ရွာငံ စစ်ကောင်စီတပ် စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထားပြီး ၎င်းတို့စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများသို့ စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း ရုတ်တရက် ဝင်ရောက်လာပြီး ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ ယနေ့ (ဇူလိုင် ၂၁...
နောင်ချိုစစ်ကောင်စီတပ် ဂုတ်ထိပ်တဖက်ကမ်း ဒရုန်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် သားအမိနှစ်ယောက် သေဆုံး
သျှမ်းပြည် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းသို့ လက်နက်ကြီးပစ်ခတ်ပြီး ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်သားအမိ နှစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ (ဇူလိုင်လ...
Happy Water မူးယစ်ဆေးရည်ကြောင့် ကာလိမြို့တွင် အမျိုးသမီး ထပ်မံသေဆုံးမှုဖြစ်
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ ကေတီဗွီ (KTV) တစ်ခုတွင် အသက် ၂၅ အရွယ်ရှိ အမျိုးသမီးတစ်ဉီး Happy Water သောက်သုံးပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက်တွင် ကွန်ဟိန်းမြို့နယ် ကာလိမြို့၌ အသက် ၂၅ နှစ်အရွယ်ရှိ...
မူဆယ်မြို့ စစ်ကောင်စီက ကျားဖြန့်လုပ်သူများကို ဖမ်းဆီးမှု ပြန်လုပ်လာ
သျှမ်းပြည် မူဆယ်မြို့တွင် ယခုရက်ပိုင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ တရုတ်ဖိအားမှုကြောင့် မူဆယ်မြို့ကို စစ်ကောင်စီတပ်သားများက ယခုရက်တစ်ပတ်အတွင်း စွမ်းစော်ရပ်ကွက်၊ ကောင်းမှုတုံ ရပ်ကွက်၊ ၄၅ ကုန်း ရပ်ကွက် စသည့်ရပ်ကွက်ထဲရှိ အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသည့်နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့သည်။ ထို့ကြောင့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်...
နောင်ချိုမြို့ TNLA နှင့် PDF များကို ထောက်ခံအားပေးသူဟုဆိုကာ ဖမ်းဆီးရန်လှုံ့ဆော်နေ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့ကို ဆန့်ကျင်သော သူများကို ဖမ်းဆီးရန် မှိုင်းဝေအပါအဝင် တယ်လီဂရမ်ချန်နယ်များက လှုံ့ဆော်နေသည်။ TNLA က တစ်နှစ်ကြာသိမ်းပိုက်ထားသော နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ မြေပြင် စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ပြီးနောက် ဇူလိုင် (၁၅)...
မန္တလေး၊ အင်းလေး ငလျင်ထပ်မံလှုပ်
ယနေ့ (ဇူလိုင်လ ၈ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်မြောင်းအနီးတွင် ဗဟိုပြု၍ မဂ္ဂနီကျု ၅.၄ အဆင့်အားပြင်းသည့် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်းသိရသည်။ ထိုမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ၊ တောင်ကြီးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မြို့နယ် ထိသိသိသာသာ ငလျင်လှုပ်ခတ်ခဲ့ကြောင်း...
ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီတပ် ထပ်မံဗုံးကြဲတိုက်ခိုက်
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် ကြူရှောမြောက်ရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၈ ရက်) နံနက် ၁၀ နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...
မိုင်းပန်တွင် ညသန်းခေါင်ယံ ချောင်းရေတက်လာခြင်းကြောင့် ညတွင်းချင်း ဘေးလွတ်ရာပြောင်းရွှေ့ရ
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် ညသန်းခေါင်အချိန် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာသောကြောင့် ညတွင်းချင်း ဘေးလွတ်ရာ ပြောင်းရွှေ့လိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၆ ရက်)တွင် မိုင်းပန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ပန်ချောင်းရေ ရုတ်တရက် တက်လာပြီး ညသန်းခေါင်ယံအချိန်တွင် ရေများ နေအိမ်အတွင်းသို့ ဝင်ရောက်လာသည်။ ထိုသို့ နမ့်ပန်ချောင်းရေ...
နောင်ချိုတိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို SSPP က ကူညီပေးနေဆိုသည့် ရုပ်သံဖိုင်အမှား
ရုပ်သံဖိုင်အဟောင်းကို အသုံးပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ တိုက်ပွဲအတွင်း ဒဏ်ရာရထားသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ကူညီသယ်ယူပို့ဆောင်ပြီး ဆေးဝါးကုသပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ သတင်းအမှား ဖြန့်ချိနေပါသည်။ အဆိုပါ အကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာ Facebook Page အကောင့်တစ်ခုမှ ယနေ့ ဇူလိုင်...
SHAN -
သျှမ်းပြည်အရှေ့ပိုင်းတွင် မြစ်ဖျားခံပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ချောင်းများထဲ ရေထုညစ်ညမ်းမှုကို ဖြေရှင်းရန် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ညှိနှိုင်းမည်ဟု သိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခန်းမ၌ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ နမ့်ခုတ်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းတလျောက် နေထိုင်သည့်...





