မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦးပြန်ပေးဆွဲခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တွင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရကြောင်း စုံစမ်းသိရှိရသည်။

Photo Screenshot from CCTV- မူဆယ်မြို့လယ်တွင်အမျိုးသမီးတဉီးအား အမျိုးသား ၃ ဉီးက ဆွဲရမ်းကားပေါ်တင်ဆောင်သွားကြစဉ်

 ဒီဇင်ဘာလ ၆ ရက်နေ့လည်ပိုင်းက မူဆယ်မြို့လယ် လူမြင်ကွင်းရှေ့တွင် ထိုသို့ ပြန်ပေးဆွဲ ခံရသည့်အပေါ်  ငွေကြေးကိစ္စအပြင် တစ်ခြားသော အကြောင်းအရာများရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ပြန်ပေးဆွဲခံရတာတော့ ဟုတ်တယ်။ သူ့အမျိုးသားက ပြည်သူစစ်ထဲမှာပါတယ်။ သူကတော့ ငွေလဲတဲ့အလုပ် လုပ်တယ်။ သူတို့အချင်းချင်း ငွေလိုနေကြတာလားမသိဘူးလေ” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖြစ်စဉ်မှာ အမျိုးသား ၃ ဦးက Crown ကားမောင်းနှင်းလာပြီး အဆိုပါအမျိုးသမီးတစ်ဦးကို မနက် ၉ နာရီကျော်အချိန်တွင် လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ထိုသို့ဖမ်းဆီးပြီးနောက်ပိုင်းတွင် တရုတ်ငွေယွမ် ၅၀၀၀၀ ဖြင့်ပြန်ရွေးယူခိုင်းပြီး ညနေပိုင်း မှသာ ပြန်လွှတ်ပေးခဲ့ ကြောင်းသိရသည်။

“ သူ့ကိုခေါ်သွားတုန်းက ခြောက်လှန့်ပြီးတော့ ခေါ်သွားတယ်။ ဖုန်းထဲကနေပြီးတော့ တရုတ်ငွေ ၅ သောင်းပေးပြီးတော့ ညနေပိုင်းလောက်မှပြန်လွှတ်လာတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ပြန်ပေးဆွဲသည့်အဖွဲ့သည် မည်သည့် အဖွဲ့ဖြစ်သည်ကို မသိရသေးကြောင်း နှင့် တရုတ်စကားပြောသူများဖြစ်ကြောင်း ၊လက်ရှိအချိန်အထိ မဖမ်းမိသေးကြောင်း သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့များပြားပြီး တရုတ်နယ်စပ်ဖြစ်သည့်မူဆယ်မြို့တွင်ထိုသို့ ပြန်ပေးဆွဲမှု ၊ ဓါးပြမှုများမကြာခဏ ဖြစ်ပွါးလေ့ရှိသဖြင့် ဒေသခံလူထုအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...