CATEGORY

သတင်း

တလနီးပါးကြာ ဖမ်းခံရသည့် ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦး ရုပ်အလောင်းပြန်တွေ့

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကောင်ဝှပ်ကျေးရွာ ဒေသခံတစ်ဦး ဖြစ်သည့် ကိုလှဝင်း ၏ ပုတ်ပွနေသည့် ရုပ်အလောင်းကို ယမန်နေ့ (ဒီဇင်ဘာ ၉)ရက်တွင် ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ကိုလှဝင်း ကို စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက်တွင် ၎င်း၏ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့ပြီး၊ တလနီးပါးအကြာ...

မူဆယ် Silent Strike လုပ်သည့် စျေးဆိုင် ဆိုင်တစ်လ ပိတ်ခံရမည်ဟု စည်ပင်ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ယနေ့ ဒီဇင်ဘာ (၁၀)ရက်တွင် ဈေးဆိုင်မဖွင့်သည့် ဈေးသည်များကို ဆိုင်တစ်လ အပိတ်ခံရမည်ဟု မြို့နယ်စည်ပင်က လိုက်လံခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဈေးသည်များ ဈေးရောင်းချခြင်းမရှိပါက ဈေးဥပဒေအရ တစ်လ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လိုက်လံ ဆော်သြ ခြိမ်းခြောက်နေကြောင်း မူဆယ်ဒေသခံက ပြောသည်။ “အကြောင်းတစ်စုံတစ်ရာ...

တောင်ကြီးမြို့ရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတပ်သား ဝင်ရောက်စီးနင်း၊ လူငယ်များ ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီးရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတို့မှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနှင်းခဲ့ပြီး လူငယ် ၂၀နီးပါး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၉) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီး ညောင်ဖြူ စခန်းရပ်ကွက်ရှိ ဆိုင်ခန်းတစ်ခုကို အင်အား ၃၀...

နောင်ချို အငှားမြေငှားရမ်းလုပ်သူ မြေသိမ်းရန် ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာတွင် မြေ ငှားရမ်းစိုက်ပျိုးသူ တချို့ မြေယာသိမ်းရန် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာပိုင်မြေကို ဒေသခံနှင့် သံဃာတော်များက မြေယာ အငှားချပေးခဲ့ရာ ထိုမြေငှားမှ မြေယာပိုင်ဆိုင်ရန် ကြိုးစားနေကြောင်း ဒိုးပင်ကျေးရွာ ဒေသခံနှင့် ဆရာတော်က ပြောဆိုသည်။ “အစက မြေယာမှာ သီးနှံ စိုက်ပျိုးခွင့်...

နမ့်ခမ်း အရပ်သား (၁)ဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်း အနောက်ဘက်တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဆိုင်ကယ် ကယ်ရီသမား (၁)ဦးကို ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၉)ရက် နေ့လည် (၁)နာရီဝန်းကျင်က မြို့လယ်ဘုရားကျောင်း အနောက်ရှိ ပင်လုံထိပ်ထား တည်းခိုခန်းကို ကားတစ်စီးပေါ်မှ သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် (မိုင်းဝီး...

ပင်လုံ – ဟိုပုံး ကားလမ်းသစ်ဘေး ဘိန်းစိုက်ခင်းရှိနေ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ နဲ့ ဟိုပုံးမြို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းအသစ် လမ်းမကြီးဘေးတွင် ဘိန်းစိုက်ခင်းများရှိနေကြောင်း စုံစမ်းသိရသည်။ ဘိန်းစိုက်ခင်းကို လမ်းမကြီး ဘေးတွင် စိုက်ပျိုးထားခြင်းကို တစ်ကြိမ်တစ်ခါမျှ မတွေ့ရှိဖူးကြောင်း၊ ထိုကဲ့သို့ တွင်ကျယ်စွာ စိုက်ပျိုးနေသည့်အပေါ် အံ့ဩမိကြောင်း ၎င်းလမ်းကြောင်းကို သွားခဲ့ဖူးသည့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီး...

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ လစာ မရရှိကြသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများ လစာမရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ အစိုးရဝန်းထမ်းဖြစ်သည် ပညာရေးဝန်ထမ်းများသည် နိုဝင်ဘာလအတွက် လုပ်အားခ လစာ မရရှိသေးကြောင်း သိရသည်။ “ပညာရေးဝန်ထမ်းကတော့ သေချာတယ်။ သူတို့တွေ လစာမရကြသေးဘူး။ နိုဝင်ဘာလက လုပ်အားခ လစာ မရကြသေးတာတဲ့။ အဲလိုပြောကြတယ်။ တခြားဝန်ထမ်းတွေလည်း မရလောက်သေးဘူး။” ဟု ဖယ်ခုံမြို့...

နမ့်စန်အခြေစိုက်လေတပ် ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ဆောင်နေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းသိရသည်။ “ဒီနေ့မှာ ပုဇဉ်း (ရဟတ်ယာဥ်)တွေက ပုံမှန်ထက် တက်လိုက်ဆင်းလိုက် လုပ်နေတော့ လူလာချသလား၊ လူသယ် သွားသလား တစ်ခုခုပဲ၊ ရိက္ခာပို့တာလည်း ဖြစ်နိုင်တယ်လေ၊ ထောက်ပို့လုပ်ငန်းတွေ လုပ်နေတယ်လို့ မြင်တယ်”...

ကွတ်ခိုင်မြို့နယ် အတွင်း တစ်နာရီနီးပါးကြာတဲ့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် ယနေ့ (ဒီဇင်ဘာ ၈)ရက် မနက် ၂ နာရီ ဝန်းကျင်တွင် တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ “ဒီနေ့ပေါ့ မိုးမလင်းသေးတဲ့အချိန် ကျနော်တို့ရွာ ( နမ့်ပါချီးကျေးရွာ)နား ပစ်ခတ်သံတွေကြားရတယ်၊ စစကြားတုန်းက သေနတ်သံတွေပဲ၊ နောက်တော့ လက်နက်ကြီး...

မိုဘိုင်းဒေတာ စျေးနှုန်း ၂ ဆ တိုးမြှင့်ကောက်

မြန်မာနိုင်ငံတွင် မိုဘိုင်းဒေတာ အင်တာနက်ဈေးနှုန်း ယခင်ထက် ၂ ဆ ဈေးကြီးခြင်းသည် စစ်ကောင်စီမှ အင်တာနက်လိုင်းပေါ် သတင်းရှာဖတ်ရာတွင် ခက်ခဲအောင် ပြုလုပ်နေသည်ဟု သျှမ်းပြည်လူထုများက ပြောဆိုလိုက်သည်။ ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှ စပြီး အင်တာနက် မိုဘိုင်းဒေတာများသည် ယခင်ထက် ဈေးပိုကြီးလာပြီး ပြည်သူများတချို့ အင်တာနက်ပေါ်တွင်...

Latest news