Facebook လူမှုကွန်ရက် ကို နည်းမျိုးစုံ ဆက်မသုံးနိုင်အောင် စစ်အာဏာရှင်က ညွှန်ကြားထား
စစ်အာဏာသိမ်းပြီး ၄ ရက်မြောက်နေ့ မြန်မာပြည်သူများ သုံးစွဲနေသည့် Facebook လူမှု ကွန်ရက် စာမျက်နှာ ပိတ်ရန် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန က ယနေ့ (ဖေဖော်ဝါရီ ၄)ရက် စွဲဖြင့် ညွှန်ကြားထားသည်။ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း စစ်တပ်မှ...
ကိုဗစ်-၁၉ လူနာလျော့ကျလာသဖြင့် စစ်ဆေးရေးဂိတ် တချို့ပိတ်သိမ်း
SHAN -
သျှမ်းပြည် တောင်ပိုင်းတွင် ဆေးကုသနေသည့် ကိုဗစ်-၁၉ လူနာ ၃၆ဦး ကျန်းရှိကာ ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျလာသဖြင့် စစ်ဆေးရေးဂိတ် တချို့ပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရသည်။ “ သျှမ်းတောင်မှာတော့ ကိုဗစ်လူနာ စုစုပေါင်း ၃၆ဦးကျန်တယ်။ တောင်ကြီးမှာတော့ ၃ဦးကျန်သေးတယ်” ဟု သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး...
စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်လိုဟု ကျန်းမာရေးဝန်ထမ်းများ ဆန္ဒထုတ်ဖော်
စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုသဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ ယနေ့ (ဖေဖော်ဝါရီ ၄)ရက်တွင် ဆန့်ကျင် ကန့်ကွက်မှု ပြုလုပ်ခဲ့သည်။ စဝ်စံထွန်းဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း အယောက် (၅၀)ကျော်သည့် ယနေ့မနက် (၈နာရီကျော် မှ ၉ နာရီ)ထိ စစ်အာဏာရှင် စနစ်ကို...
တရားနည်းလမ်းကျ ယှဉ်ပြိုင်အနိုင်ရမှုကို အသိအမှတ်ပြုရန် SNLD တိုက်တွန်း
ရွေးကောက်ပွဲကို မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်များကို အသိအမှတ်ပြု လက်ခံရန် SNLD က တိုက်တွန်းတောင်းဆိုလိုက်သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်ပြီး ပြည်သူ၏ဆန္ဒသဘောထားအတိုင်း မားမားမတ်မတ် ရပ်တည်သွားမည်ဖြစ်ပြီး မှန်မှန်ကန်ကန် တရား နည်းလမ်းတကျ ယှဉ်ပြိုင်အနိုင်ရရှိထားသည်...
အာဏာသိမ်းစစ်အစိုးရ မှ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ကိုတရားစွဲဆို
နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့် ကို ယနေ့ (ဖေဖော်ဝါရီ ၃)ရက် တွင် ဇဗ္ဗူသီရိတရားရုံး၌ ဗီဒီယိုမှ တဆင့် ရုံးတင်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်း စစ်အစိုးရ မှ ဒေါ်အောင်ဆန်းစုကြည် ကို ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ်မ(၈)ဖြင့် တရားစွဲဆိုပြီး၊...
ငွေကျပ် ၅၀၀၀ တန် နှင့် တသောင်းတန် ရုပ်သိမ်းမည့်သတင်း ကောလဟာလထွက်ရှိ
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများပေါ် မူတည်ပြီး ကျပ် ၅၀၀၀ တန် နှင့် ကျပ် ၁၀၀၀၀-တန် ရုပ်သိမ်းမည့်ဆိုသည့် သတင်းကောလဟာလ နှင့် ဘဏ်များ ပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများ ထွက်ပေါ်နေမှုသည် ဟောလဟာလ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ယနေ့ (ဖေဖော်ဝါရီ ၃)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ မြန်မာနိုင်ငံတော်...
နိုင်ငံရေး အကျပ်အတည်းကြား တပ်အာဏာသိမ်းယူသည့်အပေါ်အပစ်ရပ် PPST မှ ဆန့်ကျင်ကန့်ကွက်
လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြား တပ်မတော်မှ အာဏာသိမ်းယူသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ဆန့်ကျင်ကန့်ကွက်လိုက်ကြောင်း ကြေညာချက်ထုတ်လိုက်သည်။ ဖေဖော်ဝါရီ ၁ ရက် ယမန်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ နိုင်ငံတော်၏ အာဏာ သိမ်း ပြီးနောက် PPST...
ဖမ်းခံထားရသည့် သျှမ်းပြည် ဝန်ကြီး ၂ ဦး တပ်မှ ပြန်မလွှတ်ပေးသေး
တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် သျှမ်းပြည် အစိုးရအဖွဲ့ဝင်အချို့ ပြန်လွှတ်မြောက်လာ သော်လည်း ၂ ဦး ကျန်သေးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁) ရက် မနက်တွင် နိုင်ငံတော်၏ အာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တနှစ်တိတိ လွှဲအပ်သိမ်းယူလိုက်ကြောင်း က ကြေညာထားသည်။ ထို့နောက်...
တပ်အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေဟု NLD ထုတ်ပြန်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဆန့်ကျင်ဆောက်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ က ယနေ့ (ဖေဖော်ဝါရီ ၂)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ နိုင်ငံတော်၏ အာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က...
ပြည်တွင်းငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုတဲ့ နေပြည်တော်ရောက် သျှမ်းအမတ်လောင်း
ယနေ့ ဖေဖော်ဝါရီ ၁ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတက်ဖို့ အတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများက အဆင်သင့်ရောက်ရှိထားပါတယ်။ သို့ပေမယ့် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တာကြောင့် လွှတ်တော်အစည်းအဝေးမကျင်းပဖြစ်သေးဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ ဧည့်ရိပ်သာမှာဘဲ စောင့်ဆိုင်းနေကြရပါတယ် ။ အခြေအနေသိရအောင် ရှမ်းအမျိုးသားများ...





