Tuesday, January 27, 2026

တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံး

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် ရေကြီးရေလျှံမှုကြောင့် ရေများဝင်သည့် နေအိမ်မှ ပစ္စည်းများ ပျက်စီးဆုံးရှုံးရကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ (၁)ရက် မနက် ၂ နာရီမှ စတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းခြင်းနှင့် တောင်ကျရေများကြောင့် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း(က/ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်တို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ရေဝင်သည့် နေအိမ်များမှ ပစ္စည်းများ ပျက်စီးဆုံးရှံးရကြောင်း တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

“မိုးတွေရွာလို့ မယ်ဆိုင်ချောင်းလည်းရေတက်လာတယ်၊ တောင်ကျရေတွေလည်း ကျလာတယ်ဆိုတော့ လမ်းမကြီးဘက်မှာလည်း ရေတွေတက်လာပြီး အိမ်တွေထဲကို ဝင်တယ်၊ တချို့က အိမ်အောက်ထပ် တစ်ခုလုံး ရေတွေပြည့်သွားတာ၊ အဲ့ကြောင့် အောက်ထပ်မှာရှိတဲ့ ပစ္စည်းပျက်စီးကုန်တယ်” ဟု တာချီလိတ်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်၊၊

လက်ရှိ ရေဝင်ရောက်နစ်မြုပ်နေသည့် နေအိမ်တချို့တွင် ဆိုင်ခန်းနှင့် တွဲလျက်ဖွင့်ထားသည့် နေအိမ်များဖြစ်နေကြောင်း၊ အိမ်အောက်ထပ် တစ်ခုလုံး ရေပြည့်နေသည့်အတွက် အိမ်ရှင်များအနေဖြင့် အပေါ်ထပ်တွင်သာ နေထိုင်ရကြောင်း သိရသည်။

“ဆိုင်ခန်းတွေကိုလည်း ရေဝင်တယ်၊ တချို့က အဝတ်အထည်ဆိုင်ဖြစ်တယ်၊ အိမ်က နှစ်ထပ်ဖြစ်နေလို့ လူတွေက အပေါ်ထပ်မှာ နေလို့ ရပေမဲ့ ပစ္စည်းတွေက သယ်ဖို့ အချိန်မရလိုက်ဘူးလေ” ဟု တာချီလိတ်မြို့ နေ ဒေသခံ အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့တွင် ယခုနှစ်အတွင်း ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ယခုတစ်ကြိမ် ရေကြီးရေလျှံမှုသည် ရပ်ကွက်များအတွင်းထဲထိ ရေဝင်ရောက်ပြီး ပစ္စည်းများ ပျက်စီးဆုံးရှုံးရကြောင်း သိရသည်၊၊

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...

တာချီလိတ်မြို့ ရေကြီးရေလျှံမှု ရပ်ကွက်တွင်းရှိ လမ်းများ ဆိုးရွားစွာပျက်စီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် ရပ်ကွက်တချို့ရှိ လမ်းများ ပျက်စီးကာ ပြည်သူများ သွားလာရန်အတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ မယ်ခေါင် ရပ်ကွက် (၃) တိုင်းရင်းသားနှစ်ခြင်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း လမ်းရှေ့ နှင့် တာချီလိတ် လေယာဉ်ကွင်းလမ်းတလျောက် စသည့် မြို့တွင်းရှိ ရပ်ကွက်လမ်းများမှာ...

တာချီလိတ်မြို့ ရေကြီးရေလျှံမှု ထပ်မံကြုံတွေ့

0
မြန်မာ - ထိုင်းနယ်စပ် ဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရပ်ကွက်တစ်ချို့ ရေကြီးရေလျှံဖြစ်ပွားပြီးနောက် လက်ရှိတွင် ရေများ ပြန်လည်ကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၈) ရက် မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ရှိ...

မိုင်းပန်မြို့ လမ်း၊တံတားများပျက်စီး ကား၊ဆိုင်ကယ် သွားလာမရ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန် - မိုင်းတုံ ကားလမ်းမကြီးပေါ် ရေကြီးရေလျှံဖြစ်ပွားနေပြီး တံတားများ ပျက်စီးနေသဖြင့် ကားနှင့်ဆိုင်ကယ် များသွားလာ၍ မရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် မိုင်းပန်မြို့- မိုင်းတုံမြို့ ကားလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး တံတားတစ်ခုပျက်စီးနေခြင်းကြောင့် ယနေ့ချိန်ထိ ကားနှင့်ဆိုင်ကယ်များသွားလာ၍...

မိုးနဲ ရေကြီး စပါးခင်းပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးကာ စိုက်ပျိုးထားသည့် စပါးများ ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်း မိုးနဲမြို့နယ်ထဲတွင် မိုး ၄ - ၅ ရက် ဆက်တိုက်ရွာသွန်းမှုကြောင့် လယ်ယာထဲ ရေကြီးလာပြီး ပြည်သူများ စိုက်ပျိုးထားသည့် စပါးများ ရေထဲမျောပါသွားပြီး အရှုံးပေါ်နေကြောင်း...