CATEGORY

သတင်း

ကလောမြို့ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့မှ အမျိုးသမီးတစ်ဦးနှင့် အောင်ပန်းမြို့ လူငယ် ၄ ဦးထက်မနည်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် အောင်ပန်းမြို့ရှိ အောင်မြင်သူ လက်ဖက်ရည် ဆိုင်အနီးရှိ အုတ်ခုံတွင် ထိုင်နေသည့် လူငယ်များကို စစ်ကောင်စီမှ...

တာလေမြို့ ကိုဗစ်မြင့်မားသည့်ကြား စစ်ကောင်စီ စာသင်ကျောင်း အတင်းဖွင့်ခိုင်း

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့တွင် ကိုဗစ် - ၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နေသည့်ကြား စစ်ကောင်စီမှ စာသင်ကျောင်းများကို အတင်းဖွင့်လှစ်ကြောင်း ဒေသခံများက ပြောသည်။ တာချီလိတ်မြို့နယ် တာလေမြို့တွင် အောက်တိုဘာလ (၃၁)ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူ (၁၁၈) ဦးအထိ...

တိုက်ပွဲဆက်ဖြစ်နေတဲ့ မိုင်းကိုင်မြို့နယ်ရှိ စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် တစ်လကျော်ကြာ ထွက်ပြေးလာတဲ့ စစ်ရှောင်များသည် လက်ရှိချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွင် ရှိနေကြောင်း သိရှိရသည်။ “အစားအသောက်တွေ ပြတ်လပ်နေပြီ။ ဆန်တွေ ဟင်းရွက်စိမ်းတွေလည်း မရှိတော့ဘူး။ ရှိတဲ့ဟာနဲ့ပဲ စားနေရတယ်။...

လာရှိုး – မိုင်းယော်ကြား စစ်ရေးပြင်းထန် စစ်ကောင်စီမှ ဒေသခံကားသမားများကို ချောဆွဲနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် မိုင်းယော်တိုက်နယ်ကြားတွင် စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီမှ ၎င်းတို့၏ ဒဏ်ရာရတပ်သားများကို ဆေးရုံသို့ သယ်ယူပို့ဆောင်ပေးရန် ဒေသခံကားများကို ချောဆွဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ကာ မိုင်းယော်တိုက်နယ်အတွင်းတွင် စစ်ကောင်စီနှင့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဦးနှစ်ဖက် ထိခိုက်ကျဆုံးမှုရှိနေကြောင်း...

ကျောက်မဲမြို့နယ် (၃)နှစ်ကလေးငယ် အပါအဝင် (၃)ဦး မိုင်းနင်းမိ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ကြူရှော(တောင်)ရွာအနီးတွင် ယနေ့ (နိုဝင်ဘာ ၁)ရက် မနက် ၈နာရီဝန်းကျင်က (၃)နှစ် ကလေးငယ် အပါအဝင် ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ မနက်ပိုင်း ၈ နာရီ ဝန်းကျင်တွင် လယ်တောသို့ သွားသည့် ကြူရှော(တောင်)ရွာ...

ပင်လောင်း၊ ဆီဆိုင် Semi-Lockdown (၁၄)ရက် သတ်မှတ်

သျှမ်းတောင် ပင်းလောင်းနှင့် ဆီဆိုင်မြို့နယ်တို့ကို ယနေ့ (နိုဝင်ဘာ ၁ ရက်)မှ စတင်ပြီး Semi-Lockdown သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။ ပင်လောင်းမြို့နယ်တွင် ယနေ့ မှ စတင်ပြီး နိုဝင်ဘာ (၁၄)ရက်နေ့အထိလည်းကောင်း၊ ဆီဆိုင်မြို့နယ်ကို ယနေ့မှ စပြီး နိုဝင်ဘာ (၇)ရက်နေ့အထိ Semi-lcokdown အဖြစ် သတ်မှတ်ကြောင်း...

တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် ရေကြီးရေလျှံမှုကြောင့် ရေများဝင်သည့် နေအိမ်မှ ပစ္စည်းများ ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာလ (၁)ရက် မနက် ၂ နာရီမှ စတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းခြင်းနှင့် တောင်ကျရေများကြောင့် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း(က/ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်တို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး...

ဖယ်ခုံမြို့ ဖမ်းဆီး လူသားဒိုင်းအသုံပြုခံရသူများ ယနေ့ထိတိုင် မလွတ်သေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာတွင် စစ်ကောင်စီက ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် ခေါ်သွားသည့် ဒေသခံ (၂၀)ဦး ယနေ့ထိ မလွတ်သေးကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေသည့် ရွှေပြည်အေးကျေးရွာ ဒေသခံ (၂၀)ကို ယနေ့ထိတိုင် ၎င်းတို့၏ အခိုင်းအစေအဖြစ် ခေါ်ယူထားကြောင်း မျက်မြင်တွေ့သူက ပြောသည်။ “သူတို့ဖမ်းထားတာက PDFတွေ...

မိုင်းကိုင်မြို့နယ် အတွင်း လက်နက်ကြီးသံ ဆက်တိုက်ကြားနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုအတွင်း ယနေ့ နိုဝင်ဘာ (၁)ရက် မနက် (၉ )နာရီက စတင်ကာ လက်နက်ကြီးသံ ဆက်တိုက်ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၁)ရက် မနက် (၉)နာရီကျော်မှ စတင်ပြီး လက်ရှိ သတင်းရေးသားချိန်ထိ ပန်ကေတုကျေးရွာအုပ်စု ဟွေယွဲ့ကျေးရွာအနီး လက်နက်ကြီးသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ “ခုထိ...

ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီ

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်အတွင်း အခြား စစ်ရှောင်စခန်း အပါအဝင် စစ်ရှောင်အများဆုံး ခိုလှုံနေသည့် ဟူးဆွန်ကျေးရွာအုပ်စုတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး အလှူရှင်များ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံထံမှ သိရသည်။ “ဟူးဆွန်က စစ်ရှောင်တွေက အရမ်းကို ခက်ခဲနေပြီ၊ လူဦးရေလည်း များတယ်၊ (၁၅၀၀)ကျော်ရှိတယ်၊...

Latest news