောသည်။

ရန်ကုန်သို့စေတနာ့ ကျန်းမာရေး ဝန်ထမ်းအဖြစ် သွားရောက်ကူညီမည့် သူနာပြု ဆရာမ စုစုပေါင်း (၁၄) ဦး အနက် (၆) ဦးသည် ပိုးတွေ့ခြင်း ဖြစ်ကြောင်း ၊ထိုထဲတွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှ သူနာပြု ဆရာမ (၄) ဦး နှင့် မိခင်နှင့် ကလေးဆေးရုံမှ သူနာပြု (၂) ဦး တို့ဖြစ်ကြောင်း ဒေါက်တာ သူဇာချစ်တင်က ဆိုသည်။

ယမန်နေ့ ညတွင်လည်း ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် စေတနာ့ကျန်းမာရေးဝန်ထမ်း (၂၁) ဦး ပြန်လည် ရောက်ရှိလာသည်။

ဒီဇင်ဘာ (၃) ရက်နေ့ ည (၈) နာရီအချိန်ထိ သျှမ်းပြည်တောင်ပိုင်း ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၂၅) ဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...