Tuesday, January 27, 2026

မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦးပြန်ပေးဆွဲခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တွင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရကြောင်း စုံစမ်းသိရှိရသည်။

Photo Screenshot from CCTV- မူဆယ်မြို့လယ်တွင်အမျိုးသမီးတဉီးအား အမျိုးသား ၃ ဉီးက ဆွဲရမ်းကားပေါ်တင်ဆောင်သွားကြစဉ်

 ဒီဇင်ဘာလ ၆ ရက်နေ့လည်ပိုင်းက မူဆယ်မြို့လယ် လူမြင်ကွင်းရှေ့တွင် ထိုသို့ ပြန်ပေးဆွဲ ခံရသည့်အပေါ်  ငွေကြေးကိစ္စအပြင် တစ်ခြားသော အကြောင်းအရာများရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ပြန်ပေးဆွဲခံရတာတော့ ဟုတ်တယ်။ သူ့အမျိုးသားက ပြည်သူစစ်ထဲမှာပါတယ်။ သူကတော့ ငွေလဲတဲ့အလုပ် လုပ်တယ်။ သူတို့အချင်းချင်း ငွေလိုနေကြတာလားမသိဘူးလေ” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖြစ်စဉ်မှာ အမျိုးသား ၃ ဦးက Crown ကားမောင်းနှင်းလာပြီး အဆိုပါအမျိုးသမီးတစ်ဦးကို မနက် ၉ နာရီကျော်အချိန်တွင် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ထိုသို့ဖမ်းဆီးပြီးနောက်ပိုင်းတွင် တရုတ်ငွေယွမ် ၅၀၀၀၀ ဖြင့်ပြန်ရွေးယူခိုင်းပြီး ညနေပိုင်း မှသာ ပြန်လွှတ်ပေးခဲ့ ကြောင်းသိရသည်။

“ သူ့ကိုခေါ်သွားတုန်းက ခြောက်လှန့်ပြီးတော့ ခေါ်သွားတယ်။ ဖုန်းထဲကနေပြီးတော့ တရုတ်ငွေ ၅ သောင်းပေးပြီးတော့ ညနေပိုင်းလောက်မှပြန်လွှတ်လာတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပြန်ပေးဆွဲသည့်အဖွဲ့သည် မည်သည့် အဖွဲ့ဖြစ်သည်ကို မသိရသေးကြောင်း နှင့် တရုတ်စကားပြောသူများဖြစ်ကြောင်း ၊လက်ရှိအချိန်အထိ မဖမ်းမိသေးကြောင်း သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့များပြားပြီး တရုတ်နယ်စပ်ဖြစ်သည့်မူဆယ်မြို့တွင်ထိုသို့ ပြန်ပေးဆွဲမှု ၊ ဓါးပြမှုများမကြာခဏ ဖြစ်ပွါးလေ့ရှိသဖြင့် ဒေသခံလူထုအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

မူဆယ်တွင် မဲမပေးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ် မလုပ်ပေးဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမထည့်ပါက စာအုပ် (အနီ) မလုပ်ပေးဟု ခြိမ်း‌ခြောက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှ စ၍ မူဆယ်မြို့‌ပေါ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက...

မူဆယ်တွင် မြို့ပေါ်ရပ်ကွက်သာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပနိုင်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာ ကွက်၍ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြို့ပြင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် မူဆယ်မြို့ပေါ် ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ပတ်လည်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...