Thursday, January 29, 2026

ကိုဗစ်-၁၉ လူနာလျော့ကျလာသဖြင့် စစ်ဆေးရေးဂိတ် တချို့ပိတ်သိမ်း

သျှမ်းပြည် တောင်ပိုင်းတွင် ဆေးကုသနေသည့် ကိုဗစ်-၁၉ လူနာ ၃၆ဦး ကျန်းရှိကာ ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျလာသဖြင့် စစ်ဆေးရေးဂိတ် တချို့ပိတ်သိမ်းလိုက်ကြောင်း စုံစမ်းသိရသည်။

“ သျှမ်းတောင်မှာတော့ ကိုဗစ်လူနာ စုစုပေါင်း ၃၆ဦးကျန်တယ်။ တောင်ကြီးမှာတော့ ၃ဦးကျန်သေးတယ်” ဟု သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကို က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာတဝှမ်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းလျော့ကျလာသဖြင့် တချို့ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များ ပိတ်သိမ်းလိုက်ကြောင်းလည်း သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃)ရက် ည ၈နာရီ တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ျက် အရ ကိုဗစ်-၁၉ လူနာသစ် စုစုပေါင်း (၂၆၃) ဦးရှိပြီး၊ သေဆုံး (၁၄)ဦး ရှိကြောင်း သိရသည်။

လက်ရှိ တောင်ကြီး-ဟိုပုံးလမ်းမပေါ်ရှိ ကိုဗစ်-၁၉ စစ်ဆေးဂိတ်ကို ဖေဖော်ဝါရီ (၃)ရက် ညနေ ၄နာရီတွင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းလည်း ဒေါက်တာ ဇဝနကို ကပြောသည်။

“ တောင်ကြီး-ဟိုပုံး မှာရှိတဲ့ ကိုဗစ် စစ်ဆေးရေးဂိတ်ဘာကြောင့်ပိတ်လဲဆိုတော့ မြို့နယ် က မလိုအပ်တော့ဘူးလို့ ယူဆလို့ပါ။ တောင်လေးလုံးဂိတ်တော့ ရှိပါသေးတယ်” ဟု ဒေါက်တာ ဇဝန ကို က ဆိုသည်။

ယခုရက်ပိုင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းကျဆင်းလာသော်လည်း ပြည်သူများအနေဖြင့် မပေါ့ဆရန်၊ အပြင်ထွက်တိုင်းလည်း Mask (နှာခေါင်းစည်း) တပ်ရန်လိုအပ်ကြောင်းလည်း ဆရာဝန်များကပြောသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၂၇ရက်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးလက်အောက်ရှိ ကျန်းမာရေး ဝန်ထမ်းများကို ပထမ အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခဲ့ပြီး၊ ယခု ဒုတိယအကြိမ်အဖြစ် ဆက်ထိုးရန် အတွက် မည်ကဲ့သို့ ပြန်လည် စီမံထားသည်ကို အသေးစိတ်မသိရှိရသေးပေ။

ထို့အပြင် ယခင်တွင် ဖေဖော်ဝါရီ (၅)ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံ ရောက်ရှိလာမည် ဟု သတင်းထွက်ပေါ်လာပြီး၊ ဖေဖော်ဝါရီ (၅)ရက်ရောက်မည့် ကိုယ်ဗစ်-၁၉ ကာကွယ်ဆေးသည် သျှမ်းပြည်လွှတ်တော် တက်မယ့် လွှတ်တော်ကိုယ်စားလှယ်များထိုးပေးရန် စီစဉ်ထားခဲ့သည်။

သို့သော်လက်ရှိမှာ တပ်မတော် မှ နိုင်ငံတော်၏ အာဏာကို ဖေဖော်ဝါရီ ၁ရက် မနက်တွင် သိမ်းလိုက်သည့်အတွက် လွှတ်တော်ကျင်းပတော့မည် မဟုတ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ကို ထိုးပေးမည့် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်လည်း မည်ကဲ့သို့ စီမံထားသည်ကို မသိကြောင်း ဆရာဝန်များက ပြောသည်။

“အစက ဖေဖော်ဝါရီ (၅)ရက်မှာ ကိုဗစ်ကာကွယ်ဆေး ထပ်ရောက်ဖို့ရှိတယ်။ ဒါပေမယ့် အခုထိတော့ ကိုဗစ် ကာကွယ်ဆေးတွေ ထပ်မရောက်သေးဘူး” ဟု ဒေါက်တာ ဇဝနကို က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...